Cele News
CDM လုပ်ကြတဲ့ပြည်သူ့ဝန်ထမ်းတွေကိုလေးစားကြောင်းနှင့် သူမအနေနဲ့လည်းစစ်အာဏာရှင်များနှင့်ဆက်စပ်တဲ့မည်သည့်စီးပွားရေးလုပ်ငန်းကိုမှ ကြော်ငြာမရိုက်ကူးတော့ဘူးဟုဆိုလာတဲ့ဖွေးဖွေး
CDM လုပ်ကြတဲ့ပြည်သူ့ဝန်ထမ်းတွေကိုလေးစားကြောင်းနှင့်သူမအနေနဲ့လည်းစစ်အာဏာရှင်များနှင့်ဆက်စပ်တဲ့မည်သည့်စီးပွားရေးလုပ်ငန်းကိုမှကြော်ငြာမရိုက်ကူးတော့ဘူးဟုဆိုလာတဲ့ဖွေးဖွေး
မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတလက်ဖြစ်တဲ့ဖွေးဖွေးကတော့အနုပညာအရည်အချင်းပြည့်ဝပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုအပြည့်အဝရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။မင်းသမီးချောလေးဖွေးဖွေးကတော့သူမနေနဲ့ CDM မှာအင်တိုက်အားတိုက်ပါဝင်ကူညီနိုင်ခြင်းမရှိလို့စိတ်မကောင်းဖြစ်ရကြောင်းနဲ့သူမတတ်နိုင်တဲ့အနုပညာအလုပ်နဲ့တတ်နိုင်တဲ့ဘက်ကသူမလည်းပါဝင်ကူညီလိုကြောင်းပြောကြားလာကာယနေ့မှာတော့Status လေးတခုတင်ကာပြည်သူ့ဘက်ကအပြည့်အဝရပ်တည်လိုက်တာပါနော်။
Civil Disobedience Movementမှာပါဝင်ပေးနေကြတဲ့ပြည်သူ့ဝန်ထမ်းများအားလုံးကိုတစ်ဦးတစ်ယောက်ချင်းစီလေးစားဂုဏ်ယူအသိမှတ်ပြုပါတယ်။ဖွေးကိုယ်တိုင်ကပြည်သူ့ဝန်ထမ်းမဟုတ်တဲ့အတွက်ပြည်သူ့ဝန်ထမ်းများ CDM ကိုပါဝင်လာအောင်စည်းရုံးခြင်းနှင့် CDMလုပ်ပေးတဲ့ဝန်ထမ်းများအတွက်တတ်အားသမျှလှူတာမှတပါးပိုမိုထိရောက်တဲ့အရာများကိုမလုပ်နိုင်တာစိတ်မကောင်းဖြစ်ရပါတယ်။
ဒါကြောင့်သရုပ်ဆောင်ပြည်သူတစ်ယောက်အနေနဲ့ကိုယ်တတ်နိုင်တဲ့အပိုင်းကနေပါဝင်ပါမယ်။ကျွန်မဖွေးဖွေးသည်ဒီနေ့ဒီအချိန်ဖေဖော်ဝါရီ ၂၀၂၁ မှစ၍စစ်အာဏာရှင်များနှင့်ဆက်စပ်တဲ့မည်သည့်စီးပွားရေးလုပ်ငန်းကိုမှကြော်ငြာပေးခြင်းပြုလုပ်သွားမှာမဟုတ်သလိုစစ်အာဏာရှင်များနှင့်ဆက်စပ်သောထုတ်လုပ်ရေးများနှင့်လည်းမည်သည့်အနုပညာလှုပ်ရှားမှုကိုမှ ပူးပေါင်းလုပ်ဆောင်တော့မည်မဟုတ်ပါ ကြောင်း ။
Zawgyi Version
Credit