Cele News

ဒီနေ့မှာ ကျရောက်တဲ့ သရုပ်ဆောင် ဒွေးရဲ့မွေးနေ့အား ရည်စူး၍ ဘုရားတွင် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ဇွဲနိုင်ဝင်း

ဒီနေ့မှာကျရောက်တဲ့သရုပ်ဆောင်ဒွေးရဲ့မွေးနေ့အား ရည်စူး၍ဘုရားတွင်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့တဲ့ဇွဲနိုင်ဝင်း

တစ်နိုင်ငံလုံးရဲ့ချစ်ခင်အားပေးမှုတွေကိုသိမ်းပိုက်ရရှိထားခဲ့သောသရုပ်ဆောင်ဒွေးကတော့သူချစ်ရတဲ့အနုပညာလောကကိုအပြီးတိုင်စွန့်ခွာသွားခဲ့သည်မှာဆယ်စုနှစ်ကျော်တိုင်ခဲ့ပြီပဲဖြစ်ပါတယ်။သူ့ကိုချစ်ကြတဲ့မိတ်ဆွေမောင်နှမများကတော့ဒွေးရဲ့အမှတ်တရနေ့ရက်တိုင်းမှာကုသိုလ်ကောင်းမှုတွေအမြဲပြုလုပ်ပေးခဲဲ့ကြတာဖြစ်ပါတယ်။သရုပ်ဆောင်ဇွဲနိုင်ဝင်းကတော့ဒွေးရဲ့ညီအရင်းတစ်ယောက်လိုချစ်ခင်ရသူတစ်ယောက်ဖြစ်ပါတယ်။

ဒွေးနဲ့ပတ်သက်တဲ့အမှတ်တရအကြောင်းအရာလေးတွေကိုလည်းဇွဲနိုင်ဝင်းရဲ့လူမှုကွန်ယက်တွင်အမြဲရေးသားဝေမျှပေးနေတာဖြစ်ပါတယ်။ဒီကနေ့ကတော့ဒွေး(ခ)ကိုသားကြီးရဲ့(၅၅)နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။မကြာသေးခင်နာရီပိုင်းလောက်ကဇွဲနိုင်ဝင်းရဲ့Facebookအကောင့်တွင်သရုပ်ဆောင်ဒွေးရဲ့မွေးနေ့အားရည်စူးပြီးဘုရားတွင်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့တဲ့တာဖြစ်ပါတယ်။

သူကလည်းဒီနေ့ကျွန်တော့်ကျေးဇူးရှင်ဆရာသမားကိုသားကြီး(ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဒွေး)ရဲ့(၅၅)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။HAPPY BIRTHDAY ပါအစ်ကိုအစ်ကို့အတွက်ရည်စူးပြီးကျွန်တော်ဒီမနက်ရွှေတိဂုံစေတီတော်စနေထောင့်မှာရှိခိုးပြီးအောင်မြေမှာမေတ္တာသုတ်တော်နှင့်(၂၄)ပစ္စည်းပဋ္ဌာန်းဒေသနာတော်အကျယ်ကိုရွတ်ဖတ်ပူဇော်ကန်တော့ပြီးကုသိုလ်ပြုခဲ့ပါတယ်ခင်ဗျာ။အစ်ကိုသာဓုခေါ်နိုင်ပါစေချောင်းဝဘုန်းဘုန်းကျောင်းကိုသွားပြီးအစ်ကို့ကိုသန့်ရှင်းရေးလုပ်ပေးပြီးကန်တော့ဖို့အတွက်ဖုန်းဆက်တော့ဘုန်းဘုန်းကြီးကျောင်းကဝင်လို့မရသေးလို့ပါတဲ့။အဲ့ဒါနဲ့ဘုရားမှာဘဲအစ်ကို့အတွက်ကုသိုလ်ပြုခဲ့ပါတယ်။အစ်ကိုရှိနေတယ့်နေရာကနေသာဓုခေါ်နိုင်ပါစေသာဓုခေါ်ပေးအစ်ကိုရယ်နော်သာဓုသာဓုသာဓု

ကိုသားကြီးနှင့်မွေးနေ့တစ်ရက်တည်းဖြစ်တဲ့ကိုလူမင်းကျန်းမာချမ်းသာပြီးအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ပရိသတ်တွေတစ်ခဲနက်အားပေးခဲ့ကြတဲ့သရုပ်ဆောင်ဒွေးတစ်ယောက်ဤကုသိုလ်ကောင်းမှုတွေကိုရောက်ရာဘုံဘဝကနေသာဓုခေါ်ဆိုနိုင်ပါစေနော်။ဒွေးနဲ့မွေးနေ့တစ်နေ့တည်းကျရောက်တဲ့သရုပ်ဆောင်လူမင်းလည်းကျန်းမာရေးအမြန်ဆုံးကောင်းမွန်ပြီးမိသားစုနဲ့ပြန်လည်ဆုံဆည်းပါစေလို့လည်းဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Credit