Cele News

တကယ့်အလင်းတန်းကို မရမချင်း နေ့တိုင်းဟာ တော်လှန်ရေးနေ့ပဲဆိုပြီး ခိုင်မာပြတ်သားစွာပြောလာတဲ့ မြနှင်းရည်လွင်

တကယ့်အလင်းတန်းကိုမရမချင်းနေ့တိုင်းဟာ တော်လှန်ရေးနေ့ပဲဆိုပြီးခိုင်မာပြတ်သားစွာပြောလာတဲ့ မြနှင်းရည်လွင်

ဇာတ်လမ်းတွဲတွေကနေတဆင့်ပရိသတ်အားပေးမှုအပြည့်အဝရရှိလာခဲ့တဲ့မင်းသမီးချောလေးမြနှင်းရည်လွင်ကတော့ဖေဖော်ဝါရီလအစပိုင်းကတည်းကပြည်သူတွေနဲ့အတူကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာလမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာအင်တိုက်အားတိုက်ပါဝင်ကာအားလုံးနဲ့အတူရပ်တည်နေသူလည်းဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း၅၀၅ကဖြင့်အမှုဖွင့်အရေးယူခြင်းခံထားရတဲ့မြနှင်းရည်လွင်ကတော့တကယ့်အလင်းတန်းကိုမရမချင်းနေ့တိုင်းဟာတော်လှန်ရေးနေ့ပဲဆိုပြီးခိုင်မာပြတ်သားစွာပြောလာပါတယ်။မြနှင်းရည်လွင်ကတော့လတ်တလောမှာလုံခြုံရေးအရရှောင်တိမ်းနေရပေမယ့်လည်းဆုံးဖြတ်ချက်တွေခိုင်မာစွာနဲ့တတ်နိုင်သလောက်အားဖြည့်ပါဝင်နေတာဆိုလည်းမမှားပါဘူး။

တကယ့်အလင်းတန်းကိုမရမချင်းနေ့တိုင်းဟာ ငါတို့ရဲ့တော်လှန်ရေးနေ့တွေချည်းပဲဆိုပြီးမြနှင်းရည်လွင်ကရေးသားထားတာဖြစ်ပါတယ်။ပြည်သူတွေနဲ့အတူရပ်တည်ပြီးယုံချက်ကြည်တွေနဲ့အနာဂတ်တွေအတွက်တော်လှန်ရေးတိုက်ပွဲကြီးမှာကြိုးစားပါဝင်နေတဲ့မြနှင်းရည်လွင်ရဲ့ခိုင်မာပြတ်သားတဲ့စိတ်ထားတွေကိုပရိသတ်တွေအားလုံးကလည်းသဘောကျနေကြတာဖြစ်ပါတယ်။

Zawgyi Version




Credit