Cele News

ပြင်ဦးလွင်မြို့မှာ ရုပ်ရှင်သွားရိုက်ရင်း စေတီထီးတော်တင်ပွဲမှာ အလှူငွေတွေလှူဒါန်းပြီး ကုသိုလ်ယူခဲ့တဲ့ မြင့်မြတ်

ပြင်ဦးလွင်မြို့မှာရုပ်ရှင်သွားရိုက်ရင်းစေတီထီးတော်တင်ပွဲမှာ အလှူငွေတွေလှူဒါန်းပြီးကုသိုလ်ယူခဲ့တဲ့မြင့်မြတ်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသားချောမြင့်မြတ်ကတော့ဘယ်လိုဇာတ်ရုပ်မျိုးမှာမဆိုပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ပြီး အနုပညာအရည်အချင်းပြည့်ဝယုံသာမကအကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားပါသေးတယ်။မြင့်မြတ်ကလက်ရှိမှာအိမ်ထောင်ရှင်ကလေးအဖေတစ်ယောက်ဖြစ်နေပြီဆိုပေမယ့်ပရိသတ်တွေရဲ့အားပေးချစ်ခင်ကိုတော့မလျော့စတမ်းရရှိပိုင်ဆိုင်နေဆဲပဲဖြစ်ပါတယ်။

လက်ရှိမှာတော့မြင့်မြတ်ကဒါရိုက်တာကိုဇော်(အရုဏ်ဦး)ရိုက်ကူးတဲ့ချစ်ပန်းဝါဝါရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ဖို့ပြင်ဦးလွင်မြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့မြင့်မြတ်ကရုပ်ရှင်သွားရိုက်ရင်းသဲပုံစေတီထီးတော်တင်ပွဲလေးမှာပါဝင်ကုသိုလ်ယူခဲ့ကြောင်းအောင်သိဒ္ဓိသဲပုံစေတီထီးတော်တင်ပွဲလေးမှာတစ်ထောင့်တစ်နေရာကနေ(၇)ရက်သားသမီးနဲ့အတူကုသိုလ်ပြုခွင့်ရခဲ့ပါတယ်ခင်ဗျာဆိုပြီးသူ့ရဲ့ ကုသိုလ်လေးကိုမျှဝေပေးထားပါတယ်။

မြင့်မြတ်ကတော့အလှူအတန်းနဲ့ပက်သတ်လာရင်ရောက်လေရာနေရာမှာကုသိုလ်ယူတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့ကုသိုလ်လေးကိုဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ဖတ်ရှုပေးကြတဲပရိသတ်ကြီးအားလုံးသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။


Zawgyi Version

ပြင်ဦးလွင်မြို့မှာ ရုပ်ရှင်သွားရိုက်ရင်း သဲပုံစေတီထီးတော်တင်ပွဲမှာ အလှူငွေတွေလှူဒါန်းပြီး ကုသိုလ်ယူခဲ့တဲ့ မြင့်မြတ်




Credit