Cele News

ပြည်သူတွေရဲ့ရှေ့ကနေ ဒိုင်းတွေနဲ့ မမောနိုင်မပန်းနိုင်ကာကွယ်ပေးရင်း ဘယ်သူမှလာမကူညီလည်း တို့ပြည်သူတွေရှိတယ်လို့ ဆိုလိုက်တဲ့တိုင်ရွန်

ပြည်သူတွေရဲ့ရှေ့ကနေဒိုင်းတွေနဲ့မမောနိုင်မပန်းနိုင်ကာကွယ်ပေးရင်းဘယ်သူမှလာမကူညီလည်းတို့ပြည်သူတွေရှိတယ်လို့ဆိုလိုက်တဲ့တိုင်ရွန်

နှာခမ်းနီမလေးတွေအသည်းစွဲအားပေးကြတဲ့မင်းသားချောပိုင်တံခွန်ကတော့အနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာစိတ်အားထက်သန်မှုအပြည့်နဲ့ပါဝင်လျက်ရှိနေတဲ့တိုင်ရွန်ကတော့အမှန်တရားဘက်ကနေပြည်သူတွေနဲ့အတူရပ်တည်လျက်ရှိနေတဲ့ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။


တိုင်ရွန်ကတော့မနေ့ကလူထုလှုပ်ရှားမှုမှာအသက်ပေးခဲ့ရသူတွေအတွက်လည်းစိတ်မကောင်းဖြစ်မိကြောင်းလူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါသေးတယ်။တိုင်ရွန်ကတော့ယခုမှာလူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ပြည်သူတွေများစွာရဲ့ရှေ့ကနေဒိုင်းတွေနဲ့မမောနိုင်မပန်းနိုင်ကာကွယ်ပေးနေခဲ့ပါတယ်။သူကတော့ပြည်သူတွေထိခိုက်မှုနည်းအောင်ခင်မင်ရတဲ့သူငယ်ချင်းတွေနဲ့အတူနေ့စဥ်ရက်ဆက်ကာကွယ်ပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။

တိုင်ရွန်ကတော့ဘယ်သူမှလာမကူညီလည်းတို့ပြည်သူတွေရှိတယ်နောက်ဆုံးထိရသလိုမီးစင်ကြည့်ကရမှာဘဲGen Yဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ပြည်သူတွေကိုတတ်နိုင်သလောက်ကာကွယ်ပေးနေတဲ့တိုင်ရွန်ရဲ့ပုံရိပ်လေးတွေကိုချစ်ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။


Zawgyi Version



Credit