Cele News

ကိုယ်တိုင်ကအရေးယူခြင်းခံထားရပေမယ့် အကြောက်တရားက ပြည်သူလူထုကိုလွှမ်းမိုးသွားမှာကိုပဲ စိတ်ပူတယ်လို့ပြောပြလာတဲ့ နွယ်ဒါလီထွန်း

ကိုယ်တိုင်ကအရေးယူခြင်းခံထားရပေမယ့်အကြောက်တရားကပြည်သူလူထုကိုလွှမ်းမိုးသွားမှာကိုပဲစိတ်ပူတယ်လို့ပြောပြလာတဲ့နွယ်ဒါလီထွန်း

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးနွယ်ဒါလီထွန်းကတော့လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းကစတင်ခဲ့တဲ့ လှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူရပ်တည်ပြီးလမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင်လှူဒါန်းမှုတွေပြုလုပ်ပြီးတော့လည်းတတ်နိုင်တဲ့ဘက်ကနေအားဖြည့်ပါဝင်နေသူလည်းဖြစ်ပါတယ်။

တော်လှန်ရေးတိုက်ပွဲကြီးမှာရဲရဲရင့်ရင့်နဲ့ပါဝင်ခဲ့တဲ့နွယ်ဒါလီထွန်းကတော့၅၀၅-ကဖြင့်အရေးယူခြင်းခံထားရတဲ့အနုပညာရှင်တွေတစ်ဦးဖြစ်ပြီးလက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးပြည်သူတွေကိုလည်းစိတ်ပူတဲ့အကြောင်းပြောပြလာပါတယ်။သူမကိုယ်တိုင်ကအရေးယူခြင်းခံထားရပေမယ့်လည်းအကြောက်တရားကပြည်သူလူထုကိုလွှမ်းမိုးသွားမှာကိုပဲစိတ်ပူပြီးလွယ်လွယ်နဲ့မမေ့ဘဲတတ်နိုင်တဲ့ဘက်ကနေအားတင်းထားကြဖို့ကိုလည်းသူမကပြောပြထားပါသေးတယ်။

အကြောက်တရားကပြည်သူလူထုကိုလွှမ်းမိုးသွားမှာပဲစိတ်ပူတယ်ဒီမတရားမှုတွေကိုကျင့်သားမရကြပါနဲ့လွယ်လွယ်နဲ့မေ့မပြစ်ကြပါနဲ့ရှင်တတ်နိုင်တဲ့ဘက်ကဆက်ပီးတွန်းလှန်ကြပါအတူပါဝင်ပေးကြပါအရေးတော်ပုံအောင်ရမည်ဆိုပြီးရေးသားပြောပြထားတာပဲဖြစ်ပါတယ်။နွယ်ဒါလီထွန်းကလည်းအရေးယူခြင်းခံထားရတဲ့အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်တာမို့ပရိသတ်တွေကလည်းစိုးရိမ်စိတ်တွေနဲ့အားပေးစကားတွေလည်းပြောထားကြတာတွေ့ရပါတယ်။

Zawgyi Version

ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့မင္းသမီးေခ်ာေလးႏြယ္ဒါလီထြန္းကေတာ့လတ္တေလာျဖစ္ေပၚေနတဲ့အေျခအေနေတြမွာျပည္သူေတြနဲ႕တစ္သားတည္းရပ္တည္ေပးေနတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ(၁)ရက္ေန႕ကတည္းကစတင္ခဲ့တဲ့ လႈပ္ရွားမႈေတြမွာျပည္သူေတြနဲ႕အတူရပ္တည္ၿပီး လမ္းေပၚထြက္လႈပ္ရွားမႈေတြအျပင္လႉဒါန္းမႈေတြျပဳလုပ္ၿပီးေတာ့လည္းတတ္နိုင္တဲ့ဘက္ကေန အားျဖည့္ပါဝင္ေနသူလည္းျဖစ္ပါတယ္။

ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာရဲရဲရင့္ရင့္နဲ႕ပါဝင္ခဲ့တဲ့ ႏြယ္ဒါလီထြန္းကေတာ့ ၅၀၅-က ျဖင့္ အေရးယူျခင္းခံထားရတဲ့အႏုပညာရွင္ေတြတစ္ဦးျဖစ္ၿပီးလက္ရွိအေျခအေနေတြနဲ႕ပတ္သက္ၿပီး ျပည္သူေတြကိုလည္းစိတ္ပူတဲ့အေၾကာင္းေျပာျပလာပါတယ္။သူမကိုယ္တိုင္ကအေရးယူျခင္းခံထားရေပမယ့္လည္းအေၾကာက္တရားက ျပည္သူလူထုကိုလႊမ္းမိုးသြားမွာကိုပဲစိတ္ပူၿပီး လြယ္လြယ္နဲ႕မေမ့ဘဲတတ္နိုင္တဲ့ဘက္ကေန အားတင္းထားၾကဖို႔ကိုလည္းသူမကေျပာျပထားပါေသးတယ္။

အေၾကာက္တရားကျပည္သူလူထုကိုလႊမ္းမိုးသြားမွာပဲစိတ္ပူတယ္ဒီမတရားမႈေတြကိုက်င့္သားမရၾကပါနဲ႕လြယ္လြယ္နဲ႕ေမ့မျပစ္ၾကပါနဲ႕ရွင္ တတ္နိုင္တဲ့ဘက္ကဆက္ပီးတြန္းလွန္ၾကပါ အတူပါဝင္ေပးၾကပါအေရးေတာ္ပုံေအာင္ရမည္ဆိုၿပီးေရးသားေျပာျပထားတာပဲျဖစ္ပါတယ္။

Credit