Cele News Local News

နိုင်ထက်စီးနင်းလုပ်သမျှကို လည်စင်းခံနေရတဲ့ ပြည်သူတွေကိုကြည့်ပြီး ရင်ထဲမချိအောင်အံကြိတ်မျက်ရည်ကျကာ နာနာကျည်းကျည်းပြောပြလာတဲ့ ကျော်ထက်ဇော်

ရင်ထဲမချိအောင်အံကြိတ်မျက်ရည်ကျကာနာနာကျည်းကျည်းပြောပြလာတဲ့ကျော်ထက်ဇော်

ပြည်သူတွေထဲကပြည်သူတွေကတော့တော်လှန်ရေးတိုက်ပွဲကြီးမှာအသက်ပေးစွန့်လွှတ်သွားကြတဲ့သူရဲကောင်းအာဇာနည်တွေအတွက်ရင်ထဲမချိအောင်ဝမ်းနည်းကြေကွဲနေကြရပြီးသရုပ်ဆောင်မင်းသားချောကျော်ထက်ဇော်ကလည်းသူ့ရံခံစားချက်လေးတွေကိုပြောပြလာပါတယ်။


ပြီးခဲ့တဲ့ရက်တွေကတည်းကအကြမ်း ဖက်ဖြိုခွဲမှုတွေကြောင့်သေဆုံးမှုတွေရှိနေခဲ့ကာဒီကနေ့မတ်လ၃ရက်နေ့တစ်ရက်တည်းမှာတင်ကျဆုံးသွားကြတဲ့ပြည်သူတွေ(၉)ဦးအထိရှိခဲ့တဲ့အတွက်ယူကြုံးမရဝမ်းနည်းနေခဲ့ရတာပါ။

ရင်တွေကွဲရတဲ့မတ်လ၃ရက်နေ့ပါဗျာဒီနေ့တရက်ထဲကိုနိုင်ငံနဲ့အဝှမ်း၉ဦးကျဆုံးသွားပါတယ်ကျွန်တော်တို့အားလုံးဟာလက်နက်မဲ့ပြည်သူတွေပါဒုတ်ဓါးလောက် လေးခွတောင်မပါတဲ့ပြည်သူတွေကိုလူစုခွဲဖို့ရာခုလိုကျည်အစစ်သုံးရက်သလားဗျာ

ရင်ထဲမှာမချိအောင်နာရပါတယ်အံကြိတ်ပြီးမျက်ရည်တွေလည်းကျရပါတယ်။လက်နက်ကိုင်တွေပြုသမျှခေါင်းငုံ့ခံရတဲ့အပ်တိုတချောင်းတောင်မရှိတဲ့ငါတို့လက်နက်မဲ့ပြည်သူတွေဘဝနိုင်ထက်စီးနင်းလုပ်သမျှမကျေနပ်ချက်တွေက်ိုနာနာကျည်းကျည်းတောက်ခေါက်ယုံကလွဲလည်စင်းခံနေရတဲ့ငါတို့ပြည်သူတွေဘဝ။

ကိုယ့်အိမ်နံရံကျည်ဆံဘယ်အချိန်လာမှန်မလဲစိုးရိမ်နေရတဲ့ငါတို့ပြည်သူတွေဘဝဘယ်အချိန်ဘယ်မှာမီးလောင်မလဲအိမ်ခဲနဲ့ထုခံရမလဲကိုယ့်ပစ္စည်းအဖျက်စီးခံရမလဲတွေးပူနေရတဲ့ငါတို့ပြည်သူတွေဘဝဒီအချိန်တွေအမြန်ဆုံးလွန်မြောက်ပီးဓမ္မရဲအောင်ပွဲအချိန်အမြန်ဆုံးရောက်ပါရစေ။

Credit