Cele News

ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ သားသမီးတွေကို ပညာရေးထောက်ပံ့ဖို့အတွက် မိသားစုဝင်ငွေထဲကနေ လစဥ်လှူဒါန်းမယ့် ယွန်းယွန်း

ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့သားသမီးတွေကို ပညာရေးထောက်ပံ့ဖို့အတွက်မိသားစုဝင်ငွေထဲကနေ လစဥ်လှူဒါန်းမယ့်ယွန်းယွန်း

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးယွန်းယွန်းကတော့ငယ်စဥ်ကလေးဘဝထဲကအနုပညာလောကထဲဝင်ရောက်ခဲ့ပြီးအနုပညာအရည်အချင်းပြည့်ဝလို့အကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားပါသေးတယ်။ယွန်းယွန်းကတော့အခုဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာပြည်သူနဲ့တသားတည်းရှိနေပြီတတ်တတ်ကြွကြွပါဝင်ပေးနေတာလည်းဖြစ်ပါတယ်။


ယခုမှာတော့ယွန်းယွန်းတစ်ယောက်ဟာနွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့သားသမီးတွေကိုပညာရေးထောက်ပံ့ဖို့အတွက် မိသားစုဝင်ငွေထဲကနေလစဥ်လှူဒါန်းမယ့်အကြောင်းဖွင့်ဟလိုက်ပါတယ်။သူမကဒါလေးကိုတော့မပျက်မကွက်နောက်ဆုံးထွက်သက်ထိပါဝင်ပါမည်နာကျင်သွေးပျက်ရတဲ့နေ့တွေအမြန်ကုန်လွန်ပါစေကတိပေးပါတယ်ဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

သူမကတော့ဒီမိုကရေစီတိုက်ပွဲမှာကျဆုံးသွားတဲ့ သူတွေရဲ့သားသမီးတွေပညာရေးကိုLifelong supportလုပ်ပေးဖို့လိုတယ်မြင်မိပါတယ်။အခြေအနေတွေတည်ငြိမ်သွားရင်မိသားစုဝင်ငွေထဲကနေလစဉ်လှူဒါန်းဖို့ကတိပြုပါတယ်။သဘောတူရင်ကူးတင်လို့ရပါတယ်သူတို့အနာဂတ်တွေမပျက်စေဖို့ဝိုင်းဝန်းကြမယ်နော်ဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။နွေဦးတော်လှန်ရေးဆင်နွှဲကြရင်းကျဆုံးသွားကြတဲ့သူရဲကောင်းတွေအားလုံးအေးငြိမ်းသောဘုံဘဝသို့ရောက်ရှိကြပါစေကြောင်းဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။


Zawgyi Version

ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့မင္းသမီးေခ်ာေလးယြန္းယြန္းကေတာ့ ငယ္စဥ္ကေလးဘဝထဲက အႏုပညာေလာကထဲဝင္ေရာက္ခဲ့ၿပီး အႏုပညာအရည္အခ်င္းျပည့္ဝလို႔ အကယ္ဒမီထူးခြၽန္ဆုေတြလည္းရရွိထားပါေသးတယ္။

ယခုမွာေတာ့ယြန္းယြန္းတစ္ေယာက္ဟာႏြေဦးေတာ္လွန္ေရးမွာက်ဆဳံးသြားတဲ့သူရဲေကာင္းေတြရဲ႕သားသမီးေတြကိုပညာေရးေထာက္ပံ့ဖို႔အတြက္ မိသားစုဝင္ေငြထဲကေနလစဥ္လႉဒါန္းမယ့္အေၾကာင္းဖြင့္ဟလိုက္ပါတယ္။သူမကဒါေလးကိုေတာ့မပ်က္မကြက္ေနာက္ဆုံးထြက္သက္ထိပါဝင္ပါမည္နာက်င္ေသြးပ်က္ရတဲ့ေန႕ေတြအျမန္ကုန္လြန္ပါေစကတိေပးပါတယ္ဆိုၿပီးလူမႈကြန္ယက္စာမ်က္ႏွာထက္မွာေရးသားထားခဲ့တာပဲျဖစ္ပါတယ္။

သူမကေတာ့ဒီမိုကေရစီတိုက္ပြဲမွာက်ဆဳံးသြားတဲ့ သူေတြရဲ႕သားသမီးေတြပညာေရးကိုLifelong supportလုပ္ေပးဖို႔လိုတယ္ျမင္မိပါတယ္။ အေျခအေနေတြတည္ၿငိမ္သြားရင္မိသားစု ဝင္ေငြထဲကေနလစဥ္လႉဒါန္းဖို႔ကတိျပဳပါတယ္။

Credit