Cele News

ပြည်သူတွေနဲ့အတူ ငြိမ်းချမ်းစွာပါဝင်လှုပ်ရှားကာ မုန့်တွေရေသန့်တွေ ပေးဝေပြီး အမှိုက်တွေလိုက်သိမ်းရင်း တတ်နိုင်တဲ့ဘက်ကနေကူညီနေတဲ့ နန်းစုရတီစိုး

ပြည်သူတွေနဲ့အတူငြိမ်းချမ်းစွာပါဝင်လှုပ်ရှားကာမုန့်တွေရေသန့်တွေပေးဝေပြီးအမှိုက်တွေလိုက်သိမ်းရင်း တတ်နိုင်တဲ့ဘက်ကနေကူညီနေတဲ့နန်းစုရတီစိုး

ပရိသတ်ချစ်ခင်အားပေးရတဲ့အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့နန်းစုတီစိုးကတော့တရုတ်မလေးလားအထင်မှားလောက်အောင်ကိုချစ်ဖို့ကောင်းသူတစ်ယောက်ပါ။သူမကတော့အချိန်အတော်ကြာအောင် အနုပညာလောကမှာပရိသတ်တွေအခိုင်အမာနဲ့ ရပ်တည်အောင်မြင်နေတာဖြစ်ပြီးယခုအချိန်ထိလည်း သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုဆက်လက်အားပေးနေကြတုန်း ဖြစ်ပါတယ်နော်။


နန်းစုကတော့သရုပ်ဆောင်ရာတွင်ပီပြင်ရုံသာမကအဆိုပိုင်းတွင်လည်းထူးချွန်တာကြောင့်ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုရရှိထားသူလေးဖြစ်ပါတယ်။သူမဟာအနုပညာအလုပ်တွေကိုတန်ဖိုးထားပြီးချစ်ပရိသတ်တွေအတွက်အကောင်းဆုံးတွေကိုချပြပေးလေ့ရှိတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ယခုဆိုရင်လည်းသူချစ်တဲ့ပရိသတ်တွေနဲ့အတူလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှာတစ်ဖက်တစ်လမ်းကနေရဲရင့်စွာပါဝင်လှုပ်ရှားကာပြည်သူတွေကိုလည်းသူမကူညီနိုင်သလောက်ပေးဝေလှူတန်းနေတာလည်းတွေ့ရပါတယ်။

နန်းစုရဲ့လူမူကွန်ယက်စာမျက်နှာထက်တွင်တော့Foods & drinks support for our herosမုန့်တွေရေသန့်တွေဝေအမှိုက်တွေလိုက်သိမ်း တတ်နိုင်သလောက်လေးပါဝင်ကူညီနိုင်ငံအတွက်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသူများအားလုံးဘေးကင်းကျန်းမာကြပါစေ Keep Fighting savemyanmarဆိုတဲ့စာသားလေးတင်ကာသူမရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလာတာဖြစ်ပါတယ်။

Zawgyi version




Credit