Cele News

အန္တရာယ်ရှိနေတဲ့ကြားထဲကနေ လမ်းပေါ်ကိုရအောင်ထွက်လာပြီး ပြည်သူတွေရဲ့အရှေ့မှာ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့တဲ့ ပိုင်တံခွန်

အန္တရာယ်ရှိနေတဲ့ကြားထဲကနေလမ်းပေါ်ကိုရအောင်ထွက်လာပြီးပြည်သူတွေရဲ့အရှေ့မှာမားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့တဲ့ပိုင်တံခွန်

အမိုက်စားဘော်ဒီနဲ့နိုင်ငံတကာထိအောင်မြင်နေတဲ့မင်းသားချောပိုင်တံခွန်ကတော့ပြည်သူလူထုကိုသူတတ်နိုင်တဲ့ဘက်ကနေကာကွယ်ပေးနေတာကြောင့်ပရိသတ်တွေကသူ့ကိုချီးကျူးနေရတာဖြစ်ပါတယ်။အစကတည်းကပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့ပိုင်တံခွန်ကလူထုလှုပ်ရှားမှုတွေကိုတက်တက်ကြွကြွလုပ်ဆောင်နေတာဖြစ်ပါတယ်။


ကိုယ့်နိုင်ငံရဲ့အကျိုးအတွက်တတ်စွမ်းသလောက်ပါဝင်အားဖြည့်ပေးနေတဲ့ပိုင်တံခွန်ကတော့တရုတ်နိုင်ငံရဲ့သတင်းစာတစ်ခုမှာပါရေးသားဖော်ပြခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ပိုင်တံခွန်ကသူ့ရဲ့ရင်တွင်းဆန္ဒတွေကိုဖော်ပြတောင်းဆိုသလိုလမ်းပေါ်ထွက်ပြီးပြည်သူတွေကိုကာကွယ်ပေးနေတာလည်းဖြစ်ပါတယ်။မနေ့ကဆိုရင်လည်းပိုင်တံခွန်ကအကာအကွယ်ပစ္စည်းတွေစုံစုံလင်လင်ဝတ်ဆင်ပြီးပြည်သူတွေရဲ့အရှေ့ကနေမားမား မတ်မတ်ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ပိုင်တံခွန်ကကျွန်တော်တို့ရဲ့မိဘတောင်ကျွန်တော်တို့ကိုလွတ်လပ်ခွင့်ပေးထားတာမိဘမဟုတ်တဲ့မည်သူ့ရဲ့ချုပ်ခြယ်မှုမှမခံပါဆိုပြီးမနေ့ကသူ့ရဲ့လှုပ်ရှားမှုပုံရိပ်တွေကိုလူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်မျှဝေပေးထားတာဖြစ်ပါတယ်။ပိုင်တံခွန်ကတော့အန္တရာယ်တွေရှိနေတဲ့ကြားထဲကနေလမ်းပေါ်ကိုရအောင်ထွက်လာပြီးလူထုနဲ့အတူစည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ကဲချစ်ပရိသတ်တွေအတွက်မင်းသားချောပိုင်တံခွန်ရဲ့ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။


Zawgyi Version




Credit