Cele News

အခြေအနေတွေကြောင့်တိမ်းရှောင်နေရင်း မိခင်ကြီးရဲ့နောက်ဆုံးခရီးကိုတောင် လိုက်ပါပို့ဆောင်ခွင့်မရခဲ့တဲ့ ဒါရိုက်တာဏကြီး

အခြေအနေတွေကြောင့်တိမ်းရှောင်နေရင်းမိခင်ကြီးရဲ့နောက်ဆုံးခရီးကိုတောင်လိုက်ပါပို့ဆောင်ခွင့်မရခဲ့တဲ့ ဒါရိုက်တာဏကြီး

တိုင်းပြည်အကျပ်အတည်းကာလရောက်နေတဲ့အချိန်မှာ ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုတို့ဇနီးမောင်နှံဟာ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီးနောက်ဘေးလွတ်ရာကိုတိမ်းရှောင်နေခဲ့ပါတယ်။ ရပ်တည်ချက်ပြတ်သားသူတွေဖြစ်တာကြောင့်ဘယ်နေရာပဲရောက်ရောက်ပြည်သူတွေနဲ့တစ်သားတည်းရှိနေခဲ့ပြီးရင်ထဲကဆန္ဒတွေကို ရသလောက်ထုတ်ဖော်နေဆဲပါပဲ။ဒီနေ့မှာတော့ ပိုင်ဖြိုးသုရဲ့မိခင်ဟာဒါရိုက်တာဏကြီးရဲ့မိခင်ဆုံးပါးသွားပြီဆိုတဲ့စိတ်မကောင်းစရာသတင်းတစ်ခုကိုသားနဲ့သမီးကိုရောပရိသတ်တွေကိုပါအသိပေးပြောကြားခဲ့ပါတယ်။

ဒါရိုက်တာဏကြီးဟာမိခင်ဖြစ်သူနဲ့မတွေ့ရတာ (၃)လကြာမြင့်ခဲ့ပြီဖြစ်ပြီးအခုဆိုရင်တော့ဘယ်တော့မှပြန်မဆုံနိုင်တော့တဲ့သံသရာခရီးကိုမိခင်ကထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။သားဖြစ်သူအနားမှာမရှိပေမယ့်ခမည်းခမက်ဖြစ်သူပိုင်ဖြိုးသုရဲ့မိခင်ကစောင့်ရှောက်ပေးထားခဲ့ပါတယ်။နောက်ဆုံးအချိန်မှာတောင်သားဖြစ်သူနဲ့မတွေ့လိုက်ရတဲ့မိခင်တစ်ယောက်ရဲ့ခံစားချက်နဲ့ မိခင်ရဲ့နောက်ဆုံးအချိန်ကိုအနားမှာမရှိပေးနိုင်လိုက်တဲ့ သားတစ်ယောက်ရဲ့ခံစားချက်ကတော့ တကယ်ကိုဖြည်မဆည်နိုင်အောင်ပါပဲ။ဆုံးပါးသွားတဲ့အန်တီဒေါ်တင်တင်နွယ်လည်းကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

ခမည်းခမက်ဖြစ်သူနဲ့သားမက်ဖြစ်သူအတွက် စိတ်မကောင်းရတဲ့အကြောင်းကို(၂၀၂၁)ခုနှစ်ကတော့မျှော်လင့်မထားတဲ့ဝမ်းနည်းစရာ‌အဖြစ်အပျက်တွေနဲ့ပြည့်‌နှက်နေပါတယ်။ (မေလ၈ရက်)ညကကျမရဲ့ခမည်းခမက်သားကိုဏကြီးရဲ့ကျေးဇူးရှင်မိခင်ကြီးအစ်မဒေါ်တင်တင်နွယ်ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ပါတယ်။သနားစရာကောင်းတဲ့သားအမိမတွေ့ကြရတာ(၃)လရှိခဲ့ပြီအခုတော့တစ်သက်တာပြန်မတွေ့နိုင်တော့တဲ့သံသရာခရီးရှည်ကြီးကိုအစ်မကြီးထွက်ခွာသွားခဲ့ပါပြီ။သားတို့သမီးတို့အနေနဲ့ မိခင် /ယောက္ခမရဲ့နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်နိုင်ခွင့်မရှိတဲ့အတွက်ယူကြုံးမရဖြစ်မိပါတယ်။သားရေဝဋ်ကြွေးရှိခဲ့ရင်လည်းဒီမျှနဲ့ကြေပါစေ။အစ်မရေ စိတ်ဖြောင့်‌ဖြောင့်နဲ့မြင့်မြတ်တဲ့ဘုံမှာစံမြန်းပါတော့နော်။ဆိုပြီးပိုင်ဖြိုးသုရဲ့မိခင်ကလူမှုကွန်ယက်မှာရင်ဖွင့်ပြောပြခဲ့ပါတယ်။

Zawgyi version

တိုင္းျပည္အက်ပ္အတည္းကာလေရာက္ေနတဲ့အခ်ိန္မွာ ျပည္သူနဲ႕တစ္သားတည္းရပ္တည္ခဲ့တဲ့ ဒါရိုက္တာဏႀကီးနဲ႕ပိုင္ၿဖိဳးသုတို႔ဇနီးေမာင္ႏွံဟာ ၅၀၅(က) နဲ႕ ဖမ္းဝရမ္းထုတ္ခံထားရၿပီးေနာက္ ေဘးလြတ္ရာကိုတိမ္းေရွာင္ေနခဲ့ပါတယ္။ ရပ္တည္ခ်က္ျပတ္သားသူေတြျဖစ္တာေၾကာင့္ ဘယ္ေနရာပဲေရာက္ေရာက္ျပည္သူေတြနဲ႕တစ္သားတည္းရွိေနခဲ့ၿပီးရင္ထဲကဆႏၵေတြကို ရသေလာက္ထုတ္ေဖာ္ေနဆဲပါပဲ။ဒီေန႕မွာေတာ့ ပိုင္ၿဖိဳးသုရဲ႕မိခင္ဟာဒါရိုက္တာဏႀကီးရဲ႕မိခင္ဆုံးပါးသြားၿပီဆိုတဲ့စိတ္မေကာင္းစရာသတင္းတစ္ခုကိုသားနဲ႕သမီးကိုေရာပရိသတ္ေတြကိုပါ အသိေပးေျပာၾကားခဲ့ပါတယ္။

ဒါရိုက္တာဏႀကီးဟာမိခင္ျဖစ္သူနဲ႕မေတြ႕ရတာ (၃)လၾကာျမင့္ခဲ့ၿပီျဖစ္ၿပီးအခုဆိုရင္ေတာ့ဘယ္ေတာ့မွျပန္မဆုံနိုင္ေတာ့တဲ့သံသရာခရီးကို မိခင္ကထြက္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ သားျဖစ္သူအနားမွာမရွိေပမယ့္ခမည္းခမက္ျဖစ္သူပိုင္ၿဖိဳးသုရဲ႕မိခင္ကေစာင့္ေရွာက္ေပးထားခဲ့ပါတယ္။ေနာက္ဆုံးအခ်ိန္မွာေတာင္သားျဖစ္သူနဲ႕မေတြ႕လိုက္ရတဲ့မိခင္တစ္ေယာက္ရဲ႕ခံစားခ်က္နဲ႕ မိခင္ရဲ႕ေနာက္ဆုံးအခ်ိန္ကိုအနားမွာမရွိေပးနိုင္လိုက္တဲ့ သားတစ္ေယာက္ရဲ႕ခံစားခ်က္ကေတာ့ တကယ္ကိုျဖည္မဆည္နိုင္ေအာင္ပါပဲ။ဆုံးပါးသြားတဲ့ အန္တီေဒၚတင္တင္ႏြယ္လည္းေကာင္းရာဘုံဘဝေရာက္ပါေစလို႔ ဆုေတာင္းေပးပါတယ္။

ခမည္းခမက္ျဖစ္သူနဲ႕သားမက္ျဖစ္သူအတြက္ စိတ္မေကာင္းရတဲ့အေၾကာင္းကို(၂၀၂၁)ခုႏွစ္ကေတာ့ေမွ်ာ္လင့္မထားတဲ့ဝမ္းနည္းစရာ‌အျဖစ္အပ်က္ေတြနဲ႕ျပည့္‌ႏွက္ေနပါတယ္။ ( ေမလ ၈ရက္)ညကက်မရဲ႕ခမည္းခမက္သားကိုဏႀကီးရဲ႕ေက်းဇူးရွင္မိခင္ႀကီးအစ္မေဒၚတင္တင္ႏြယ္ဘဝတစ္ပါးကိုကူးေျပာင္းသြားခဲ့ပါတယ္။သနားစရာေကာင္းတဲ့သားအမိမေတြ႕ၾကရတာ(၃)လရွိခဲ့ၿပီအခုေတာ့တစ္သက္တာျပန္မေတြ႕နိုင္ေတာ့တဲ့သံသရာခရီးရွည္ႀကီးကိုအစ္မႀကီးထြက္ခြာသြားခဲ့ပါၿပီ။သားတို႔သမီးတို႔အေနနဲ႕ မိခင္ /ေယာကၡမရဲ႕ေနာက္ဆုံးခရီးကိုလိုက္ပါပို႔ေဆာင္နိုင္ခြင့္မရွိတဲ့အတြက္ယူႀကဳံးမရျဖစ္မိပါတယ္။သားေရဝဋ္ေႂကြးရွိခဲ့ရင္လည္းဒီမွ်နဲ႕ေၾကပါေစ။

Credit