Cele News

ရရှိထားတဲ့ အလှူငွေသိန်း(100)ကျော်ကို ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေထံ လိုက်လံလှူဒါန်းပေးနေခဲ့တဲ့ ခင်ဝင့်ဝါတို့သူငယ်ချင်းတစ်စု

ရရှိထားတဲ့အလှူငွေသိန်း(100)ကျော်ကိုကြွေလွင့်သွားခဲ့ရတဲ့သူရဲကောင်းတွေရဲ့မိသားစုတွေထံလိုက်လံလှူဒါန်းပေးနေခဲ့တဲ့ခင်ဝင့်ဝါတို့သူငယ်ချင်းတစ်စု

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးခင်ဝင့်ဝါကတော့လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာပြည်သူတွေနဲ့တသားတည်းရပ်တည်နေပြီးတတ်တတ်ကြွကြွပါဝင်ပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာလည်းမြန်မာပြည်သူတွေနဲ့အတူရဲရဲဝင့်ဝင့်ပါဝင်လျက်ရှိနေတဲ့ခင်ဝင့်ဝါကတော့အမှန်တရားဘက်ကနေရပ်တည်ပေးရင်းကျဆုံးသွားခဲ့ရတဲ့သူရဲကောင်းတွေအတွက်စိတ်မကောင်းဖြစ်ဝမ်းနည်းနေခဲ့ပါတယ်။


ခင်ဝင့်ဝါတို့သူငယ်ချင်းတစ်ခုကတော့ယခုမှာ ကောက်ခံရရှိထားတဲ့အလှူငွေ10,040,000ကျပ်ကိုနိုင်ငံအတွက်အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေရဲ့မိသားစုတွေထံလိုက်လံလှူဒါန်းနေခဲ့ပါတယ်။ပြည်သူတွေဘက်ကနေရပ်တည်လျက်ရှိနေတဲ့ခင်ဝင့်ဝါကတော့ကျွန်မတို့သူငယ်ချင်းမိတ်ဆွေတွေစုပေါင်းပြီးတော်လှန်ရေးမှာကျဆုံးခဲ့တဲ့ပြည်သူတွေအတွက်အလှူငွေကောက်ခံခဲ့တာစုစုပေါင်း 10,040,000ကျပ်ရရှိခဲ့ပါတယ်ဆိုပြီးလူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ်။

ခင်ဝင့်ဝါကတော့ဒီနေ့ရွှေပြည်သာမှမောင်လေးညီညီအောင်ထက်နိုင်ရဲ့နာရေးအတွက်၁၆သိန်းနဲ့လှိုင်သာယာကဆရာမဒေါ်တင်နွဲ့ရီရဲ့နာရေးအတွက် ၁၆ သိန်းကိုကိုယ်တိုင်သွားရောက်ပေးအပ်ခဲ့ပါတယ်နောက်ရက်တွေမှာလည်းလိုအပ်သည့်နေရာများကိုဆက်သွယ်ကူညီသွားပါမည်ပါဝင်ကုသိုလ်ယူကြသောသူငယ်ချင်းမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့ပါတယ်။ယနေ့မှာလူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ပြည်သူ ပြည်သားတွေအားလုံးဘေးရန်အသွယ်သွယ်မှကင်းဝေးကြပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်။


Zawgyi version

လူထုလႈပ္ရွားမႈေတြမွာလည္းျမန္မာျပည္သူေတြနဲ႕အတူ ရဲရဲဝင့္ဝင့္ပါဝင္လ်က္ရွိေနတဲ့ခင္ဝင့္ဝါကေတာ့ အမွန္တရားဘက္ကေနရပ္တည္ေပးရင္းက်ဆဳံးသြားခဲ့ရတဲ့သူရဲေကာင္းေတြအတြက္စိတ္မေကာင္းျဖစ္ဝမ္းနည္းေနခဲ့ပါတယ္။

ခင္ဝင့္ဝါတို႔သူငယ္ခ်င္းတစ္ခုကေတာ့ယခုမွာ ေကာက္ခံရရွိထားတဲ့အလႉေငြ10,040,000 က်ပ္ကိုနိုင္ငံအတြက္အသက္ေပးသြားခဲ့ရတဲ့ သူရဲေကာင္းေတြရဲ႕မိသားစုေတြထံလိုက္လံလႉဒါန္းေနခဲ့ပါတယ္။ျပည္သူေတြဘက္ကေန ရပ္တည္လ်က္ရွိေနတဲ့ခင္ဝင့္ဝါကေတာ့ကြၽန္မတို႔သူငယ္ခ်င္းမိတ္ေဆြေတြစုေပါင္းၿပီး ေတာ္လွန္ေရးမွာက်ဆဳံးခဲ့တဲ့ျပည္သူေတြအတြက္အလႉေငြေကာက္ခံခဲ့တာစုစုေပါင္း 10,040,000 က်ပ္ ရရွိခဲ့ပါတယ္ဆိုၿပီးလူမႈကြန္ယက္ထက္မွာ ေရးသားထားခဲ့ပါတယ္။

ခင္ဝင့္ဝါကေတာ့ဒီေန႕ေ႐ႊျပည္သာမွေမာင္ေလး ညီညီေအာင္ထက္နိုင္ရဲ႕နာေရးအတြက္၁၆ သိန္း နဲ႕လွိုင္သာယာကဆရာမေဒၚတင္ႏြဲ႕ရီရဲ႕နာေရးအတြက္ ၁၆ သိန္းကိုကိုယ္တိုင္သြားေရာက္ေပးအပ္ခဲ့ပါတယ္ေနာက္ရက္ေတြမွာလည္း လိုအပ္သည့္ေနရာမ်ားကိုဆက္သြယ္ကူညီသြားပါမည္ပါဝင္ကုသိုလ္ယူၾကေသာသူငယ္ခ်င္းမိတ္ေဆြမ်ားအားလုံးကိုေက်းဇူးတင္ပါတယ္ဆိုၿပီးလူမႈကြန္ယက္စာမ်က္ႏွာထက္မွာေရးသားထားခဲ့ပါတယ္။

Credit