Cele News

လှိုင်သာယာက ကျူးအိမ်မိသားစုတွေအတွက် ဆန်တွေ ပေးဝေလှူဒါန်းလိုက်တဲ့ ခိုင်နှင်းဝေ

လှိုင်သာယာကကျူးအိမ်မိသားစုတွေအတွက်ဆန်တွေ ပေးဝေလှူဒါန်းလိုက်တဲ့ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေနဲ့ပရိသတ်တွေရဲ့လေးစားချစ်ခင်မှုတွေကိုများစွာရရှိထားတဲ့ခိုင်နှင်းဝေကတော့လှူဒါန်းမှုတွေကိုလည်းဆက်တိုက်ပြုလုပ်နေသူပဲဖြစ်ပါတယ်။လတ်တလောအခြေအနေတွေအမျိုးမျိုးကြောင့်စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေအတွက် စားသောက်ကုန်တွေပေးဝေလှူဒါန်းနေတဲ့အပြင်အလှူငွေတွေလည်းတတ်နိုင်သလောက်လှူဒါန်းနေတာတွေ့ရပါတယ်။

ခိုင်နှင်းဝေကတော့ဒီကနေ့မှာလည်းလှိုင်သာယာဘက်မှကျူးအိမ်မိသားစုတွေအတွက်လည်းဆန်တွေကိုယ်တိုင်ကိုယ်ကျချိန်တွယ်ကာပေးဝေလှူဒါန်းပြီးကောင်းမှုကုသိုလ်တွေပြုလုပ်နေပြန်ပါတယ်။စေတနာရှင်တွေရဲ့လှူဒါန်းမှုတွေနဲ့ကျူးအိမ်ခြေ(၂၀၀)အတွက်တစ်အိမ်ဆန်(၅)ပြည်စီပေးဝေခဲ့တာဖြစ်ပြီးအိမ်တွေအထိလိုက်ဝေဖို့အဆင်မပြေတာကြောင့်ဘုန်းကြီးကျောင်းနဲ့ရပ်ကွက်ရုံးတွေကနေလှူဖြစ်ခဲ့တဲ့အကြောင်းတွေကိုလည်းပြောပြထားပါသေးတယ်။

လှိုင်သာယာဘက်မှကျုးကျော်အိမ်ခြေ (၂၀၀)အားတစ်အိမ်လျှင်ဆန်(၅)ပြည်စီဝေမျှလှူဒါန်းခဲ့ပါတယ်ရှင်အိမ်တွေထိလိုက်ဝေလို့ အဆင်မပြေတဲ့အတွက်ဘုန်းဘုန်းကျောင်းနှင့် သက်ဆိုင်ရာရပ်ကွက်ရုံးတွေမှာသာလှူဖြစ်ခဲ့ပါတယ်ကျွန်မနှင့်အတူနိဗ္ဗာန်လမ်းကိုရည်မှန်း၍ ပါဝင်လှူဒါန်းပေးကြသောအလှူရှင်များနှင့် သာဓုခေါ်ဆိုပေးကြသောခုနှစ်ရက်သားသမီးများအားလုံးထပ်တူကုသိုလ်ရကြပါစေရှင်ဆိုပြီး အလှူပုံရိပ်တွေကိုခိုင်နှင်းဝေကမျှဝေထားတာဖြစ်ပါတယ်။နေ့တိုင်းလိုလို လိုအပ်နေတဲ့ပြည်သူတွေအတွက်ကူညီဖေးမနေတဲ့ခိုင်နှင်းဝေရဲ့အလှူတွေကိုပရိသတ်တွေအားလုံးကလည်း ဝမ်းသာအားရသာဓုခေါ်နေကြတာလည်းတွေ့ရပါတယ်။

Zawgyi Version

လတ္တေလာအေျခအေနေတြအမ်ိဳးမ်ိဳးေၾကာင့္စားဝတ္ေနေရးခက္ခဲေနၾကတဲ့ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြေပးေဝလႉဒါန္းေနတဲ့အျပင္ အလႉေငြေတြလည္းတတ္နိုင္သေလာက္လႉဒါန္းေနတာေတြ႕ရပါတယ္။

ခိုင္ႏွင္းေဝကေတာ့ဒီကေန႕မွာလည္းလွိုင္သာယာဘက္မွက်ဴးအိမ္မိသားစုေတြအတြက္လည္း ဆန္ေတြကိုယ္တိုင္ကိုယ္က်ခ်ိန္တြယ္ကာေပးေဝလႉဒါန္းၿပီးေကာင္းမႈကုသိုလ္ေတြျပဳလုပ္ေနျပန္ပါတယ္။ေစတနာရွင္ေတြရဲ႕လႉဒါန္းမႈေတြနဲ႕ က်ဴးအိမ္ေျခ(၂၀၀)အတြက္တစ္အိမ္ဆန္(၅)ျပည္စီေပးေဝခဲ့တာျဖစ္ၿပီးအိမ္ေတြအထိလိုက္ေဝဖို႔အဆင္မေျပတာေၾကာင့္ဘုန္းႀကီးေက်ာင္းနဲ႕ရပ္ကြက္႐ုံးေတြကေနလႉျဖစ္ခဲ့တဲ့အေၾကာင္းေတြကိုလည္းေျပာျပထားပါေသးတယ္။

လွိုင္သာယာဘက္မွက်ဳးေက်ာ္အိမ္ေျခ (၂၀၀)အားတစ္အိမ္လွ်င္ဆန္(၅)ျပည္စီေဝမွ် လႉဒါန္းခဲ့ပါတယ္ရွင္အိမ္ေတြထိလိုက္ေဝလို႔ အဆင္မေျပတဲ့အတြက္ဘုန္းဘုန္းေက်ာင္းႏွင့္ သက္ဆိုင္ရာရပ္ကြက္႐ုံးေတြမွာသာလႉျဖစ္ခဲ့ပါတယ္ကြၽန္မႏွင့္အတူနိဗၺာန္လမ္းကိုရည္မွန္း၍ ပါဝင္လႉဒါန္းေပးၾကေသာအလႉရွင္မ်ားႏွင့္ သာဓုေခၚဆိုေပးၾကေသာခုႏွစ္ရက္သားသမီးမ်ားအားလုံးထပ္တူကုသိုလ္ရၾကပါေစရွင္ဆိုၿပီး အလႉပုံရိပ္ေတြကိုခိုင္ႏွင္းေဝကမွ်ေဝထားတာ ျဖစ္ပါတယ္။

Credit