Uncategorized

ပဲခူးကပြည်သူတွေအတွက် ဘာမှမလုပ်ပေးနိုင်လို့ ပြောစရာစကားမရှိအောင်နာကျင်ရပြီး ဝမ်းနည်းယူကြုံးမရစွာတောင်းပန်လိုက်တဲ့ တိုင်ရွန်

ပဲခူးကပြည်သူတွေအတွက်ဘာမှမလုပ်ပေးနိုင်လို့ပြောစရာစကားမရှိအောင်နာကျင်ရပြီးဝမ်းနည်းယူကြုံးမရစွာတောင်းပန်လိုက်တဲ့တိုင်ရွန်

ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့မင်းသားချောတိုင်ရွှန်ကတော့အရေးကြုံလာတဲ့အခါပြည်သူတွေနဲ့တသားတည်းရှိနေပြီးတတ်တတ်ကြွကြွပါဝင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဖေဖော်ဝါရီလအစပိုင်းကတည်းကလမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာရဲရင့်စွာပါဝင်နေပြီးလိုအပ်နေတဲ့ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက်ဖေးမကူညီလှူဒါန်းနေတဲ့တိုင်ရွန်ကတော့ကျဆုံးသွားတဲ့သူရဲကောင်းပြည်သူတွေအတွက်စိတ်ထိခိုက်ခံစားနေရတာလည်းတွေ့ရပါတယ်။

ဖေဖော်ဝါရီလ(၉)ရက်နေ့တစ်ရက်တည်းနဲ့တင် သေဆုံးသူ(၆၀)ကျော်နဲ့ဖမ်းဆီးခံရသူ၁၀၀ကျော်ပြီးအထိ အခိုက်အကျဆုံးများခဲ့တဲ့ပဲခူးကသူရဲကောင်းပြည်သူတွေအတွက်ပဲခူးသားတစ်ယောက်အနေနဲ့ယူကြုံးမရဝမ်းနည်းရသလိုသူငယ်ချင်းဖြစ်သူပိုင်တံခွန်အတွက်လည်းစိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေကိုတိုင်ရွန်ကပြောပြလာပါတယ်။

ပဲခူးမြို့ကအမျိုးတွေအားတင်းထားပါဗျာ
ဒီထက်ပိုပြီးပြောစရာစကားမရှိနာကျင်ရပါတယ်
ပဲခူးသားတစ်ယောက်အနေနဲ့ဘာမှမလုပ်ပေးနိုင်တာတောင်းပန်ပါတယ်။ကျွန်နော့်မြို့လေးပါအေးအေးချမ်းချမ်းနေတဲ့မြို့လေးပါအရမ်းမလုပ်ကြပါနဲ့တောင်းပန်ပါတယ်ဗျာဆိုပြီးဝမ်းနည်းစွာပြောပြလာပါတယ်။သူငယ်ချင်းရေမင်းအဆင်မပြေမှန်းသိိပေမဲ့အဆင်ပြေပါစေဆုတောင်းပေးရုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ဘူးကွာသူတော်ကောင်းနတ်ကောင်းမပါစေကွာပြည်သူတွေပို့သတဲ့မေတ္တာနဲ့မင်းအမြန်ဆုံးလွတ်မြောက်ပါစေ။

Zawgyi Version




Credit