Cele News

မီးရထားဝန်ထမ်းတွေအတွက် နေ့တိုင်းဟင်းချက်လှူတဲ့အပြင် စားသောက်ကုန်တွေလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ စူးရှထက်

မီးရထားဝန်ထမ်းတွေအတွက်နေ့တိုင်းဟင်းချက်လှူတဲ့အပြင်စားသောက်ကုန်တွေလည်းကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့စူးရှထက်

သရုပ်ဆောင်မော်ဒယ်တစ်ယောက်ဖြစ်တဲ့စူးရှထက်ကတော့အလှူအတန်းရက်ရောသူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်ချွေးနည်းစာနဲ့တတ်နိုင်သလောက်လှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။စူးရှထက်ကတော့လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးပြည်သူတွေနဲ့အတူရပ်တည်ကာလူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်နေသလိုတော်လှန်ရေးတိုက်ပွဲကြီးမှာလှူဒါန်းမှုတွေကိုလည်းပြုလုပ်နေတာတွေ့ရပါတယ်။


လတ်တလောအခြေအနေတွေကြောင့်စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူ့ဝန်ထမ်းတွေဖြစ်ကြတဲ့မီးရထားဝန်ထမ်းတွေအတွက်နေ့တိုင်းဟင်းချက်လှူတဲ့အပြင်စားသောက်ကုန်တွေကိုလည်းကိုယ်တိုင်သွားရောက်လှူဒါန်းနေတာပဲဖြစ်ပါတယ်။အခက်အခဲအမျိုးမျိုးကြောင့်ဘုန်းကြီးကျောင်းမှာနေထိုင်နေကြတဲ့မီးရထားဝန်ထမ်းသုံးရာကျော်အတွက်လှူဒါန်းမှုတွေပြုလုပ်ပေးနေတာဖြစ်ပြီးအလှူပုံရိပ်လေးတွေကိုလည်းစူးရှထက်ကပရိသတ်တွေကိုအသိပေးဝေမျှထားတာပါ။

CDMမီးရထားဝန်ထမ်းတွေဘုန်းကြီးကျောင်းမှာသုံးရာကျော်လောက်ရှိပါတယ်စူးကတော့နေ့တိုင်းဟင်းချက်လှူပေးတယ်ဒီနေ့စားစရာတွေလှူရှင်ကိုယ်စားသွားရောက်လှူတန်းပေးခဲ့ပါတယ်Thaw Dar Ooမိန်းရေဒီထက်မကလှူနိုင်ပါစေနော်သာဓု သာဓု သာဓုဆိုပြီးအလှူလေးကိုဝေမျှထားတာပါ။စူးရှထက်တို့ရဲ့ကုသိုလ်အလှူလေးကိုပရိသတ်တွေကလည်းဝမ်းသာစွာနဲ့သာဓုခေါ်ဆုတောင်းစကားလေးတွေနဲ့အတူချီးကျူးနေကြတာလည်းအားလုံးတွေ့မြင်ရပါတယ်နော်။


Zawgyi Version




Credit