Cele News

ကိုယ့်နိုင်ငံမှာဖြစ်နေတာတွေကို ကမ္ဘာကသိအောင် အင်္ဂလိပ်စကားနဲ့ပြောပြခဲ့တာကြောင့် ထိုင်းမီဒီယာမှာပါဖော်ပြခြင်းခံရတဲ့ ပက်ထရစ်ရှာနဲ့မြတ်နိုးအေး

ကိုယ့်နိုင်ငံမှာဖြစ်နေတာတွေကိုကမ္ဘာကသိအောင် အင်္ဂလိပ်စကားနဲ့ပြောပြခဲ့တာကြောင့်ထိုင်းမီဒီယာမှာပါဖော်ပြခြင်းခံရတဲ့ပက်ထရစ်ရှာနဲ့မြတ်နိုးအေး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးပက်ထရစ်ရှာနဲ့မြတ်နိုးအေးတို့နှစ်ယောက်ကတော့လူထုလှုပ်ရှားမှုတွေမှာတက်တက်ကြွကြွပါဝင်နေကြတာပဲဖြစ်ပါတယ်။သူမတို့နှစ်ယောက်လုံးကပြည်သူတွေနဲ့အတူလမ်းပေါ်ထွက်ပြီးငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြသလိုလူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့်ကူညီပေးနေတာလည်းဖြစ်ပါတယ်။အထူးသဖြင့်ပက်ထရစ်ရှာတို့နှစ်ယောက်ကကိုယ့်နိုင်ငံအတွင်းမှာဖြစ်နေတဲ့ကိစ္စတွေကိုကမ္ဘာကသိအောင်ပြောပြခဲ့ကြတာဖြစ်ပါတယ်။

ပက်ထရစ်ရှာနဲ့မြတ်နိုးအေးတို့ကအင်္ဂလိပ်စကားနဲ့သေသေချာချာပြောပြပြီးရိုက်ကူးထားတဲ့ဗီဒီယိုတွေကို YouTube Instagram နဲ့ Twitterစတဲ့ Social Media တွေမှာတင်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့သူမတို့ရဲ့ဗီဒီယိုတွေကလူကြည့်များပြီးထိုင်းနိုင်ငံရဲ့မီဒီယာတစ်ခုမှာပါ ဖော်ပြခြင်းခံလိုက်ရတာဖြစ်ပါတယ်။ဒါကြောင့် ပက်ထရစ်ရှာကတစ်ခြားcelebritiesတွေလည်းspeak upလုပ်ကြပါပြည်ပနိုင်ငံတွေရဲ့သတင်းမီဒီယာတွေမှာဖော်ပြခံရတဲ့အခါကိုယ့်နိုင်ငံအရေးအတွက်အထောက်အကူပြုပါတယ်ဆိုပြီးပြောထားတာဖြစ်ပါတယ်။

မြတ်နိုးအေးကလည်းကိုယ့်နိုင်ငံမှာခံနေရတဲ့မတရားခံရမှုအတွက်နိုင်ငံတကာကိုပြောပြချင်တယ်ဘယ်လိုပြောရင်အထိရောက်ဆုံးဖြစ်မယ်တွေဘာတွေမသိပါဘူး။ပြောချင်ခဲ့တာပဲသိတယ်။အဲ့တော့ကိုယ့်မှာရှိတဲ့ကိုယ်အားသာတဲ့ platformကိုသုံးပြီးပြောခဲ့တာတွေခုလိုသူများနိုင်ငံmediaတွေမှာအသိအမှတ်ပြုခံရတော့ ကျေနပ်ပါတယ်။မကြောက်ဘူးလားဆိုတော့ကြောက်ပါတယ်။ဒါပေမယ့်ဘာမှမလုပ်လို့လိပ်ပြာမလုံဘဲနေရမှာကိုပိုကြောက်ပါတယ်။အနာဂတ်တွေမဲ့မှာကိုပိုကြောက်ပါတယ်။အမှန်တရားဘက်မှာမရပ်တည်နိုင်တဲ့သူတစ်ယောက်ဖြစ်မှာကိုပိုကြောက်ပါတယ်။မြတ်နိုးကတော့တတ်နိုင်တဲ့ဘက်ကနေအမှန်တရားအတွက် Speak Out လုပ်နေဦးမှာပါဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ထိုင်းမီဒီယာမှာပါဖော်ပြခြင်းခံရတဲ့ပက်ထရစ်ရှာနဲ့မြတ်နိုးအေးတို့ရဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ရပါတယ်။


Zawgyi Version

ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့မင္းသမီးေခ်ာေလးပက္ထရစ္ရွာနဲ႕ျမတ္နိုးေအးတို႔ႏွစ္ေယာက္ကေတာ့လူထုလႈပ္ရွားမႈေတြမွာတက္တက္ႂကြႂကြ ပါဝင္ေနၾကတာပဲျဖစ္ပါတယ္။သူမတို႔ႏွစ္ေယာက္လုံးကျပည္သူေတြနဲ႕အတူလမ္းေပၚထြက္ၿပီးၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ၾကသလိုလူမႈကြန္ယက္စာမ်က္ႏွာေတြကတစ္ဆင့္ကူညီေပးေနတာလည္းျဖစ္ပါတယ္။

ပက္ထရစ္ရွာနဲ႕ျမတ္နိုးေအးတို႔ကအဂၤလိပ္စကားနဲ႕ေသေသခ်ာခ်ာေျပာျပၿပီးရိုက္ကူးထားတဲ့ ဗီဒီယိုေတြကို YouTube Instagram နဲ႕ Twitter စတဲ့ Social Media ေတြမွာတင္ခဲ့တာျဖစ္ပါတယ္။အခုဆိုရင္ေတာ့သူမတို႔ရဲ႕ဗီဒီယိုေတြကလူၾကည့္မ်ားၿပီးထိုင္းနိုင္ငံရဲ႕မီဒီယာတစ္ခုမွာပါ ေဖာ္ျပျခင္းခံလိုက္ရတာျဖစ္ပါတယ္။ဒါေၾကာင့္ ပက္ထရစ္ရွာကတစ္ျခား celebrities ေတြလည္း speak up လုပ္ၾကပါျပည္ပနိုင္ငံေတြရဲ႕သတင္းမီဒီယာေတြမွာေဖာ္ျပခံရတဲ့အခါကိုယ့္နိုင္ငံအေရးအတြက္အေထာက္အကူျပဳပါတယ္ ဆိုၿပီးေျပာထားတာျဖစ္ပါတယ္။

ျမတ္နိုးေအးကလည္းကိုယ့္နိုင္ငံမွာခံေနရတဲ့မတရားခံရမႈအတြက္နိုင္ငံတကာကိုေျပာျပခ်င္တယ္ဘယ္လိုေျပာရင္အထိေရာက္ဆုံးျဖစ္မယ္ေတြဘာေတြမသိပါဘူး။ေျပာခ်င္ခဲ့တာပဲသိတယ္။အဲ့ေတာ့ကိုယ့္မွာရွိတဲ့ကိုယ္အားသာတဲ့ platformကိုသုံးၿပီးေျပာခဲ့တာေတြခုလိုသူမ်ားနိုင္ငံmediaေတြမွာအသိအမွတ္ျပဳခံရေတာ့ ေက်နပ္ပါတယ္။မေၾကာက္ဘူးလားဆိုေတာ့ ေၾကာက္ပါတယ္။ဒါေပမယ့္ဘာမွမလုပ္လို႔ လိပ္ျပာမလုံဘဲေနရမွာကိုပိုေၾကာက္ပါတယ္။ အနာဂတ္ေတြမဲ့မွာကိုပိုေၾကာက္ပါတယ္။အမွန္တရားဘက္မွာမရပ္တည္နိုင္တဲ့သူတစ္ေယာက္ျဖစ္မွာကိုပိုေၾကာက္ပါတယ္။

Credit