Cele News

နိုင်ငံရပ်ခြားကိုရောက်နေပေမယ့် CRPH အတွက်အလှူငွေတွေ ထည့်ဝင်လှူဒါန်းပြီး တတ်နိုင်သလောက်ပါဝင်အားဖြည့်နေတဲ့ ဥက္ကာမင်းမောင်

နိုင်ငံရပ်ခြားကိုရောက်နေပေမယ့် CRPH အတွက်အလှူငွေတွေထည့်ဝင်လှူဒါန်းပြီးတတ်နိုင်သလောက်ပါဝင်အားဖြည့်နေတဲ့ဥက္ကာမင်းမောင်

မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ဥက္ကာမင်းမောင်ကတော့နယူးယောက်မြို့မှာအခြေချနေထိုင်နေပြီးလတ်တလောမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာပြည်သူတွေနဲ့အတူရပ်တည်ပြီးတတ်နိုင်သလောက်ပါဝင်နေသူပဲဖြစ်ပါတယ်။ဥက္ကာမင်းမောင်ကတော့မြန်မာ့အရေးအတွက်နယူးယောက်မြို့မှာပြုလုပ်တဲ့လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေမှာလည်းကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ဆောင်နေသလိုလှူဒါန်းမှုတွေလည်းပြုလုပ်နေတာတွေ့ရပါတယ်။

နိုင်ငံရပ်ခြားကိုရောက်ရှိနေပေမယ့်လည်းအမိမြေအတွက်တစ်ဖက်တစ်လမ်းကနေတတ်နိုင်သလောက်လုပ်ဆောင်နေတဲ့ဥက္ကာမင်းမောင်ကတော့CRPH အတွက်အလှူငွေတွေထည့်ဝင်လှူဒါန်းပြီးအားလုံးနဲ့အတူပါဝင်အားဖြည့်ခဲ့ပါသေးတယ်။လက်ရှိအချိန်မှာတတ်နိုင်သလောက်လှူဒါန်းထားသလိုသူ့အနေနဲ့အသက်ရှင်နေသရွေ့အလုပ်လုပ်နိုင်နေသရွေ့လည်းဆက်ပြီးလှူဒါန်းသွားမယ့်အကြောင်းကိုပြောပြရင်းပရိသတ်တွေကိုလည်းလှူဒါန်းကြဖို့တိုက်တွန်းထားပါသေးတယ်။

တတ်နိုင်သလောက်လှူထားပါတယ်အသက်ရှင်နေသရွေ့အလုပ်လုပ်နိုင်နေသရွေ့ဆက်ပြီးလဲလှူသွားပါမယ် CRPH အတွက်လှူချင်သူများလဲဒီ linkကိုနှိပ်ပြီးလှူဒါန်းနိုင်ပါကြောင်းအလှူငွေ ဒေါ်လာ ၆.၈သန်းကျော်တောင်ရနေပြီ။အရေးတော်ပုံအောင်ရမည်တဖက်တလမ်းကအုတ်တချပ်သဲတပွင့်ဆက်လက်ပါဝင်ပံ့ပိုးသွားပါမယ်ဆိုပြီးအလှူမှာပါဝင်ထားတဲ့အကြောင်းကို ဝေမျှထားတာပါ။ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေတတ်နိုင်သလောက်အစွမ်းကုန် ပါဝင်အားဖြည့်နေတဲ့ဥက္ကာမင်းမောင်ရဲ့စိတ်ထားနဲ့ ကြိုးစားမှုတွေကိုလည်းအားလုံးကချီးကျူးနေကြတာတွေ့ရပါတယ်။

Zawgyi Version




Credit