Cele News

သူ့ကို သတ်ဖို့လိုရင် အချိန်မရွေးလာနိုင်ကြောင်းနဲ့ တိုင်းပြည်ကိုတော့ နစ်နာအောင်မလုပ်ဖို့ ပြတ်သားစွာ ပြောလိုက်တဲ့ မင်းမော်ကွန်း

သူ့ကိုသတ်ဖို့လိုရင်အချိန်မရွေးလာနိုင်ကြောင်းနဲ့ တိုင်းပြည်ကိုတော့နစ်နာအောင်မလုပ်ဖို့ပြတ်သားစွာ ပြောလိုက်တဲ့မင်းမော်ကွန်း

လတ်တလောမြန်မာနိုင်ငံရဲ့ဒီမီုကရေစီအရေးမှာအမှန်တရားကိုလိုလားကြတဲ့ပြည်သူတွေနဲ့အတူအနုပညာရှင်များစွာကလည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ဒီလိုပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်လှုပ်ရှားတဲ့အနုပညာရှင်တွေထဲမှာသရုပ်ဆောင်မင်းမော်ကွန်းလည်းအပါအဝင်ပါပဲနော်။မင်းမော်ကွန်းကလူထုလှုပ်ရှားမှုတွေမှာအောင်မြင်မှုတွေကိုဘေးချိတ်ပြီးလူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေမပျောက်အောင်တာဝန်သိပြည်သူတစ်ယောက်အနဲ့စိတ်အားထက်သန်စွာပါဝင်ခဲ့ပါတယ်။

မင်းမော်ကွန်းကတော့ကိုယ်တိုင်လည်းလမ်းမထွက်ကာလှုပ်ရှားမှုတွေမှာစိတ်ရောကိုယ်ပါနှစ်ပြီးပါဝင်သလိုဖြိုခွင်းမှုတွေကြောင့်ထိခိုက်နစ်နာသူတွေကိုလည်းစာနာနားလည်မှုလေးတွေနဲ့အတူဖေးမကူညီမှုလေးတွေကိုလည်းဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်လည်းသူ့အနေနဲ့ ခြိမ်းခြောက်ခံရမှုတွေရှိနေတာကြောင့်ခုဆိုမိသားစုနဲ့ ခွဲခွာကာတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ဒီလိုတိမ်းရှောင်နေရတဲ့အချိန်တွေမှာတောင်သူ့ရဲ့လူမှုကွန်ယက်ကနေပြီးသတင်းအချက်အလက်တွေနဲ့အတူပြည်သူတွေခွန်အားဖြစ်စေမယ့်စာလေးတွေကိုဝေမျှပေးနေဆဲပါ။

အခုလည်းသူ့ကိုသတ်ဖို့လိုအပ်ရင်အချိန်မရွေးလာသတ်နိုင်ကြောင်းနဲ့ပြည်သူတွေအားလုံးချစ်တဲ့တိုင်းပြည်ကြီးကိုတော့နစ်နာအောင်မလုပ်ဖို့ခုလိုစာလေးရေးကာဝေမျှလာပါတယ်။ငါ့ကိုသတ်ဖို့လိုအပ်ရင်အချိန်မရွေးသာလာခဲ့သူငယ်ခြင်းဒါပေမယ့်ငါတို့ချစ်တဲ့တိုင်းပြည်ကိုနစ်နာရအောင်မင်းပြန်မသတ်ပါနဲ့တော့ဆိုပြီးရေးသားဖော်ပြထားရာပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးရင်းမင်းမော်ကွန်းလည်းဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit