Cele News

အရေးအကြီးဆုံးက သွေးမကွဲကြဖို့နဲ့ သွေးအေးမသွားကြရန်လိုကြောင်း ပရိသတ်တွေကို အားပေးစကားလေးပြောကြားလာတဲ့ မေ

အရေးအကြီးဆုံးကသွေးမကွဲကြဖို့နဲ့သွေးအေးမသွားကြရန်လိုကြောင်းပရိသတ်တွေကိုအားပေးစကားလေးပြောကြားလာတဲ့မေ

ပရိသတ်တွေအားပေးမှုအပြည့်အဝရရှိထားတဲ့မေကတောမြန်မာနိုင်ငံရဲ့ဒီအရေးတော်ပုံကြီးစတင်ထဲကပြည်သူတွေနဲ့အတူစိတ်ရောကိုယ်ပါနှစ်ပြီးပါဝင်ရပ်တည်ခဲ့သူတစ်ယောက်ပါ။ဒါ့အပြင်သူရဲ့အကောင့်ကနေလည်းမြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကိုကမ္ဘာသိအောင်အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့သလိုအရေးကြီးလိုက်နာသင့်တဲ့သတင်းအချက်အလက်တွေကိုလည်းဝေမျှပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူကိုယ်တိုင်လည်းလမ်းမပေါ်ထွက်ကာလှုပ်ရှားမှုတွေမှာမျိုးစုံပါဝင်ခဲ့သူတစ်ယောက်ပါ။ဒါ့အပြင်ဆန္ဒထုတ်ဖော်နေတဲ့ရှေ့တန်းကပြည်သူတွေအတွက်လည်းအကာအကွယ်ပစ္စည်းများနဲ့လိုအပ်တဲ့ပစ္စည်းများကိုလည်းလှူဒါန်းခဲ့ရာတတ်နိုင်သလောက်ရရာနေရာကနေပါဝင်အားဖြည့်ခဲ့တာကြောင့်အားလုံးကလေးစားနေရတာပါ။

ဒီလိုတွေပါဝင်ခဲ့တာကြောင့်လည်းခုဆိုခြိမ်းခြောက်ခံရမှုတွေရှိနေပြီးမေအနေနဲ့မိသားစုနဲ့ခွဲကာတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့အင်တာနက်ရတုန်းလေးပရိသတ်တွေကိုအားပေးစကားလေးခုလိုပြောကြားလာတာဖြစ်ပါတယ်။ဘဝတွေနဲ့လောင်းကြေးထပ်ပြီးတိုက်ရတဲ့ဒီပွဲကအလျော်အစားသိပ်ကြီးပါတယ် အရေးအကြီးဆုံးကသွေးမကွဲကြဖို့ပါပဲသွေးလည်းအေးမသွားကြပါနဲ့နော်လိုင်းရတုန်းလေးခဏလာတင်တာပါအားလုံးကျန်းမာရေးလည်းဂရုစိုက်ကြပါနော်ဆိုတဲ့စာလေးပဲဖြစ်ရာပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version

ဒါ့အျပင္ဆႏၵထုတ္ေဖာ္ေနတဲ့ေရွ႕တန္းကျပည္သူေတြအတြက္လည္းအကာအကြယ္ပစၥည္းမ်ားနဲ႕လိုအပ္တဲ့ပစၥည္းမ်ားကိုလည္းလႉဒါန္းခဲ့ရာ တတ္နိုင္သေလာက္ရရာေနရာကေနပါဝင္ အားျဖည့္ခဲ့တာေၾကာင့္အားလုံးကေလးစားေနရတာပါ။

ဘဝေတြနဲ႕ေလာင္းေၾကးထပ္ၿပီးတိုက္ရတဲ့ဒီပြဲကအေလ်ာ္အစားသိပ္ႀကီးပါတယ္ အေရးအႀကီးဆုံးကေသြးမကြဲၾကဖို႔ပါပဲေသြးလည္းေအးမသြားၾကပါနဲ႕ေနာ္လိုင္းရတုန္းေလးခဏလာတင္တာပါအားလုံးက်န္းမာေရးလည္းဂ႐ုစိုက္ၾကပါေနာ္ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit