Local News

ကိုယ်ခံပညာပေါင်းစုံ အားကစားသမားပါနိုင်ငံရေးသမားတယောက် မဟုတ်ပါဘူးအောင်လအင်ဆန် ပြောဆို

ကိုယ်ခံပညာပေါင်းစုံအားကစားသမားပါနိုင်ငံရေးသမားတယောက်မဟုတ်ပါဘူးအောင်လအင်ဆန်ပြောဆို

တပ်မတော်အာဏာသိမ်းမှုကိုလုံးဝသဘောမတူသော်လည်း၎င်း၏လုပ်နိုင်စွမ်းထက်ပိုသည့် အခြေအနေဖြစ်ကြောင်းMMAချန်ပီယံကစားသမားအောင်လအင်ဆန်က၎င်းအပေါ် ဝေဖန်မှုများထွက်ပေါ်ပြီးနောက်လူမှုကွန်ရက်စာမျက်နှာမှတဆင့်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကျနော်ကမြန်မာနိုင်ငံမှာတပ်မတော်(စစ်တပ်)က အာဏာသိမ်းတာနဲ့ပတ်သက်ပြီးတော့လုံးဝသဘောမတူပါဘူးဟု၎င်းကရေးသားခဲ့သည်။ထို့ပြင်ဒီအခြေအနေအဖြစ်အပျက်တွေကကျနော်တတ်နိုင်တဲ့၊ကျနော်လုပ်နိုင်စွမ်းထက်အများကြီးပိုတဲ့အခြေအနေပါ။ကျနော်ကကိုယ်ခံပညာပေါင်းစုံအားကစားသမားတဦးပဲဖြစ်ပြီးတော့၊နိုင်ငံရေးသမားတယောက်လည်းမဟုတ်ပါဘူး ဟုအောင်လအန်ဆန်ကရေးသားခဲ့သည်။

တပ်မတော်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီးအစိုးရဝန်ထမ်းများ၊နာမည်ကျော်အနုပညာရှင်များအပါအဝင်နယ်ပယ်အသီးသီးမှထင်ရှားသူများကဆန့်ကျင်ကြောင်းဖော်ပြနသော်လည်းမြန်မာနိုင်ငံသားအများအပြား၏အားပေးမှုရရှိထားသည့်အောင်လအင်ဆန်၏နှုတ်ဆိတ်နေမှုအပေါ် ပြည်သူလူကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။

အာဏာသိမ်းယူထားသည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်ကချီးမြှင့်ထားသည့်ငွေကျပ်သိန်း၁၀၀နှင့်ဂုဏ်ပြုဆုများကိုယမန်နှစ်ကလက်ခံထားခြင်းနှင့်ပတ်သက်ပြီးလည်းလူထုကဝေဖန်ပြောဆိုထားကြသည်။သို့သော်အောင်လအင်ဆန်က သဘောထားခံယူချက်မှာမြန်မာနိုင်ငံသားများနှင့်ထပ်တူညီပြီးခံစားချက်ကိုဖော်ပြရန်တွေဝေနေခြင်မဟုတ်ဘဲအခက်အခဲရှိနေခြင်းကို နားလည်ပေးရန်မေတ္တာရပ်ခံထားသည်။

ကျနော်ရဲ့သဘောထားခံယူချက်ကမြန်မာနိုင်ငံသားအားလုံးနဲ့အတူတူပဲဆိုတဲ့ကျနော်ခံစားချက်ကိုဖော်ပြဖို့အတွက်ကျနော်အနေနဲ့ဒွိဟဖြစ်ပြီးတွေဝေနေခဲ့တာလုံးဝမဟုတ်ပါဘူး။ဒါပေမယ့်ကျနော်မှာလည်းကျနော့်အခက်အခဲနဲ့ကျနော်ရှိတယ်ဆိုတာကိုနားလည်ပေးဖို့မေတ္တာရပ်ခံပါတယ်ဟု၎င်းကရေးသားထားသည်။

အားလုံးကစိတ်ပျက်လက်ပျက်ဖြစ်နေပြီး စိတ်ထွက်ပေါက်ပေးဖို့အတွက်လိုအပ်တယ်ဆိုရင်တော့အားလုံးအတွက်ကျနော်အမြဲရှိနေပါတယ်ဟုလည်းရေးသားထားသည်။တွစ်တာတွင်ကမ္ဘာကျာ်အဆိုတော်ရီဟာနားကမြန်မာပြည်သူများအတွက်ဆုတောင်းစကားနှင့်နှိုင်းယှဉ်ပြီးအောင်လအင်ဆန်အပေါ် ပြည်သူအချို့ဝေဖန်မှုနှင့်ပတ်သက်ပြီးအောင်လအင်ဆန်ကတုံ့ပြန်ထားသည့်မှတ်ချက်တစောင်လည်းအွန်လိုင်းပေါ်တွင်ပျံ့နှံ့လျက်ရှိသည်။

အဆိုပါမှတ်ချက်တွင်အောင်လအန်ဆန်ကရီဟားနားကပြောရုံပဲပြောတာ။သူကမြန်မာနိုင်ငံလာပြီးပိုကောင်းတဲ့နေရာတခုဖြစ်အောင်လုပ်ဖို့ ကြိုးစားမှာလည်းမဟုတ်ဘူး။မြန်မာဟာနိုင်ငံတခုဖြစ်နေသမျှတော့စစ်တပ်ဆိုတာရှိမှာပဲစသဖြင့်ရေးသားထားသည်။

ဆက်လက်ပြီးမင်းသာငါနဲ့ငါ့မိသားစုကိုသိမယ်ဆိုရင်ငါတို့ကကျင့်ဝတ်နဲ့အညီစောင့်ထိန်းတဲ့ခရစ်ယာန်ဘာသာဝင်တွေပါ။မင်းတို့စစ်တပ်နဲ့ပတ်သက်ပြီးခံစားရတာတွေငါအခါတရာမကခံစားပြီးပါပြီ။ကျေးဇူးပြုပြီးနားလည်ထားရမှာကဒါတွေကိုငါသာပျောက်ကွယ်သွားအောင်လုပ်ပေးနိုင်ရန်ငါတကယ်လုပ်ပေးမယ်ဟုလည်း ရေးသားထားသည်။အောင်လအန်ဆန်ထိုသို့ရေးသားထားမှုအပေါ် ပြည်တွင်းရှိအဆိုတော်အချို့နှင့်တေးရေးဆရာတချို့ကလည်ဝေဖန်ရှုတ်ချခဲ့ကြကြောင်းတွေ့ရသည်။

Credit