Cele News

၅၀၅ က နဲ့ အရေးယူခြင်းခံရပေမယ့် ပရိသတ်တွေကို စိတ်မပူဖို့ အသိပေးပြောပြလာတဲ့ ဘုန်းဆက်သွင်

၅၀၅ကနဲ့အရေးယူခြင်းခံရပေမယ့်ပရိသတ်တွေကို စိတ်မပူဖို့အသိပေးပြောပြလာတဲ့ဘုန်းဆက်သွင်

စစ်အာဏာရှင်တော်လှန်ရေးလူထူလှုပ်ရှားမှုကြီးမှာတတ်တတ်ကြွကြွပါဝင်ပေးခဲ့တဲ့မင်းသားချောဘုန်းဆက်သွင်ကတော့ဒီကနေ့မှာပဲ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူခြင်းခံရတဲ့အနုပညာရှင်တွေမှာပါဝင်လာခဲ့ပါတယ်။ဘုန်းဆက်သွင်တော့ဖေဖော်ဝါရီလအစပိုင်းကတည်းကပြည်သူတွေနဲ့အတူလမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင်ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်လည်းလှူဒါန်းမှုတွေနဲ့ဖေးမကူညီကာတတ်နိုင်တဲ့ဘက်ကနေအားဖြည့်ပါဝင်နေသူလည်းဖြစ်ပါတယ်။

ဖြိုခွင်းမှုတွေကြားကအရေးတော်ပုံအောင်မြင်ဖို့အတွက်မပျက်မကွက်လမ်းပေါ်ထွက်လှုပ်ရှားမှုတွေနဲ့ကြိုးစားလုပ်ဆောင်နေတဲ့ဘုန်းဆက်သွင်ကတော့၅၀၅-ကဖြင့်ဝရမ်းထုတ်အရေးယူခြင်းခံရတဲ့အထဲပါဝင်လာပေမယ့်လည်းပရိသတ်တွေကိုစိတ်မပူဖို့ပြောပြလာပါတယ်။ထင်ထားတဲ့အတိုင်းဖြစ်လာခဲ့တာမို့စိတ်ချရတဲ့နေရာမှာရှိနေတာမို့စိတ်ပူပေးကြသူတွေကိုကျေးဇူးတင်စကားပြောရင်းဘုန်းဆက်သွင်ကသူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေအားလုံးကိုအသိပေးပြောပြထားတာပဲဖြစ်ပါတယ်။

ထင်ထားတဲ့အတိုင်းဖြစ်လာပါပြီခင်ဗျာကျွန်တော်စိတ်ချရတဲ့နေရာမှာရှိနေပါတယ်စိတ်ပူပေးကြလို့လည်းကျေးဇူးပါခင်ဗျာရှုံးမှာသိနေတဲ့သူတို့တောင်နောက်မဆုတ်သေးတာနိုင်မှာသိနေတဲ့ကျွန်တော်တို့တွေကနောက်ဆုတ်စရာလားအရေးတော်ပုံအောင်ရမည်ဆိုပြီးဘုန်းဆက်သွင်ကရေးသားပြောပြထားတာပါ။ဒီကနေ့မှာဝရမ်းပါတဲ့ဘုန်းဆက်သွင်အတွက်ပရိသတ်တွေကလည်းစိုးရိမ်တကြီးစိတ်ပူနေကြသလိုဂရုစိုက်ဖို့ကိုလည်းသတိပေးစကားတွေနဲ့ဆုတောင်းစကားတွေပြောထားကြတာလည်းတွေ့ရပါတယ်။

Zawgyi Version

စစ္အာဏာရွင္ေတာ္လွန္ေရးလူထူလႈပ္ရွားမႈႀကီးမွာတတ္တတ္ႂကြႂကြပါဝင္ေပးခဲ့တဲ့မင္းသားေခ်ာဘုန္းဆက္သြင္ကေတာ့ဒီကေန႕မွာပဲ ၅၀၅-က ျဖင့္အမႈဖြင့္အေရးယူျခင္းခံရတဲ့အႏုပညာရွင္ေတြမွာပါဝင္လာခဲ့ပါတယ္။ဘုန္းဆက္သြင္ေတာ့ ေဖေဖာ္ဝါရီလအစပိုင္းကတည္းကျပည္သူေတြနဲ႕အတူလမ္းေပၚထြက္လႈပ္ရွားမႈေတြအျပင္က်ဆဳံးသြားတဲ့သူရဲေကာင္းေတြအတြက္လည္းလႉဒါန္းမႈေတြနဲ႕ေဖးမကူညီကာတတ္နိုင္တဲ့ဘက္ကေန အားျဖည့္ပါဝင္ေနသူလည္းျဖစ္ပါတယ္။

ၿဖိဳခြင္းမႈေတြၾကားကအေရးေတာ္ပုံေအာင္ျမင္ဖို႔အတြက္မပ်က္မကြက္လမ္းေပၚထြက္လႈပ္ရွားမႈေတြနဲ႕ႀကိဳးစားလုပ္ေဆာင္ေနတဲ့ဘုန္းဆက္သြင္ကေတာ့၅၀၅-က ျဖင့္ဝရမ္းထုတ္အေရးယူျခင္းခံရတဲ့အထဲပါဝင္လာေပမယ့္လည္းပရိသတ္ေတြကိုစိတ္မပူဖို႔ေျပာျပလာပါတယ္။

ထင္ထားတဲ့အတိုင္းျဖစ္လာပါၿပီခင္ဗ်ာ ကြၽန္ေတာ္စိတ္ခ်ရတဲ့ေနရာမွာရွိေနပါတယ္
စိတ္ပူေပးၾကလို႔လည္းေက်းဇူးပါခင္ဗ်ာရႈံးမွာသိေနတဲ့သူတို႔ေတာင္ေနာက္မဆုတ္ေသးတာနိုင္မွာသိေနတဲ့ကြၽန္ေတာ္တို႔ေတြကေနာက္ဆုတ္စရာလားအေရးေတာ္ပုံေအာင္ရမည္ဆိုၿပီးဘုန္းဆက္သြင္ကေရးသားေျပာျပထားတာပါ။

Credit