Cele News

နေမကောင်းတာ ရက်အတော်ကြာပြီ ဖြစ်သော်လည်း ဘုရားရှိခိုးတိုင်း မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ အမြဲဆုတောင်းပေးနေတဲ့ ပိုင်တံခွန်

နေမကောင်းတာရက်အတော်ကြာပြီဖြစ်သော်လည်း ဘုရားရှိခိုးတိုင်းမြန်မာပြည်ကြီးငြိမ်းချမ်းဖို့အမြဲဆုတောင်းပေးနေတဲ့ပိုင်တံခွန်

နိုင်ငံတကာထိအောင်မြင်နေတဲ့မင်းသားချောပိုင်တံခွန်ကတော့လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာပြည်သူတွေနဲ့တသားတည်းရပ်တည်ပေးနေပြီးလူထုလှုပ်ရှားမှုတွေမှာလည်းနေ့စဉ်ရက်ဆက်မမောနိုင်မပန်းနိုင်အောင်လမ်းပေါ်ထွက်ကာဆန္ဒထုတ်ဖော်နေရုံတင်မကဘဲDefense Team ကလူငယ်များနဲ့ပါပူးပေါင်းပြီးပြည်သူတွေကိုကာကွယ်ပေးနေတာကြောင့်ပရိသတ်တွေကချီးကျူးနေကြတာပါ။

လတ်တလောမှာတော့အခြေအနေအရပ်ရပ်ကြောင့်ခေတ္တခဏတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်းမကြာခဏကျန်းမာရေးချူချာတတ်တဲ့ပိုင်တံခွန်အတွက်စိတ်ပူပေးနေကြတာလည်းဖြစ်ပါတယ်။မကြာသေးခင်နာရီပိုင်းလောက်ကလည်းပိုင်တံခွန်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လတ်တလောမှာကျန်းမာရေးချူချာနေတာကြောင့်နေအမြန်ပြန်ကောင်းစေဖို့ဆုတောင်းပေးရန်ပရိသတ်တွေကိုအားနာစွာဖြင့်တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။

ကျွန်တော်ကျန်းမာရေးမကောင်းဖြစ်နေတာရက်တော်တော်ကြာပါပြီမြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းမှုတွေရပြီးကျန်းမာပါစေလို့ကျွန်တော်ဘုရားရှိခိုးတိုင်းဆုတောင်းပေးနေပါတယ်ခင်ဗျာအားနာစွာနဲ့ပဲကျနော့်ကိုလည်းကျန်းမာရေးအမြန်ဆုံးကောင်းအောင်ဆုတောင်းပေးပါခင်ဗျာဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ပိုင်တံခွန်တစ်ယောက်အမြန်ဆုံးကျန်းမာပြီးပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေမှာပြန်လည်ပူးပေါင်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်နော်။

Zawgyi Version




Credit