Cele News

လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ ပြည်သူတွေမထိခိုက်ရအောင် ဒိုင်းတွေနဲ့ရဲရဲရင့်ရင့်ကာပေးနေခဲ့တဲ့ တိုင်ရွန်

လူထုလှုပ်ရှားမှုမှာတက်တက်ကြွကြွပါဝင်နေကြတဲ့ ပြည်သူတွေမထိခိုက်ရအောင်ဒိုင်းတွေနဲ့ရဲရဲရင့်ရင့်ကာပေးနေခဲ့တဲ့ တိုင်ရွန်

တောင့်တင်းတဲ့ဘော်ဒီနဲ့ဆွဲဆောင်မှုရှိတဲ့မင်းသားချောတိုင်ရွှန်ကတော့အနုပညာနယ်ပယ်မှာမြင်အောင်နေရုံသာမကနှာခမ်းနီမလေးတွေလည်းအသည်းစွဲအားပေးမှုရရှိနေတာဘဲဖြစ်ပါတယ်။တိုင်ရွန်ကတော့လူငယ်တစ်ယောက်ပီပီလက်ရှိမှာတော့သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့အနုပညာအလုပ်တွေအားလုံးကို


ရပ်နားထားပြီးမြန်မာ့ဒီမိုကရေစီလွတ်လပ်ရေးအတွက်ပြည်သူလူထုနဲ့အတူတူတစ်သားတည်း ဆန္ဒထုတ်ဖော်နေတာပဲဖြစ်ပါတယ်။တိုင်ရွန်ကတော့ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ညီအစ်ကိုမောင်နှမတွေအတွက်ဖြစ်နိုင်သမျှ အန္တရာယ်တွေကိုကာကွယ်ဖို့ရှေ့တန်းကနေဦးဆောင်ချီတက်နေပုံကိုအခုလိုပဲပြောပြလာပါတယ်။

ကျွန်တော်တို့ဒိုင်းတွေဟာအနည်းဆုံးတော့ရေနဲ့ထိုးတာရာဘာကျည်လောက်တော့ကာကွယ်ပေးနိုင်တာမို့ကျွန်တော်တို့တကယ်ဖြစ်လာချိန်ရသလောက်ကာကွယ်ပေးပါမယ်။လူထုကိုထိန်းပါမယ်လူစုခွဲဖို့လွတ်ရာကိုပြေးဖို့အော်ပြောပေးပါမယ်။အထိနာသက်သာအောင်ရှေ့ကနေရသလောက်ကာကွယ်ပေးပါမယ်။နောက်ထပ်ဒိုင်းတွေထပ်လိုအပ်ပါသေးတယ်။လာရောက်လှူဒါန်းပေးလို့ရပါတယ်။


နောက်ပြီးတူတူပါဝင်ပေးနိုင်မယ့်စိတ်ဓာတ်မာပြီးသတ္တိရှိတဲ့ညီအကိုအမာခံလူတွေလိုအပ်ပါတယ်။မှတ်ချက်ခုခံဖို့မဟုတ်ပါကာကွယ်ဖို့အဓိကပါဆိုပြီးပြောပြလာပါတယ်။

တိုင်ရွန်ကတော့ဆန္ဒပြနေကြတဲ့ညီအစ်ကို မောင်နှမတွေအတွက်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုကာကွယ်ပေးနိုင်ဖို့အတွက်ဒိုင်းတွေနဲ့ ရှေ့တန်းကနေမားမားမတ်မတ်ဦးဆောင်ချီတက်နေတာပဲဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက္ပါတယ်နော်။

Credit