Cele News

ရင်ခွင်မဲ့ကလေးငယ်တွေကို ပိုပြီးစောင့်ရှောက်နိုင်အောင် အရင်ကထက်ပိုကြီးမားတဲ့ ဂေဟာကြီးဆောက်လုပ်နေတဲ့ ခိုင်နှင်းဝေ

ရင်ခွင်မဲ့ကလေးငယ်တွေကိုပိုပြီးစောင့်ရှောက်နိုင်အောင်အရင်ကထက်ပိုကြီးမားတဲ့ဂေဟာကြီးဆောက်လုပ်နေတဲ့ခိုင်နှင်းဝေ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးခိုင်နှင်းဝေကတော့အနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့သူတစ်ယောက်ပါ။ခိုင်နှင်းဝေကတော့ခိုင်မိသားစုဂေဟာကိုတည်ထောင်ပြီးအကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်ခံနေရတဲ့မိဘမဲ့ကလေးတွေကိုကူညီစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။

စွန့်ပစ်ခံကလေးငယ်တွေရဲ့ဘဝကိုတတ်နိုင်သလောက်ကယ်တင်နေတဲ့ကလေးတို့မေမေခိုင်နှင်းဝေဟာကလေးတွေကိုပိုပြီးကယ်တင်နိုင်အောင်ဂေဟာအကြီးကြီးဆောက်လုပ်နေခဲ့ပါတယ်။


လက်ရှိကလေးလေးတွေရဲနေရေးထိုင်ရေးလည်းပိုအဆင်ပြေသလိုနောက်ထပ်ရောက်လာမယ့်ကလေးငယ်တွေအတွက်လည်းအတော်လေးအဆင်ပြေမယ့်ဂေဟာကြီးတစ်ခုပါပဲ။ဆောက်လုပ်နေဆဲဖြစ်ပြီးလက်ရှိမှာတော့အပြည့်အဝရုပ်လုံးမပေါ်သေးပါဘူး။

မေမေခိုင်နှင်းဝေရဲ့စေတနာတွေကိုအများကမြင်နေတာမို့ဝိုင်းဝန်းလှူဒါန်းကြတဲ့သဒ္ဓါကြေးတွေကြောင့်လည်းအခုလိုဆောက်လုပ်နိုင်တာဖြစ်ပါတယ်။ဂေဟာဆောက်နေတဲ့ပုံရိပ်တွေကိုကလေးတွေအတွက်အရိပ်လေးတစ်ခုတဖြည်းဖြည်းအကောင်အထည်ပေါ်လာတဲ့အတွက်ကျေနပ်ပီတိလေးဖြစ်ရပါတယ်။

နေရာကျဉ်းလေးထဲမှာနေရတဲ့ကလေးတွေအတွက်ရောနောက်လာမယ့်ခိုကိုးရာမဲ့ကလေးတွေအတွက်ပါနေရာလေးပေးနိုင်တော့မှာမို့ပျော်မိပါတယ်။လှူဒါန်းပေးကြသောအလှူရှင်များအားလုံးကိုလဲသာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ်ကျမအင်အားရှိသမျှအသက်များကိုကယ်တင်ကာပြုစုပျိုးထောင်ရင်းကုသိုလ်ပြုသွားပါမည်ရှင်ဆိုပြီးဝမ်းပန်းတသာနဲ့သူမရဲ့လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။

Credit to Original