Cele News

လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့လို့ ပြဿနာတစ်စုံတစ်ခု ဖြစ်ခဲ့ပါက သူမတစ်ယောက်တည်းမှာသာတာဝန်ရှိကြောင်းရဲရဲဝင့်ဝင့် ပြောလိုက်တဲ့ ထားထက်ထက်

လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့လို့ပြဿနာတစ်စုံတစ်ခုဖြစ်ခဲ့ပါကသူမတစ်ယောက်တည်းမှာသာတာဝန်ရှိကြောင်းရဲရဲဝင့်ဝင့်ပြောလိုက်တဲ့ထားထက်ထက်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မော်ဒယ်သရုပ်​ဆောင်တစ်ယောက်ဖြစ်တဲ့ထားထက်ထက်ကတော့ယခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးဖေဖော်ဝါရီလအစပိုင်းမှစတင်ပြီးလှုထုလှုပ်ရှားမှုမှာပါဝင်လာတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်နေတဲ့ထားထက်ထက်ကိုပရိတ်သတ်တွေကလည်းလေလေးစားဂုဏ်ယူနေကြတာပဲဖြစ်ပါတယ်

သူမဟာဆိုရင်လူထုလှုပ်ရှားမှုကိုဖေဖော်ဝါရီလ၆ရက်နေ့မှစတင်ပြီးလမ်းပေါ်ထွက်ကာနေ့စဉ်ရက်စက်ဆန္ဒထုတ်ဖော်ခဲ့တာပဲဖြစ်ပါတယ်နော်။ထားထက်ထက်ကခုလိုလှုပ်ရှားမှုတွေပြုလုပ်ခဲ့လို့ပြသနာတစ်စုံတစ်ခုဖြစ်လာခဲ့ရင်သူမနဲ့သာလျှင်သက်ဆိုင်ကြောင်းနဲ့လုံးဝနောက်မဆုပ်ပဲရှေ့ဆက်သွားမယ့်အကြောင်းအခုလိုပဲပြောပြာတာပဲဖြစ်ပါတယ်။

ထားထက်ထက်ကစစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးကိုFebruary 6 ရက်နေ့မှစပြီးလမ်းပေါ်ထွက်နေ့စဉ်ရက်ဆက်ကျွန်မလုပ်ခဲ့ပါတယ်။ထိုကဲ့သို့ကျွန်မလုပ်ခဲ့သမျှအရာတွေဆိုရှယ်မီဒီယာပေါ်တင်သမျှ၊ရှေ့ထွက်ဆန္ဒပြခဲ့သမျှ၊စစ်အာဏာရှင်အမြစ်ပြုတ်ရေးတော်လှန်ခဲ့သမျှ၊လက်ရှိဆက်လုပ်ဆောင်နေသမျှ၊နောက်ထပ်ဆက်လက်လုပ်ဆောင်သမျှအရာရာအားလုံးသည်ကျွန်မကိုယ်တိုင်ကျွန်မရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ကျွန်မလုပ်သည့်အရာတွေသာဖြစ်ပါတယ်။ဘယ်သူ့တိုက်တွန်းမှုမှမပါသလိုဘယ်သူမှအတင်းအကျပ်စေခိုင်းခြင်းမရှိပါ။

ထို့အတွက်ဒီအရာတွေကြောင့်ပြသနာတစုံတရာဖြစ်စေ၊ဆုံးရှုံးမှုတစုံတရာဖြစ်စေဖြစ်ပေါ်လာပါကကျွန်မထားထက်ထက်တစ်ဦးထဲမှာသာလျှင်တာဝန်ရှိပါသည်။ကျွန်မမိသားစုညီအကိုမောင်နှမ၊သူငယ်ချင်းမိတ်ဆွေ၊အရင်းနီးဆုံးလူ၊ချစ်ရတသူဘယ်သူ့ဘယ်သူမှာမှတာဝန်မရှိပါ၊သက်ဆိုင်မှုမရှိပါ။

(အားလုံးနဲ့လဲ အဆက်အသွယ်မရှိတာဖြတ်လိုက်တာလဲအချိန်အတော်ကြီးကိုကြာခဲ့ပါပြီ)ကျွန်မတို့တွေအားလုံးအောင်မြင်တဲ့တနေ့မှာတော့ထိုအောင်မြင်မှုအရာအားလုံးသည်အားလုံးအားလုံးနဲ့ထိုက်တန်ပါသည်။

အားလုံးအားလုံးနဲ့သာသက်ဆိုင်ပါသည်။မှတ်ချက်(အကြမ်းဖက်စကစသူပုန်တွေနဲ့ဒလန်တွေမပါ)30 April 2021ဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။ထားထက်ထက်ရဲ့လေးစားစရာကောင်းတဲ့စိတ်ဓာတ်ကိုတော့မချီးကျူးပဲကိုမနေနိုင်လောက်အောင်ပါပဲပရိတ်သတ်ကြီးရေ

Credit