Cele News

ပင်ပန်းနေကြတဲ့လူအုပ်ကြီးအတွက် ဗိုက်ဆာမှာစိုးလို့ ကိုယ်တိုင်ချက်ထားတဲ့ထမင်းဘူးတွေကို လိုက်ဝေပေးခဲ့တဲ့စိုးပြည့်တို့မိသားစု

ပင်ပန်းနေကြတဲ့လူအုပ်ကြီးအတွက်ဗိုက်ဆာမှာစိုးလို့ ကိုယ်တိုင်ချက်ထားတဲ့ထမင်းဘူးတွေကိုလိုက်ဝေပေးခဲ့တဲ့စိုးပြည့်တို့မိသားစု

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးစိုးပြည့်သဇင်ကတော့ အနုပညာအရည်အချင်းပြည့်ဝပြီးအကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားတဲ့သူတစ်ယောက်ပါ။စိုးပြည့်ကအနုပညာလောကထဲကို(၁၈)နှစ်အရွယ်လောက်ကတည်းကဝင်ရောက်လာခဲ့တာဖြစ်လို့ သူမကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေလည်းအများအပြားရှိနေပြီဖြစ်ပါတယ်။စိုးပြည့်သဇင်ကအနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ကာသူမသွားသမျှနေရာတိုင်းကိုလည်းဖေဖေနဲ့မေမေကိုခေါ်သွားလေ့ရှိပါတယ်နော်။


အခုဆိုရင်လည်းစိုးပြည့်တို့မိသားစုကတော့
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာလမ်းမပေါ်ထွက်ပြီးတစ်တပ်တစ်အားပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။စိုးပြည့်ရဲ့မေမေနဲ့ဖေဖေကလည်းအသက်ကြီးကြပေမယ့်အနာဂတ်လူငယ်လေးတွေအတွက်တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်နော်။မနေ့ကဆိုရင်လည်းလမ်းမပေါ်ထွက်ပြီးပင်ပင်ပန်းပန်းနဲ့ရင်ဆိုင်နေကြတဲ့လူအုပ်ကြီးအတွက်ဗိုက်ဆာမှာစိုးလို့ထမင်းဘူးတွေကိုလိုက်ဝေပေးခဲ့တာဖြစ်ပါတယ်။

စိုးပြည့်ရဲ့မေမေကတော့ပင်ပန်းနေတဲ့သူတွေထမင်းဆာမှာစိုးလို့တစ်တပ်တစ်အားထမင်းထုပ်လိုက်ဝေပေးနေတာပါကိုယ်တိုင်ချက်ထမင်းထုပ်(၃၀၀)ပင်ပန်းပေမယ့်သူတို့တွေကိုမြင်တော့လည်းအမောပြေပြီတစ်တိုင်းပြည်လုံးနေရာအနှံ့ညီလိုက်ကြတာအုံးအုံးကြွက်ကြွက်ပါပဲအသက်ကြီးပေမယ့်နောင်အနာဂတ်လူငယ်လေးတွေအတွက်ကိုယ်လည်းပါဝင်ချင်တယ်ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။စိုးပြည့်တို့ကလည်းတစ်မိသားစုလုံးလမ်းမပေါ်ထွက်ပြီးတစ်ဖက်တစ်လမ်းကနေကူညီဖေးမပေးနေကြတာဖြစ်လို့သူမတို့ရဲ့ပုံရိပ်တွေကိုပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Zawgyi version




Credit