Cele News

ပြည်သူတွေဘက်ကနေ စွမ်းအားရှိသလောက် ကြိုးစားပြီးထပ်မံဝန်းရံပေးတဲ့ ပြည်သူ့အချစ်တော် ပိုင်တံခွန်

ပြည်သူတွေဘက်ကနေစွမ်းအားရှိသလောက်ကြိုးစားပြီးထပ်မံဝန်းရံပေးတဲ့ပြည်သူ့အချစ်တော်ပိုင်တံခွန်

လတ်တလောကမှာဘုန်းကြီးဝတ်ထားတဲ့ပုံတွေကြောင့် နိုင်ငံတကာထိအောင်မြင်မှုတွေရရှိခဲ့တဲ့မင်းသားချောပိုင်တံခွန်ကတော့တောင့်တင်းတဲ့ဘော်ဒီနဲ့ဆွဲဆောင်မှုရှိတာကြောင့် နှာခမ်းနီမလေးတွေအသည်းစွဲအားပေးနေရတာလည်းဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းပိုင်တံခွန်ကပြည်သူတွေဘက်မှာကနေပထမဆုံးရပ်တည်လာခဲ့တဲ့အနုပညာရှင်ပဲဖြစ်တာကြောင့်ပရိသတ်များကလည်းပိုင်တံခွန်ကိုပိုပြီးအားရကျေနပ်မှုတွေရှိခဲ့ရပါတယ်။


စစ်အာဏာရှင်ကိုဆန့်ကျင်ရေးမှာလည်းဝါရင့်အနုပညာရှင်တွေတောင်ပြည်သူတွေဘက်ကနေဝန်းရံဖို့ချိန်ဆနေကြတဲ့အချိန်မှာပိုင်တံခွန်ကတော့သူရဲ့ဖေ့ဘုတ်စာမျက်နှာထက်ကနေဝန်းရံလာခဲ့တာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့လူမှုကွန်ယက်စာမျက်နှာထက်ကနေရေးသားထားခဲ့မှုတွေကြောင့်နိုင်ငံခြားသတင်းတွေထဲမှာတောင်မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေနဲ့အတူပိုင်တံခွန်ရဲ့ဓါတ်ပုံတွေကိုတွဲရက်ဖော်ပြခံခဲ့ရပြီးဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်းမှာလည်းပိုင်တံခွန်​လူမှုကွန်ယက်စာမျက်နှာထက်ကနေCDMမှာပါဝင်ကြဖို့ဝန်ထမ်းတွေကိုလည်းနိုးဆော်ထားပြီးတတ်နိုင်တဲ့ဘက်ကနေဆက်လက်ဝန်းရံနေဆဲဖြစ်ပါတယ်။ဒီနေ့လေးမှာတော့ပိုင်တံခွန်ကတော့ပြည်သူတွေနဲ့အတူလမ်းမပေါ်မှာတိတ်ဆိတ်စွာဆန္ဒပြခဲ့ပုံတွေကိုလည်းလူမှုကွန်ယက်မှာပျံ့နှံ့လာခဲ့ပြီဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့သူမတူအောင်ဝန်းရံလာခဲ့ပုံတွေကြောင့်လည်းပရိသတ်တွေမှာအားအင်တွေနဲ့အတူအချစ်တွေတိုးလာရပြန်ပြီဖြစ်ပါတယ်။


Zawgyi Version

လတ္တေလာကမွာ ဘုန္းႀကီးဝတ္ထားတဲ့ပုံေတြေၾကာင့္ နိုင္ငံတကာထိေအာင္ျမင္မႈေတြရရွိခဲ့တဲ့ မင္းသားေခ်ာပိုင္တံခြန္ကေတာ့ ေတာင့္တင္းတဲ့ေဘာ္ဒီနဲ႕ဆြဲေဆာင္မႈရွိတာေၾကာင့္ ႏွာခမ္းနီမေလးေတြအသည္းစြဲအားေပးေနရတာလည္းျဖစ္ပါတယ္။စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာလည္းပိုင္တံခြန္ကျပည္သူေတြဘက္မွာကေနပထမဆုံးရပ္တည္လာခဲ့တဲ့အႏုပညာရွင္ပဲျဖစ္တာေၾကာင့္ ပရိသတ္မ်ားကလည္းပိုင္တံခြန္ကိုပိုၿပီးအားရေက်နပ္မႈေတြရွိခဲ့ရပါတယ္။

စစ္အာဏာရွင္ကို ဆန႔္က်င္ေရးမွာလည္းဝါရင့္အႏုပညာရွင္ေတြေတာင္ျပည္သူေတြဘက္ကေနဝန္းရံဖို႔ခ်ိန္ဆေနၾကတဲ့အခ်ိန္မွာပိုင္တံခြန္ကေတာ့သူရဲ႕ေဖ့ဘုတ္စာမ်က္ႏွာထက္ကေနဝန္းရံလာခဲ့တာျဖစ္ပါတယ္။ပိုင္တံခြန္ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာထက္ကေနေရးသားထားခဲ့မႈေတြေၾကာင့္နိုင္ငံျခားသတင္းေတြထဲမွာေတာင္ျမန္မာနိုင္ငံရဲ႕လက္ရွိျဖစ္ေနတဲ့အေျခအေနနဲ႕အတူပိုင္တံခြန္ရဲ႕ဓါတ္ပုံေတြကိုတြဲရက္ေဖာ္ျပခံခဲ့ရၿပီးျဖစ္ပါတယ္။

ေန႕စဥ္ေန႕တိုင္းမွာလည္းပိုင္တံခြန္​ လူမႈကြန္ယက္စာမ်က္ႏွာထက္ကေန CDM မွာပါဝင္ၾကဖို႔ ဝန္ထမ္းေတြကိုလည္းနိုးေဆာ္ထားၿပီးတတ္နိုင္တဲ့ဘက္ကေနဆက္လက္ဝန္းရံေနဆဲျဖစ္ပါတယ္။ဒီေန႕ေလးမွာေတာ့ပိုင္တံခြန္ကေတာ့ျပည္သူေတြနဲ႕အတူလမ္းမေပၚမွာတိတ္ဆိတ္စြာဆႏၵျပခဲ့ပုံေတြကိုလည္းလူမႈကြန္ယက္မွာပ်ံ့ႏွံ႕လာခဲ့ၿပီျဖစ္ပါတယ္။

Credit