Cele News

ဦးကျော်သူနာရေးကူညီမှု့အသင်း အားအပြီးတိုင်ဖျက်သိမ်းကာ မြေ‌နေရာ၊အဆောက်အဦး၊လူနာတင်ယာဉ် နှင့် အသင်းပိုင်ပစ္စည်းအားလုံး နိုင်ငံတော်ဘဏ္ဏာအဖြစ်သိမ်းယူ

ဦးကျော်သူနာရေးကူညီမှု့အသင်းအားအပြီးတိုင်ဖျက်သိမ်းကာမြေ‌နေရာ၊အဆောက်အဦးလူနာတင်ယာဉ်နှင့်အသင်းပိုင်ပစ္စည်းအားလုံးနိုင်ငံတော်ဘဏ္ဏာအဖြစ်သိမ်းယူ

ကိုယ်ကျိုးအတွက်ငွေတပြားတကျပ်မှအလွဲသုံးစားမလုပ်ဖူးကြောင်းဦးကျော်သူနဲ့ဒေါ်ရွှေဇီးကွက်တို့ရဲ့သမီးဖြစ်သူသစ္စာဆိုဖွင့်ဟ

ဦးကျော်သူနဲ့ဒေါ်မြင့်မြင့်ခင်ဖေ(ခေါ်)ဒေါ်ရွှေဇီးကွက်တို့ဟာပြည်သူလူထုကယုံကြည်စွာလှူဒါန်းထားတဲ့ငွေနဲ့ဝတ္ထုပစ္စည်းတွေကိုဘယ်တုန်းကမှကိုယ်ရေးကိုယ်တာကိုယ်ကျိုးအတွက်ငွေတပြားတကျပ်ကိုမှအလွဲသုံးစားမလုပ်ခဲ့ကြောင်း၎င်းတို့ရဲသမီးဖြစ်သူကလူမှုကွန်ရက်စာမျက်နှာမှာဒီနေ့မတ်လ၉ရက်နေ့မနက်ပိုင်းကအခုလိုရေးသားထားပါတယ်။


နာရေးကူညီမှုအသင်း(ရန်ကုန်)ဘဘဦးသုခတို့နှင့်အတူ၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်တုန်းကလည်းစတင်မတည်ငွေအဖြစ်မိမိမိဘများမှငွေဒါနပြုခဲ့သည်။

နာ/ကူအသင်းသက်တမ်းတလျှောက်လုံးတွင်လည်းမိမိ မိဘများမှလူအား၊အချိန်အား၊ငွေအားစိုက်ကာငွေတစ်ပြားတစ်ကျပ်မှမယူပဲစစ်မှန်‌သောပရဟိတစိတ်ဖြင့်သာပြည်သူများအပေါ်တွင်အလုပ်အကျွေးပြုနေခြင်းသာဖြစ်ပါသည်။

မိမိမိဘများသည်သူတပါး၏ပစ္စည်းဥစ္စာကိုအဘယ်သော်အခါကမှအဓမ္မဖြင့်လိမ်ညာအမြတ်ထုတ်ချင်းမလုပ်ခဲ့ဖူးပါ။အထက်ပါအချက်များကိုမိမိအသက်ဖြင့်သစ္စာဆိုရဲသည်စသဖြင့် ရေးသားထားတာဖြစ်ပါတယ်။


နာရေးကူညီမှုအသင်းရန်ကုန်ဥက္ကဋ္ဌဦးကျော်သူနဲ့ ဘဏ္ဍာရေးမှူးဒေါ်ရွှေဇီးကွက်တို့ကိုစစ်ကောင်စီကမရမ်းကုန်းမြို့နယ်ရဲစခန်းမှာရာဇသတ်ကြီးပုဒ်မ၅၀၅(က)နဲ့အမှုဖွင့်ထားပါတယ်။နာကူအသင်းရန်ကုန်ရုံးကိုလည်းတပ်နဲ့ရဲကဝင်ရောက်စီးနင်းရှာဖွေထားပြီးစာရွက်စာတမ်းတွေနဲ့ပစ္စည်းတွေကိုသိမ်းဆည်းယူဆောင်သွားတယ်လို့အခင်းဖြစ်စဉ်မှာရှိနေတဲ့သူတွေကပြောကြားထားပါတယ်။

Credit