Cele News

ဘဏ်ထဲမှာ သိန်းပေါင်း (၇)သောင်းရှိတယ်လို့ ဝေဖန်နေတဲ့သူတွေကို ထိထိမိမိတုန့်ပြန်လိုက်တဲ့ ပိုင်တံခွန်

ဘဏ်ထဲမှာသိန်းပေါင်း(၇)သောင်းရှိတယ်လို့ဝေဖန်နေတဲ့သူတွေကိုထိထိမိမိတုန့်ပြန်လိုက်တဲ့ ပိုင်တံခွန်

နိုင်ငံတကာကနှာခမ်းနီမလေးတွေကိုအားပေးမှုရရှိထားတဲ့မင်းသားချောပိုင်တံခွန်ကတော့အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာပြည်သူနဲ့တစ်သားတည်းရပ်တည်ပေးနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင်သူရဲ့များပြားလှတဲ့ Follower တွေကိုအသုံးချကာမြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကိုလည်းကမ္ဘာသိအောင်အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာလည်းဖြစ်ပါတယ်။


အဲဒီလိုလုပ်ဆောင်ချက်တွေကြောင့်ပိုင်တံခွန်ဟာနည်းမျိုးစုံခြိမ်းခြောက်ခံရမှုတွေရှိနေတာမို့မိသားစုနဲ့ခွဲခွာကာတိမ်းရှောင်နေရပါတယ်။ဒါပေမယ့်သူကတော့နောက်မဆုတ်ဘဲဒီနေ့ဒီချိန်ထိဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။အခုလည်းသူရဲ့ဘဏ်အကောင့်ထဲမှာ ငွေသားသိန်း(၇)သောင်းရှိကြောင်းဝေဖန်စွတ်စွဲမှုတွေထွက်လာတာနဲ့ပတ်သက်ပြီးစွတ်စွဲလာသူကိုခုလိုပညာသားပါပါရေးသားကာသူရဲ့အကောင့်လေးမှာပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ကျနော့်ဘဏ်ထဲမှာအရင်ကဖြစ်ဖြစ်အခုဖြစ်ဖြစ်သိန်း ၇သောင်းတကယ်ရှိရင်တပြားတချပ်မကျန်မရှိတဲ့လူတွေကိုလှူပါမယ်တကယ်လို့ဘဏ်ထဲမှာသိန်းတရာတောင်မရှိရင်သိန်း၇သောင်းရှိပါတယ်ဆိုပြီးကြေငြာထားတဲ့သူတောင်းစားကဘဏ်ထဲသိန်း၇သောင်းပြန်ဖြည့်ပေးရပါမယ်ဆိုတဲ့စာလေးကိုရေးသားပြန်ရှင်းထားရာပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


Zawgyi Version




Credit