Cele News

နေ့မနားညမနားရှာပြီး ချွေးနည်းစာငွေကြေးတွေနဲ့ဝယ်ထားတဲ့ ကားကိုရောင်းကာ ပြည်သူတွေအတွက်အကုန်ပြန်လှူမယ့် စူးရှထက်

နေ့မနားညမနားရှာပြီးချွေးနည်းစာငွေကြေးတွေနဲ့ဝယ်ထားတဲ့ ကားကိုရောင်းကာပြည်သူတွေအတွက်အကုန်ပြန်လှူမယ့်စူးရှထက်

မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့စူးရှထက်ကတော့လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ ပြည်သူတွေနဲ့တသားတည်းရပ်တည်ပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ပြည်သူအားလုံးစည်းလုံးစွာပြုလုပ်ကြတဲ့တော်လှန်ရေးတိုက်ပွဲကြီးမှာလမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင်အလှူအတန်းတွေလည်းဆက်တိုက်ပြုလုပ်နေပြီးတတ်နိုင်တဲ့ဘက်ကနေအဖက်ဖက်ကအားဖြည့်ပါဝင်နေတာလည်းတွေ့ရပါတယ်။

အလှူရှင်တွေနဲ့စုပေါင်းလှူဒါန်းမှုတွေအပြင်သူမရဲ့ချွေးနည်းစာငွေကြေးတွေနဲ့လည်းတစ်ဦးတည်းလှူဒါန်းမှုတွေပြုလုပ်နေတဲ့စူးရှထက်ကတော့အခုတစ်ခါမှာလည်းသူမရဲ့ကားကိုရောင်းပြီးထပ်မံလှူသွားဦးမယ့်အကြောင်းတွေကိုပြောပြလာပါတယ်။နေ့မနားညမနားရှာဖွေစုဆောင်းပြီးချွေးနည်းစာငွေကြေးတွေနဲ့ဝယ်ထားတဲ့ကားကိုပြန်ရောင်းကာရရှိတဲ့ငွေအားလုံးကိုလိုအပ်နေတဲ့ပြည်သူတွေအတွက်ထပ်မံကူညီလှူဒါန်းသွားမှာဖြစ်ပါတယ်။

အလှူပုံတွေမတင်တော့ပါဘူးစိတ်ပူပေးကြတဲ့သူတွေကိုလဲကျေးဇူးတင်ပါတယ်နေ့မနားညမနားဈေးရောင်းလို့ရတဲ့ပိုက်ဆံလေးနဲ့ကားဝယ်ခဲ့တယ်အဲ့ကားလေးရောင်းလို့ရတဲ့ငွေကိုအကုန်လှူမယ်ကျွန်မကိုထမင်းကျွေးထားတဲ့ပြည်သူတွေကျွန်မတတ်နိုင်သလောက်ပြန်ကူညီပါ့မယ်ကတိပေးပါတယ်ဆိုပြီးစူးရှထက်ကသူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေရေးသားပြောပြထားတာပါ။ရှိတာတွေရောင်းချပြီးပြည်သူတွေအတွက်တစ်ဖက်တစ်လမ်းကနေအတတ်နိုင်ဆုံးကြိုးစားလှူဒါန်းနေတဲ့စူးရှထက်ရဲ့စိတ်သဘောထားတွေကိုလည်းအားလုံးကချီးကျူးကာအားပေးစကားတွေလည်းပြောထားကြတာဖြစ်ပါတယ်။

Zawgyi Version

ေန႕မနားညမနားရွာၿပီး ေခြၽးနည္းစာေငြေၾကးေတြနဲ႕ဝယ္ထားတဲ့ ကားကိုေရာင္းကာ ျပည္သူေတြအတြက္အကုန္ျပန္လႉမယ့္ စူးရွထက္

ေမာ္ဒယ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့စူးရွထက္ကေတာ့ လတ္တေလာျဖစ္ေပၚေနတဲ့အေျခအေနေတြမွာ ျပည္သူေတြနဲ႕တသားတည္းရပ္တည္ေပးေနသူတစ္ေယာက္လည္းျဖစ္ပါတယ္။ျပည္သူအားလုံးစည္းလုံးစြာျပဳလုပ္ၾကတဲ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာလမ္းေပၚထြက္လႈပ္ရွားမႈေတြအျပင္အလႉအတန္းေတြလည္းဆက္တိုက္ျပဳလုပ္ေနၿပီးတတ္နိုင္တဲ့ဘက္ကေန အဖက္ဖက္ကအားျဖည့္ပါဝင္ေနတာလည္းေတြ႕ရပါတယ္။

အလႉရွင္ေတြနဲ႕စုေပါင္းလႉဒါန္းမႈေတြအျပင္သူမရဲ႕ေခြၽးနည္းစာေငြေၾကးေတြနဲ႕လည္းတစ္ဦးတည္းလႉဒါန္းမႈေတြျပဳလုပ္ေနတဲ့စူးရွထက္ကေတာ့ အခုတစ္ခါမွာလည္းသူမရဲ႕ကားကိုေရာင္းၿပီး ထပ္မံလႉသြားဦးမယ့္အေၾကာင္းေတြကိုေျပာျပလာပါတယ္။ေန႕မနားညမနားရွာေဖြစုေဆာင္းၿပီးေခြၽးနည္းစာေငြေၾကးေတြနဲ႕ဝယ္ထားတဲ့ကားကိုျပန္ေရာင္းကာ ရရွိတဲ့ေငြအားလုံးကိုလိုအပ္ေနတဲ့ျပည္သူေတြအတြက္ထပ္မံကူညီလႉဒါန္းသြားမွာျဖစ္ပါတယ္။

အလႉပုံေတြမတင္ေတာ့ပါဘူးစိတ္ပူေပးၾကတဲ့သူေတြကိုလဲေက်းဇူးတင္ပါတယ္ေန႕မနားညမနားေဈးေရာင္းလို႔ရတဲ့ပိုက္ဆံေလးနဲ႕ကားဝယ္ခဲ့တယ္အဲ့ကားေလးေရာင္းလို႔ရတဲ့ေငြကိုအကုန္လႉမယ္ကြၽန္မကိုထမင္းေကြၽးထားတဲ့ျပည္သူေတြ ကြၽန္မတတ္နိုင္သေလာက္ျပန္ကူညီပါ့မယ္ကတိေပးပါတယ္ဆိုၿပီးစူးရွထက္ကသူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာကေနေရးသားေျပာျပထားတာပါ။

Credit