Cele News

သူမရဲ့ကျန်းမာရေးကိုတောင်မငဲ့ကွက်ဘဲ ဖျားတဲ့အထိလူထုလှုပ်ရှားမှုတွေပြုလုပ်ကာ တာဝန်ကျေတဲ့အိအိတုံကို လေးစားချီးကျူးလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

သူမရဲ့ကျန်းမာရေးကိုတောင်မငဲ့ကွက်ဘဲဖျားတဲ့အထိလူထုလှုပ်ရှားမှုတွေပြုလုပ်ကာတာဝန်ကျေတဲ့အိအိတုံကိုလေးစားချီးကျူးလိုက်တဲ့နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ကတော့လတ်တလောဖြစ်ပေါ်နေတဲအခြေအနေတွေမှာပြည်သူနဲ့တသားတည်းရှိနေပြီးလူထုလှုပ်ရှားမှုတွေမှာပါဝင်နေသလိုသူငယ်ချင်းဖြစ်သူအိအိတုံရဲ့လေးစားစရာစိတ်ထားလေးကိုလည်းချီးကျူးပြောပြလာပါတယ်နော်။

ကလေးမွေးထားတာမကြာသေးပေမယ့်(၂)လကျော်အရွယ်သမီးလေးကိုအိမ်မှာနို့ဗူးနဲ့ထားခဲ့ပြီးတနေ့လုံးနို့တွေတင်းကာဖျားတဲ့အထိရဲရဲရင့်ရင့်နဲ့လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့အိအိတုံရဲ့စိတ်ထားကိုလေးစားမိတဲ့အကြောင်းလေးတွေပြောပြထားတာပါ။

ကျွန်မနဲ့သူကမတည့်အတူနေဒါပေမယ့်သူ့စိတ်ကိုကျွန်မမလေးစားပဲမနေနိုင်ဘူးကလေးမွေးထားတာ၂လကျော်လေးကိုအိမ်မှာနို့ဗူးနဲ့ထားခဲ့ပြီးကျွန်မတို့နဲ့တူတူနိုင်တဲ့အားနဲ့မှန်တဲ့ဘက်ကထွက်ရပ်တယ်တနေ့လုံးနို့တွေတင်းပြီးအိမ်ပြန်ရောက်တော့ဖျားတယ်။

တခြားသူတွေလိုတချိန်လုံးငြိမ်ကုတ်ပီးလူမုန်းမှာကြောက်လို့မနေ့တနေ့ကမှအရိပ်အယောင်လာပြသူတွေခုထိအမှန်တရားဘက်ကထွက်မရပ်ပေးနိုင်သူတွေထက်တော့လိပ်ပြာလုံတယ်သူငယ်ချင်းရေနင့်သမီးလေးနှစ်ယောက်အတွက် နင်တာဝန်ကျေတယ်ပြည်သူတစ်ယောက်အနေနဲ့လည်းတာဝန်ကျေတယ်နင်နို့အရမ်းတင်းလာရင်တော့ကြိတ်ခံမနေနဲ့ဘေးမှာလူတွေအများကြီးရှိတယ်နော်ကိုဘင်းတို့ကိုဇော်တို့ကတာဝန်ယူမယ်တဲ့ဆိုပြီးရေးသားပြောပြထားတာပါ။

သမီးလေးတွေရဲ့အနာဂတ်အတွက်အတွက်မိခင်တစ်ယောက်ရဲ့တာဝန်ကျေမှုတွေအပြင်ပြည်သူတစ်ယောက်အနေနဲ့လည်းတာဝန်ကျေလွန်းတဲ့သူငယ်ချင်းဖြစ်သူအိတုံအတွက်နှိုင်းယှဉ်ကဂုဏ်ယူမဆုံးဖြစ်နေတာပဲဖြစ်ပါတယ်နော်။

ယုံကြည်ရာပန်းတိုင်အတွက်ရဲရင့်ပြတ်သားစွာရပ်တည်နေတဲ့သူငယ်ချင်းအိအိတုံရဲ့တာဝန်ကျေမှုလေးတွေကိုဂုဏ်ယူစွာပြောပြထားတဲ့အဲ့ဒီ့ပို့စ်အောက်မှာပရိသတ်တွေကလည်းနှိုင်းယှဉ်တို့သူငယ်ချင်းနှစ်ယောက်လုံးကို အားပေးစကားလေးတွေပြောထားကြတာတွေ့ရပါတယ်။

Zawgyi Version

ကြၽန္မနဲ႕သူကမတည့္အတူေနဒါေပမယ့္သူ႕စိတ္ကိုကြၽန္မမေလးစားပဲမေနနိုင္ဘူးကေလးေမြးထားတာ၂လေက်ာ္ေလးကိုအိမ္မွာနို႔ဗူးနဲ႕ထားခဲ့ၿပီးကြၽန္မတို႔နဲ႕တူတူနိုင္တဲ့အားနဲ႕မွန္တဲ့ဘက္ကထြက္ရပ္တယ္တေန႕လုံးနို႔ေတြတင္းၿပီးအိမ္ျပန္ေရာက္ေတာ့ဖ်ားတယ္။

တျခားသူေတြလိုတခ်ိန္လုံးၿငိမ္ကုတ္ပီးလူမုန္းမွာေၾကာက္လို႔မေန႕တေန႕ကမွအရိပ္အေယာင္လာျပသူေတြခုထိအမွန္တရားဘက္ကထြက္မရပ္ေပးနိုင္သူေတြထက္ေတာ့လိပ္ျပာလုံတယ္သူငယ္ခ်င္းေရနင့္သမီးေလးႏွစ္ေယာက္အတြက္ နင္တာဝန္ေက်တယ္ျပည္သူတစ္ေယာက္အေနနဲ႕လည္းတာဝန္ေက်တယ္နင္နို႔အရမ္းတင္းလာရင္ေတာ့ႀကိတ္ခံမေနနဲ႕ေဘးမွာလူေတြအမ်ားႀကီးရွိတယ္ေနာ္ကိုဘင္းတို႔ကိုေဇာ္တို႔ကတာဝန္ယူမယ္တဲ့ဆိုၿပီးေရးသားေျပာျပထားတာပါ။

Credit