Cele News

မိတ်ဆွေများနဲ့ စုပေါင်းကာ စားဝတ်နေရေးခက်ခဲနေသော ပြည်သူတွေအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့တဲ့ ရေဗက္ကာဝင်း

မိတ်ဆွေများနဲ့စုပေါင်းကာစားဝတ်နေရေးခက်ခဲနေသောပြည်သူတွေအတွက်စားနပ်ရိက္ခာများထောက်ပံ့ခဲ့တဲ့ရေဗက္ကာဝင်း

သီချင်း​ကောင်းလေးတွေကိုအသံချိုချိုလေးနဲ့သီဆိုတတ်တဲ့အဆိုတော်ရေဗက္ကာဝင်းကတော့ပရိသတ်တွေရဲ့အားပေးမှုအခိုင်အမာရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။စေတနာသဒ္ဒါတရားထက်သန်သူမို့အားလုံးကလေးစားချစ်ခင်နေကြတာပါ။သူမရဲ့ချွေးနည်းစာငွေများဖြင့်အလှူအတန်းတွေလုပ်နေတာကိုလည်းကြည်နူးဖွယ်မြင်တွေ့ကြရမှာပါနော်။

ရေဗက္ကာဝင်းကတော့လတ်တလောအခြေအနေတွေကြောင့်စားဝတ်နေရေးအဆင်မပြေဖြစ်နေကြတဲ့ပြည်သူတွေအတွက်လိုအပ်တဲ့စားသောက်ကုန်များကိုသူငယ်ချင်းများနဲ့စုပေါင်းကာလိုက်လံလှူဒါန်းနေတာလည်းဖြစ်ပါတယ်။ပရိသတ်တွေသာဓုခေါ်ဆိုနိုင်အောင်လည်းအလှူတွေလုပ်နေတဲ့ပုံရိပ်တွေကိုသူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်ဝေမျှပေးနေတာဖြစ်ပါတယ်။

မကြာသေးခင်မိနစ်ပိုင်းလောက်ကလည်းရေဗက္ကာဝင်းရဲ့Facebookအကောင့်တွင်မိတ်ဆွေများနဲ့စုပေါင်းပြီးအိမ်ထောင်စု(၂၂၈)စုစာအတွက်စားနပ်ရိက္ခာပစ္စည်းတစ်ချို့လှူဒါန်းခဲ့တဲ့ပုံရိပ်တွေကိုတင်ထားတာဖြစ်ပါတယ်။

စေတနာရှင်များဖြစ်ကြတဲ့အနုပညာပိုးသဘက် Shingni Nbat(မြစ်ကြီးနား)ပထမမြန်မာနှစ်ခြင်းအသင်းတော်(SanFran)Ma Yimar Tun (SanFran)MaAngeli Nihoitial(Indianapolis) Nestle Myanmarတို့နဲ့စုပေါင်းပြီးဝေလုဝန်ကျောင်းတိုက်တောင်ဒဂုံကဆရာတော်KBC(ကချင်နှစ်ခြင်းသာသနာအဖွဲ့ချုပ်)နဲ့လိုအပ်နေတဲ့ပြည်သူများကိုပေါ်ဆန်းမွှေး၃ပြည်နေကြာဆီ၁လီတာပဲကြာဇံပဲနီလေးMaggiစွယ်စုံသုံးဟင်းခတ်မှုန့်တို့ကိုအိမ်ထောင်စု(၂၂၈)စုစာလှူဒါန်းခဲ့ပါတယ်ရှင်။

သားအိမ်ခြစ်ဖို့အခက်အခဲဖြစ်နေတဲ့အမျိုးသမီးတစ်ဦးအတွက်လည်းဆေးရုံတက်ဖို့လှူဒါန်းပါဝင်ခဲ့ပါတယ်ရှင်ဆိုပြီးရေးသားထားတာပဲဖြစ်ပြီးပရိသတ်တွေလည်းသိရှိနိုင်စေဖို့တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Credit