Cele News

ကိုယ့်လမ်းကိုယ်ဖောက်ပြီး မှန်ကန်တဲ့လမ်းရွေးချယ်ခဲ့တာမို့ အဆုံးထိလျောက်မယ့်အကြောင်းပြောပြလာတဲ့ မိတ်ကပ်မေဦး

ကိုယ့်လမ်းကိုယ်ဖောက်ပြီးမှန်ကန်တဲ့လမ်းရွေးချယ်ခဲ့တာမို့အဆုံးထိလျောက်မယ့်အကြောင်းပြောပြလာတဲ့ မိတ်ကပ်မေဦး

အလှဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့မိတ်ကပ်မေဦးကတော့မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာတက်ကြွစွာပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅(က)ဖြင့်တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။သူ့ရဲ့သတ္တိရှိမှုတွေကိုလည်းပရိသတ်တွေကအရမ်းကိုလေးစားအားကျနေကြရတာပါ။အခြေအနေအရပ်ရပ်ကြောင့်တိမ်းရှောင်နေရပေမယ့်လည်းလက်ရှိဖြစ်နေတဲ့သတင်းအချက်အလက်တွေကိုတော့မေဦးရဲ့လူမှုကွန်ယက်များတွင်ဝေမျှပေးနေတာပါ။

မေဦးကတော့လတ်တလောမှာ၅ဝ၅ပုဒ်မနဲ့ဖမ်းဝရမ်းထုတ်ထားခံရပြီးမော်ဒယ်ဟန်လင်း၊ ဖမ်းဆီးဖို့ကြိုးစားနေတဲ့ Miss Golden Land Myanmar ရဲ့ CEOနဲ့ Founderတွေဖြစ်ကြတဲ့ဟန်ဇော်လတ်နဲ့ဝေယံအောင်တို့အပြင်Gen Z Burma ရဲ့Social Media Teamအဖွဲ့ဝင် Alvin နဲ့သပိတ်စည်းရုံးမှူးမချစ်စုမွန်တို့နဲ့အတူထိုင်းမြန်မာနယ်စပ်ကိုရောက်ရှိနေပါတယ်။

သူတို့အားလုံးဟာအခု Free Burma Rangersရဲ့ အကူအညီနဲ့နယ်စပ်တနေရာမှာရောက်ရှိနေတာဖြစ်ပါတယ်။ပရိတ်သတ်တွေကတော့အရမ်းကိုအောင်မြင်နေတဲ့မိတ်ကပ်ပညာရှင်ဘ၀ကနေစွန့်လွှတ်ပြီးမေဦးကိုလေးစားနေကြတာပဲဖြစ်ပါတယ်။အနေအထိုင်နူးညံ့အေးဆေးပြီးထိပ်တန်းမိတ်ကပ်ပညာရှင်roleတခုကိုပိုင်ဆိုင်ထားတဲ့ဘ၀ကနေလက်နက်ကိုင်တွေထဲပြတ်ပြတ်သားသား၀င်သွားတဲ့အတွက်အံ့ဩဂုဏ်ယူနေကြတာပဲဖြစ်ပါတယ်။တော်လှန်ရေးအတွက်လက်နက်တွေကိုင်‌လေ့ကျင့်နေရတဲ့အတွက်လည်းအန္တာရယ်ကင်းကြဖို့လှိုက်လှိုက်လှဲလှဲဆုတောင်းပေးနေကြတာပဲဖြစ်ပါတယ်။

မကြာသေးခင်နာရီပိုင်းလောက်ကလည်းမေဦးရဲ့ Facebook အကောင့်တွင်အမှန်တရားဘက်တော်သားများမှန်ကန်တဲ့လမ်းကိုရွေးဖို့ရေးသားပြောပြလာတာပဲဖြစ်ပါတယ်။ဒါ့အပြင်အရေးတော်ပုံအောင်မြင်ဖို့ကိုယ်လမ်းကိုယ်ဖောက်ခဲ့တဲ့အကြောင်းကိုလည်းဒီပို့စ်အောက်မှာလည်းအားတင်းထားဖို့အန္တာရယ်ကင်းစေဖို့ ပရိတ်သတ်တွေကဆုတောင်းပေးထားကြတာဖြစ်ပါတယ်။

Credit