Cele News

ပဲခူးမြို့မှာကျဆုံးသွားတဲ့ အသက်(၁၇)နှစ်အရွယ်သူရဲကောင်းလေးရဲ့စျာပနခရီးကို ပြည်သူတွေနဲ့အတူ ပို့ဆောင်ပေးနေတဲ့ ထွန်းကိုကိုရဲ့ဗီဒီယို

ပဲခူးမြို့မှာကျဆုံးသွားတဲ့အသက်(၁၇)နှစ်အရွယ်သူရဲကောင်းလေးရဲ့စျာပနခရီးကိုပြည်သူတွေနဲ့အတူ ပို့ဆောင်ပေးနေတဲ့ ထွန်းကိုကိုရဲ့ဗီဒီယို

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ထွန်းကိုကိုကတော့ အနုပညာအလုပ်တွေသာမကပရဟိတအလုပ်တွေလည်း စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ကိုင်နေသူတစ်ယောက်ပါ။ဦးကျော်သူရဲ့နာရေးကူညီမှုအသင်း(ရန်ကုန်)မှာတာဝန်ထမ်းဆောင်နေတဲ့ထွန်းကိုကိုကလက်ရှိမှာတော့ပြည်သူတွေကိုကူညီပေးနေတာဖြစ်ပါတယ်။ထွန်းကိုကိုကအလုပ်တွေမအားလပ်တဲ့ကြားကနေပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်သလိုစားစရာနဲ့အချိုရည်တွေကိုလည်းလှူဒါန်းနေတာဖြစ်ပါတယ်။


လတ်တလောမှာတော့ထွန်းကိုကိုကကျဆုံးသွားတဲ့အာဇာနည်သူရဲကောင်းလေးတွေရဲ့နာရေးကိစ္စတွေကိုစီစဥ်ဆောင်ရွက်ပေးနေရတာဖြစ်ပါတယ်။ဒီနေ့မှာလည်းထွန်းကိုကိုကပဲခူးမြို့မှာအသက်ပေးလိုက်ရတဲ့အသက်(၁၇)နှစ်အရွယ်ညီလေး စည်သူစိုး(ခ)ကိုစိုးရဲ့နောက်ဆုံးခရီးကိုပို့ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်။ပဲခူးသားစစ်စစ်တစ်ယောက်ဖြစ်တဲ့ထွန်းကိုကိုကနိဗ္ဗာန်ယာဥ်ကားကို သူကိုယ်တိုင်မောင်းပြီးပြည်သူလူထုနဲ့အတူ လိုက်ပါဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ညီလေးစည်သူစိုး(ခ)ကိုစိုးအပြင်ကြည်လှိုင်မင်း(ခ)ခေါင်းကြီးအသက်(၁၈)နှစ်ကလည်း ဖေဖော်ဝါရီလ(၂၈)ရက်နေ့လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားတဲ့လူငယ်လေးတစ်ဦးပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာသူရဲကောင်းလူငယ်လေးနှစ်ဦးရဲ့စျာပနခရီးကိုပဲခူးမြို့နေပြည်သူလူထုကအတူတကွလိုက်ပါပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ကဲထွန်းကိုကိုကိုယ်တိုင်စီစဥ်ဆောင်ရွက်ပေးခဲ့တဲ့ပဲခူးမြို့ကသူရဲကောင်းလူငယ်လေးရဲ့စျာပနခရီးမြင်ကွင်းဗီဒီယိုလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Zawgyi Version

သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ထြန္းကိုကိုကေတာ့ အႏုပညာအလုပ္ေတြသာမက ပရဟိတအလုပ္ေတြလည္း စိတ္ေရာကိုယ္ပါႏွစ္ၿပီးလုပ္ကိုင္ေနသူတစ္ေယာက္ပါ။ဦးေက်ာ္သူရဲ႕ နာေရးကူညီမႈအသင္း(ရန္ကုန္)မွာတာဝန္ထမ္းေဆာင္ေနတဲ့ထြန္းကိုကိုကလက္ရွိမွာေတာ့ျပည္သူေတြကိုကူညီေပးေနတာျဖစ္ပါတယ္။ထြန္းကိုကိုကအလုပ္ေတြမအားလပ္တဲ့ၾကားကေန ျပည္သူေတြနဲ႕အတူ လူထုလႈပ္ရွားမႈျပဳလုပ္သလို စားစရာနဲ႕အခ်ိဳရည္ေတြကိုလည္းလႉဒါန္းေနတာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ထြန္းကိုကိုကက်ဆဳံးသြားတဲ့အာဇာနည္သူရဲေကာင္းေလးေတြရဲ႕နာေရးကိစၥေတြကိုစီစဥ္ေဆာင္႐ြက္ေပးေနရတာျဖစ္ပါတယ္ ။ဒီေန႕မွာလည္းထြန္းကိုကိုကပဲခူးၿမိဳ႕မွာအသက္ေပးလိုက္ရတဲ့အသက္(၁၇)ႏွစ္အ႐ြယ္ညီေလး စည္သူစိုး(ခ)ကိုစိုးရဲ႕ေနာက္ဆုံးခရီးကိုပို႔ေဆာင္ေပးခဲ့ရတာျဖစ္ပါတယ္။ပဲခူးသားစစ္စစ္တစ္ေယာက္ျဖစ္တဲ့ထြန္းကိုကိုကနိဗၺာန္ယာဥ္ကားကို သူကိုယ္တိုင္ေမာင္းၿပီးျပည္သူလူထုနဲ႕အတူ လိုက္ပါေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္။

ညီေလးစည္သူစိုး(ခ)ကိုစိုးအျပင္ၾကည္လွိုင္မင္း(ခ)ေခါင္းႀကီးအသက္(၁၈)ႏွစ္ကလည္း ေဖေဖာ္ဝါရီလ(၂၈)ရက္ေန႕လူထုလႈပ္ရွားမႈမွာ က်ဆဳံးသြားတဲ့လူငယ္ေလးတစ္ဦးပဲျဖစ္ပါတယ္ ။ဒါေၾကာင့္ဒီေန႕မွာသူရဲေကာင္းလူငယ္ေလးႏွစ္ဦးရဲ႕စ်ာပနခရီးကိုပဲခူးၿမိဳ႕ေနျပည္သူလူထုက အတူတကြလိုက္ပါပို႔ေဆာင္ေပးခဲ့ၾကတာျဖစ္ပါတယ္။ကဲထြန္းကိုကိုကိုယ္တိုင္စီစဥ္ေဆာင္႐ြက္ေပးခဲ့တဲ့ ပဲခူးၿမိဳ႕ကသူရဲေကာင္းလူငယ္ေလးရဲ႕စ်ာပနခရီးျမင္ကြင္းဗီဒီယိုေလးေတြကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Credit