Cele News

သီလရှင်ကျောင်းနဲ့ အိမ်ခြေ ၁၀၀၀ စာ စားသောက်ကုန်တွေလှူဒါန်းဖို့အတွက် အဖွဲ့သားတွေနဲ့ပြင်ဆင်ထုတ်ပိုးနေတဲ့ ဝေဠုကျော်

သီလရှင်ကျောင်းနဲ့အိမ်ခြေ၁၀၀၀ စာစားသောက်ကုန်တွေလှူဒါန်းဖို့အတွက်အဖွဲ့သားတွေနဲ့ပြင်ဆင်ထုတ်ပိုးနေတဲ့ဝေဠုကျော်

ပရိသတ်တွေချစ်ခင်အားပေးရတဲမင်းသားချောဝေဠုကျော်ကတော့ပရဟိတအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီးလက်ရှိအခြေအနေတွေမှာလည်းအားလုံးနဲ့အတူရပ်တည်နေတာတွေ့ရပါတယ်။ဖေဖော်ဝါရီလတစ်ရက်နေ့ကတည်းကပြည်သူတွေအားလုံးစည်းစည်းလုံးလုံးပြုလုပ်ခဲ့ကြတဲ့တော်လှန်ရေးတိုက်ပွဲကြီးမှာ အလှူအတန်းတွေဆက်တိုက်ပြုလုပ်ပြီးတတ်နိုင်တဲ့ဘက်ကနေအားဖြည့်ပါဝင်နေတာလည်းဖြစ်ပါတယ်။

အကယ်ဒမီမင်းသားကြီးဝေဠုကျော်ကတော့ လတ်တလောအခြေအနေတွေကြောင့်စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေအတွက်စားသောက်ကုန်တွေပေးဝေလှူဒါန်းဖို့အတွက်ကိုလည်းကိုယ်တိုင်ကိုယ်ကျထုတ်ပိုးပြင်ဆင်နေတာလည်းဖြစ်ပါတယ်။တောင်ဒဂုံကအိမ်၂၅၀ နဲ့သီလရှင်ကျောင်း ၅၂ ကျောင်းအတွက်အဖွဲ့သားတွေနဲ့အတူစားနပ်ရိက္ခာတွေထုတ်ပိုးပြင်ဆင်နေပြီးနောက်ထပ်အိမ်ခြေ၁၀၀၀စာကိုလည်းပြင်ဆင်လှူဒါန်းမယ့်အကြောင်းဖောင်ဒေးရှင်းရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေပြောပြထားပါတယ်။

8-4-2021ဒီနေ့အထုပ်ထုပ်တဲ့နေ့ပါ။လျော့တာတွေထပ်ဖြည့်ပါတယ်။မနက်ဖြန်သွားလှူပေးမယ့်တောင်ဒဂုံအိမ်ခြေ၂၅၀သီလရှင်ကျောင်းလေး ၅၂ကျောင်းအတွက်ပြင်ဆင်ပါတယ်။အဖွဲ့သားတွေတက်ညီလက်ညီထုပ်ကြတာခဏနဲ့ ပြီးပါတယ်။အိမ်ခြေ ၁၀၀၀ နီးပါးလှူပေးပြီးလို့ နောက်၁၀၀၀စလှူပေးပါမယ်။အန်တီဒေါ်ဆွေဆွေသင်းမှတဆင့်မိတ်ဆွေများရဲ့အလှူနဲ့မတည်ကာ စလှူပေးမှာပါ။အလှူရှင်များလည်းပါဝင်လှူဒါန်းပေးကြပါလို့ဖိတ်ခေါ်ပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်းဆိုပြီးအလှူအတွက်ပြင်ဆင်နေကြတဲ့ပုံရိပ်တွေကိုဝေမျှထားတာပါ။ပြည်သူတွေအတွက် နေ့စဉ်နဲ့အမျှလှူဒါန်းမှုတွေပြုလုပ်နေတဲ့ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့အလှူတွေကိုလည်းပြည်သူတွေအားလုံးကသာဓုခေါ်ကုသိုလ်ယူကာ ဝမ်းသာအားရဆုတောင်းစကားတွေလည်း ပြောထားကြတာတွေ့ရပါတယ်။

Zawgyi Version

ပရိသတ္ေတြခ်စ္ခင္အားေပးရတဲမင္းသားေခ်ာေဝဠုေက်ာ္ကေတာ့ ပရဟိတအလုပ္ေတြကိုဆက္တိုက္လုပ္ကိုင္ေနၿပီးလက္ရွိအေျခအေနေတြမွာလည္းအားလုံးနဲ႕အတူရပ္တည္ေနတာ ေတြ႕ရပါတယ္။ေဖေဖာ္ဝါရီလတစ္ရက္ေန႕ကတည္းကျပည္သူေတြအားလုံးစည္းစည္းလုံးလုံးျပဳလုပ္ခဲ့ၾကတဲ့ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ အလႉအတန္းေတြဆက္တိုက္ျပဳလုပ္ၿပီး တတ္နိုင္တဲ့ဘက္ကေနအားျဖည့္ပါဝင္ေနတာလည္းျဖစ္ပါတယ္။

အကယ္ဒမီမင္းသားႀကီးေဝဠုေက်ာ္ကေတာ့ လတ္တေလာအေျခအေနေတြေၾကာင့္စားဝတ္ေနေရးခက္ခဲေနၾကတဲ့ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြေပးေဝလႉဒါန္းဖို႔အတြက္ကိုလည္းကိုယ္တိုင္ကိုယ္က်ထဳတ္ပိုးျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။ေတာင္ဒဂုံကအိမ္၂၅၀ နဲ႕ သီလရွင္ေက်ာင္း ၅၂ ေက်ာင္းအတြက္အဖြဲ႕သားေတြနဲ႕အတူစားနပ္ရိကၡာေတြထုတ္ပိုးျပင္ဆင္ေနၿပီးေနာက္ထပ္အိမ္ေျခ၁၀၀၀စာကိုလည္း ျပင္ဆင္လႉဒါန္းမယ့္အေၾကာင္းေဖာင္ေဒးရွင္းရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာကေနေျပာျပထားပါတယ္။

8-4-2021ဒီေန႕အထုပ္ထုပ္တဲ့ေန႕ပါ။ေလ်ာ့တာေတြထပ္ျဖည့္ပါတယ္။မနက္ျဖန္ သြားလႉေပးမယ့္ေတာင္ဒဂုံအိမ္ေျခ၂၅၀သီလရွင္ေက်ာင္းေလး ၅၂ေက်ာင္းအတြက္ျပင္ဆင္ပါတယ္။အဖြဲ႕သားေတြတက္ညီလက္ညီထုပ္ၾကတာခဏနဲ႕ ၿပီးပါတယ္။အိမ္ေျခ ၁၀၀၀ နီးပါးလႉေပးၿပီးလို႔ ေနာက္၁၀၀၀စလႉေပးပါမယ္။အန္တီေဒၚေဆြေဆြသင္းမွတဆင့္မိတ္ေဆြမ်ားရဲ႕အလႉနဲ႕မတည္ကာ စလႉေပးမွာပါ။အလႉရွင္မ်ားလည္းပါဝင္လႉဒါန္းေပးၾကပါလို႔ဖိတ္ေခၚပါတယ္။ေဝဠုေက်ာ္ေဖာင္ေဒးရွင္းဆိုၿပီးအလႉအတြက္ျပင္ဆင္ေနၾကတဲ့ပုံရိပ္ေတြကိုေဝမွ်ထားတာပါ။

Credit