Cele News

နေ့စဉ်ရက်ဆက် ထမင်းတောင်မစားနိုင်ဘဲ သားကိုစိတ်ပူနေတဲ့ ဖခင်ဖြစ်သူကြောင့် စိတ်မကောင်းဖြစ်နေတဲ့ တိုင်ရွန်

နေ့စဉ်ရက်ဆက် ထမင်းတောင်မစားနိုင်ဘဲ သားကိုစိတ်ပူနေတဲ့ ဖခင်ဖြစ်သူကြောင့် စိတ်မကောင်းဖြစ်နေတဲ့ တိုင်ရွန်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသားချောပိုင်တံခွန်ကတော့အနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်သလိုလတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာပြည်သူတွေဘက်ကတတ်တတ်ကြွကြွရပ်တည်ပေးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒါအပြင်မင်းသားချောတိုင်ရွှန်ကတော့ ပရဟိတအလုပ်တွေကိုလုပ်ကိုင်နေပြီး လိုအပ်နေတဲ့သူတွေကိုလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။လတ်တလောအခြေအနေအရပ်ရပ်ကြောင့်တ်ိမ်းရှောင်နေရပေမယ့်လည်းသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် Speak Out လုပ်ပေးနေသူလည်းဖြစ်ပါတယ်။

ဒါ့အပြင်မနေ့ကဖြစ်ပွားခဲ့တဲ့ပဲခူးမြို့ကဖြစ်စဉ်တွင်သူ့ဘက်မှဘာမှမလုပ်ပေးနိုင်ခဲ့တဲ့အတွက်ဝမ်းနည်းကြောင်းကိုလည်းရေးသားထားတာကိုမြင်တွေ့ကြရမှာပါ။မကြာသေးခင်နာရီပိုင်းလောက်ကလည်းတိုင်ရွန်ရဲ့FacebookStoryတွင်နေ့စဉ်ရက်ဆက်ထမင်းတောင်မစားနိုင်ဘဲသားကိုစိတ်ပူနေတဲ့ဖခင်ဖြစ်သူကြောင့်စိတ်မကောင်းဖြစ်နေတဲ့အကြောင်းကိုရေးသားထားတာပဲဖြစ်ပါတယ်။

ထမင်းလည်းမစားတစ်နေ့တစ်နေ့Facebookပေါ်ကသတင်းတွေဖတ်ပြီးသားဖြစ်သူကိုစိတ်ပူနေတယ်တဲ့။ပါးပါးရေသားလည်းသတိရပါတယ်စိတ်မပူပါနဲ့ဒီအခြေအနေကြီးအမှန်တရားအတိုင်းအေးချမ်းသွားရင်အရင်လိုအေးအေးဆေးဆေးပြန်နေနိုင်မှာပါသားလည်းသတိရနေပါတယ်ကျန်းမာရေးဂရုစိုက်ပါဆိုပြီးရေးသားထားတာပဲဖြစ်ပြီးပရိသတ်တွေအတွက်ဒီသတင်းကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။ခွဲခွာနေရတဲ့မိသားစုတွေလည်းအမြန်ဆုံးပြန်လည်ပေါင်းစည်းနိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်။

Credit