Cele News

မြောက်ဒဂုံမှာကျဆုံးသွားခဲ့တဲ့ ကိုချစ်မင်းသူအတွက် အလှူငွေသွားရောက်လှူဒါန်းရင်း အားပေးစကားပြောခဲ့တဲ့ မင်းမော်ကွန်းနဲ့ဘုန်းဆက်သွင်

မြောက်ဒဂုံမှာကျဆုံးသွားခဲ့တဲ့ကိုချစ်မင်းသူအတွက်အလှူငွေသွားရောက်လှူဒါန်းရင်းအားပေးစကားပြောခဲ့တဲ့မင်းမော်ကွန်းနဲ့ဘုန်းဆက်သွင်

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေအတွင်းမှာအနုပညာရှင်တွေအနေနဲ့လည်းပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့တတ်နိုင်တဲ့ဘက်ကနေပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာလှုပ်ရှားမှုတွေပြုလုပ်နေကြတာကိုပရိသတ်တွေအနေနဲ့လည်းတွေ့မြင်ကြမယ်ထင်ပါတယ်နော်။အခုလိုမျိုးအားကြိုးမာန်တက်နဲ့ကိုယ်တတ်နိုင်တဲ့ဘက်ကနေပါ၀င်အားဖြည့်နေတဲ့သူတွေထဲမှာဆိုရင်မင်းမော်ကွန်းနဲ့ဘုန်းဆက်သွင်တို့ဟာလည်းချန်ထားလို့မရတဲ့အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။


လူထုလှုပ်ရှားမှုတွေဟာယနေ့ထိတိုင်အရှိန်အဟုန်ပြင်းပြင်းနဲ့လုပ်ဆောင်နေကြတာဖြစ်ပြီးတစ်ဖက်မှာလည်းဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးသူတွေများပြားလာတာကိုလည်းတွေ့ရပါတယ်။အခုလိုထိခိုက်ကျဆုံးသွားကြရတဲ့သူရဲကောင်းတွေအတွက်လည်းပြည်သူတွေဟာတတ်နိုင်တဲ့ဘက်ကနေလှူဒါန်းမှုတွေပြုလုပ်ပေးနေကြတာဖြစ်ပါတယ်နော်။

အခုဆိုရင်လည်းမင်းမော်ကွန်းနဲ့ဘုန်းဆက်သွင်ဟာယမန်နေ့ကမြောက်ဒဂုံမှာကျဆုံးသွားခဲ့တဲ့ကိုချစ်မင်းသူအတွက်လှူဒါန်းမှုတွေသွားရောက်လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကိုဘုန်းဆက်သွင်ဟာသူ့ရဲ့ Facebookစာမျက်နှာမှာ(သေရင်တောင်တန်တယ်)လို့ညီလေးကပြောခဲ့သေးတာဗျာ။


ကျွန်တော်အလှူငွေ၁၁သိန်း၄သောင်းလက်ခံရရှိခဲ့ပါတယ်။ညီလေးချစ်မင်းသူအမျိုးသမီးကို ၈၂၀၀၀ပေးအပ်ခဲ့ပါတယ်။မ/ဒဂုံDefense Team အတွက်၁၀၀၀၀၀ပေးအပ်ခဲ့ပါတယ်။ဘဏ်မှာထုတ်မရသေးတဲ့လက်ကျန်၂၂၀၀၀၀ကိုဆက်ပီးလှူဒါန်းပေးသွားပါမယ်ခင်ဗျာ။ယုံယုံကြည်ကြည်နဲ့လှူဒါန်းပေးကြတဲ့အလှူရှင်များကိုလည်းသာဓုသာဓုသာဓုပါခင်ဗျာ။ကျွန်တော်ကိုယ်တိုင်သွားရောက်လှူပေးခဲ့ပါတယ်ဆိုပြီးရေးသားထားခဲ့ပါတယ်။ကဲပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Zawgyi version

လက္ရွိျမန္မာနိုင္ငံမွာျဖစ္ေပၚေနတဲ့အေျခအေနအတြင္းမွာအႏုပညာရွင္ေတြအေနနဲ႕လည္းျပည္သူထဲကျပည္သူေတြပဲျဖစ္တာမလို႔တတ္နိုင္တဲ့ဘက္ကေနပရိသတ္ေတြနဲ႕တစ္သားတည္းရပ္တည္ကာလႈပ္ရွားမႈေတြျပဳလုပ္ေနၾကတာကို ပရိသတ္ေတြအေနနဲ႕လည္းေတြ႕ျမင္ၾကမယ္ထင္ပါတယ္ေနာ္။

လူထုလႈပ္ရွားမႈေတြဟာယေန႕ထိတိုင္အရွိန္အဟုန္ျပင္းျပင္းနဲ႕လုပ္ေဆာင္ေနၾကတာျဖစ္ၿပီးတစ္ဖက္မွာလည္းၿဖိဳခြင္းမႈေတြေၾကာင့္ ထိခိုက္က်ဆဳံးသူေတြမ်ားျပားလာတာကိုလည္းေတြ႕ရပါတယ္။

ကြၽန္ေတာ္အလႉေငြ၁၁သိန္း၄ေသာင္းလက္ခံရရွိ ခဲ့ပါတယ္။ညီေလးခ်စ္မင္းသူအမ်ိဳးသမီးကို ၈၂၀၀၀၀ေပးအပ္ခဲ့ပါတယ္။မ/ဒဂုံ Defense Team အတြက္၁၀၀၀၀၀ ေပးအပ္ခဲ့ပါတယ္။ဘဏ္မွာထုတ္မရေသးတဲ့လက္က်န္ ၂၂၀၀၀၀ ကိုဆက္ပီးလႉဒါန္းေပးသြားပါမယ္ခင္ဗ်ာ။ယုံယုံၾကည္ၾကည္နဲ႕လႉဒါန္းေပးၾကတဲ့အလႉရွင္မ်ား ကိုလည္းသာဓုသာဓုသာဓုပါခင္ဗ်ာ။

Credit