Cele News

အမှန်တရားအတွက်တိုက်ပွဲဝင်ရင်းအဖမ်းခံလိုက်ရတာ တစ်လပြည့်သွားပြီဖြစ်တဲ့ မောင်ဖြစ်သူပိုင်တံခွန်ကို လွမ်းဆွတ်နေကြောင်း ပြောပြလာခဲ့တဲ့ ပိုင်တံခွန်ရဲ့အစ်မ

အမှန်တရားအတွက်တိုက်ပွဲဝင်ရင်းအဖမ်းခံလိုက်ရတာ တစ်လပြည့်သွားပြီဖြစ်တဲ့မောင်ဖြစ်သူပိုင်တံခွန်ကို လွမ်းဆွတ်နေကြောင်းပြောပြလာခဲ့တဲ့ပိုင်တံခွန်ရဲ့အစ်မ

နှာခမ်းနီမလေးတွေအသည်းစွဲအားပေးမှုကြတဲ့မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်ကတော့ပြည်တွင်းမှာသာမကပြည်ပထိပါပရိသတ်တွေရဲ့အားပေးမှူရရှိထားတဲ့သူတစ်ယောက်ပါ။ဆွဲဆောင်မှုရှိတဲ့ပိုင်တံခွန်ဟာမိန်းကလေးပရိတ်သတ်တွေတင်အားပေးကြမ်းတာမဟုတ်ပဲယောကျာ်းလေးပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။

စိတ်ထားဖြူစင်လွန်ပြီးဖော်ရွေတတ်တဲ့သူရဲ့အမူအကျင့်လေးတွေကပရိတ်သတ်ကိုထူးခြားစွာဆွဲဆောင်နေတာလည်းဖြစ်ပါတယ်နော်။လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးပိုင်တံခွန်ကရှေ့ဆုံးကနေပြည်သူလူထုနဲ့အတူတက်ကြွစွာဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့်တရားစွဲခံရတာပဲဖြစ်ပါတယ်။ပိုင်တံခွန်ဟာတရားစွဲခံရပြီးနောက်မှာကျန်းမာရေးမကောင်းသဖြင့်နေအိမ်သို့ပြန်လာစဉ်ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်။ဒီကနေ့ဟာဆိုရင်ပိုင်တံခွန်တစ်ယောက်အဖမ်းခံရတာတစ်လတိတိပြည့်သွားပြီပဲဖြစ်ပါတယ်ပရိတ်သတ်ကြီး။

ဖမ်းဆီးခံလိုက်ရတာတစ်လပြည့်တဲ့နေ့လေးမှာအစ်မဖြစ်သူမေချစ်သွေးကပိုင်တံခွန်နဲ့သူမတို့မိသားစုလေးရိုက်ကူးထားတဲ့ပုံလေးကိုအမှတ်တရထုတ်ပြခဲ့ပြီးပိုင်တံခွန်ကိုလွမ်းနေကြောင်းကိုလည်းအခုလိုပြောပြလာတာပဲဖြစ်ပါတယ်နော်။

ပိုင်တံခွန်ရဲ့အစ်မဖြစ်သူကMiss you Gatone Me Lone Layအဖမ်းခံရတာဒီနေ့ဆိုတစ်လတိတိရှိပြီပဲဆိုပြီးသူမရဲ့မောင်လေးအဖမ်းခံထားရတာတစ်လရှိနေပြီဖြစ်တဲ့အကြောင်းပြောပြလာတာပဲဖြစ်ပါတယ်နော်။

Credit