Cele News

ပိုက်ဆံ၁၀သိန်းလှူဒါန်းရင်း ကြွေလွင့်ခဲ့ရတဲ့ သူရဲကောင်းကိုဟိန်းထွဋ်အောင်ရဲ့ မိခင်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ချယ်ရီသင်း

ပိုက်ဆံ၁၀သိန်းလှူဒါန်းရင်းကြွေလွင့်ခဲ့ရတဲ့သူရဲကောင်းကိုဟိန်းထွဋ်အောင်ရဲ့မိခင်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေတဲ့ချယ်ရီသင်း

ပရိသတ်တွေရဲ့အားပေးလက်ခံမှုအပြည့်အဝရရှိထားတဲ့အဆိုတော်ချယ်ရ်သင်းကတော့လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာပြည်သူတွေနဲအတူရပ်တည်ပေးနေတာလည်းဖြစ်ပါတယ်။မြန်မာပြည်သူတွေကတော့လူထုလှုပ်ရှားမှုတွေမှာစိတ်ခွန်အားအပြည့်နဲ့ပါဝင်ကြရင်းထိခိုက်ဒဏ်ရာရသူတွေလည်းများစွာရှိသလိုအသက်ပေးခဲ့ရသူတွေလည်းရှိနေခဲ့ပါတယ်။ချယ်ရီသင်းကတော့ပြည်တွင်းပြည်ပကအလှူရှင်တွေနဲ့စုပေါင်းပြီးလူထုလှုပ်ရှားမှုမှာကျဆုံးခဲ့တဲ့သူရဲကောင်းတွေရဲ့မိသားစုတွေထံအလှူငွေတွေကိုယ်တိုင်လိုက်ပေးနေခဲ့ပါတယ်။


ချယ်ရီသင်းကတော့ကူငွေအဖြစ်ပိုက်ဆံ၁၀သိန်းလှူဒါန်းရင်းကြွေလွင့်ခဲ့ရတဲ့သူရဲကောင်းကိုဟိန်းထွဋ်အောင်ရဲ့မိခင်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ချယ်ရီသင်းကတော့အခုထပ်ပြီးကိုဟိန်းထွဋ်အောင်မိသားစုအတွက်ပြည်တွင်းပြည်ပမှာရှိကြတဲ့သူတွေရဲ့စုပေါင်းအလှူငွေတွေထဲကနေ(၁၀)သိန်းကျပ်ကိုအားလုံးကိုယ်စားကူညီခဲ့ပါတယ်ဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့ပါတယ်။

ချယ်ရီသင်းကတော့ကူညီချင်ရင်လိပ်စာတောင်ဒဂုံ ၇၁ကနောင်မင်းကြီး(၁)လမ်းအမှတ်၂၄၈၆(က)ဖုန်းနံပါတ် 09426119921ကိုဆက်ပြီးလည်းတိုက်ရိုက်သွားကူညီလို့လည်းရပါတယ်အားလုံးရဲ့စုပေါင်းအားပါမောင်လေးရေကောင်းရာသုကတိလားပါစေကွယ်ဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာသွားလှူခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူရေးသားထားခဲ့ပါတယ်။မြန်မာနိုင်ငံတစ်ဝှမ်းရှိတဲ့ပြည်သူတွေအပြင်လူထုလှုပ်ရှားမှုပြုလုပ်နေသူတွေပါဘေးရန်ကင်းရှင်းကြပါစေကြောင်းဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်။


Zawgyi Version




Credit