Cele News

အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်နေရပေမယ့်လည်း ခင်ပွန်းဖြစ်သူရဲ့မွေးနေ့လေးကို ထူးထူးခြားခြားလေးဆုတောင်းပေးလိုက်တဲ့ ပိုင်ဖြိုးသု

အကြောင်းအမျိုးမျိုးကြောင့်တိမ်းရှောင်နေရပေမယ့်လည်းခင်ပွန်းဖြစ်သူရဲ့မွေးနေ့လေးကိုထူးထူးခြားခြားလေးဆုတောင်းပေးလိုက်တဲ့ပိုင်ဖြိုးသု

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးပိုင်ဖြိုးသုကတော့အရမ်းကိုအေးချမ်းလွန်းပြီးခင်ပွန်းကောင်းပီသလွန်းတဲ့ဒါရိုက်တာဏကြီးနဲ့အိမ်ထောင်ကြပြီးသာယာတဲ့အိမ်ထောင်သည်ဘဝလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

သူမအပေါ်အရမ်းကိုချစ်ခင်ပြီးသူမဆိုးသမျှကိုသည်းခံခွင့်လွှတ်ပေးတတ်တဲ့ရေခဲတုံးကြီးတစ်မျှအေးချမ်းလွန်းတဲ့ခင်ပွန်းသည်ကိုပိုင်ဖြိုးသုကချစ်စနိုးနဲ့ဦးရေခဲကြီးလို့ခေါ်ခဲ့တာဖြစ်ပြီးပရိတ်သတ်ကလည်းဒီအခေါ်အဝေါ်လေးကြောင့်သုသုကိုပိုပြီးချစ်နေကြတာပဲဖြစ်ပါတယ်နော်။

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံဟာဆိုရင်လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တာကြောင့်ပရိတ်သတ်တွေကသူမတို့ဇနီးမောင်နှံကိုလေးစားနေကြတာပဲဖြစ်ပါတယ်။သုသုတို့ဇနီးမောင်နှံကလူထုလှုပ်ရှားမှုမှာနေ့စဉ်နေ့တိုင်းလမ်းပေါ်ထွက်ပြီးဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်နော်။

အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့လို့သူမတို့ဇနီးမောင်နှံကို ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံခဲ့ရတာပဲဖြစိပါတယ်နော်။အကြောင်းအမျိုးမျိုးကြောင့်ထွက်ပြေးတိမ်းရှောင်နေရပေမယ့်လည်းရတဲ့နေရာကနေပါဝင်နေတာပဲဖြစ်ပါတယ်နော်။

ဒီကနေ့ဟာဆိုရင်တော့ဒါရိုက်တာဏကြီးရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်နော်။ပိုင်ဖြိုးသုကခင်ပွန်းဖြစ်သူဏကြီးရဲ့မွေးနေ့လေးကိုထူးထူးခြားခြားလေးဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်။သုသုကအသက်(၄၀)မှဘဝကစတာတဲ့ဦးရေခဲကြီးဘဝကိုစလုံးရေစရတဲ့အချိန်မှာမှစစ်အာဏာသိမ်းခံထားရချိန်နဲ့ကြုံရတာတော့ကျက်သရေမရှိဘူးပေါ့နော်ဘဝမှာသူ့အတွက် ဒီမိုကရေစီအမြန်ရရှိပါစေစစ်အာဏာရှင်အုပ်ချုပ်ခံရမှုမှအမြန်လွတ်မြောက်ပါစေလို့မွေးနေ့မှာဆုတောင်းပေးရမယ်လို့အိပ်မက်တောင်မမက်ဖူးဘူး

Anyway I’ll always be by your side, through thick and thin. Have a peaceful birthday Boo Bearအရေးတော်ပုံအမြန်ဆုံးအောင်ပါစေဆိုပြီးခင်ပွန်းဖြစ်သူရဲမွေေးနေ့လေးကိုဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်နော်။ပိုင်ဖြိုးကသူမရဲ့ခင်ပွန်းဏကြီးရဲ့မွေးနေ့ကိုအခုလိုအခြေအနေမျိုးနဲ့ကြုံနေရလို့စိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယ်ပရိတ်သတ်ကြီးရ။ဒါရိုက်တာဏကြီးရဲ့မွေးနေ့လေးကိုပရိတ်သတ်ကြီးကလည်း ဆုတောင်းမေတ္တာပို့သပေးခဲ့ကြပါအုံးနော်။

Credit