Cele News

အသက် (၈၇) နှစ်မှာပဲ မိသားစုနဲ့ချစ်ရတဲ့ပရိသတ်တွေအားလုံးကိုထားခဲ့ပြီး ဘဝတစ်ပါးပြောင်းသွားပြီဖြစ်တဲ့ လူရွှင်တော်ဦးစိန်ရိုး

အသက် (၈၇) နှစ်မှာပဲမိသားစုနဲ့ချစ်ရတဲ့ပရိသတ်တွေအားလုံးကိုထားခဲ့ပြီးဘဝတစ်ပါးပြောင်းသွားပြီဖြစ်တဲ့ လူရွှင်တော်ဦးစိန်ရိုး

လူရွှင်တော်ကြီးဦးစိန်ရိုးဆိုတာလူရွှင်တော်အသင်းရဲ့နယကတစ်ယောက်ဖြစ်သလိုပျက်လုံးနဲ့ပတ်သက်ရင်အမြဲတမ်းဉာဏ်ရွှင်နေတဲ့လူတော်တစ်ယောက်လည်းဖြစ်ပါတယ်။အသက်အရွယ်ကြီးလာလို့ကျန်းမာရေးမကောင်းတော့ပေမယ့် ပျက်ခဲ့တဲ့ဟာသတွေကတော့အချိန်တိုင်းလတ်ဆတ်နေဆဲပါပဲ။ဘယ်အချိန်ပြန်နားထောင်ထောင်စိတ်ပျော်ရွှင်ပြီးရယ်မောစေနိုင်ခဲ့တာအမှန်ပါပဲ။ဒီနေ့ (၁၅.၅.၂၀၂၁)မနက်၁၀:၄၅ မိနစ်မှာတော့ဘဘဦးစိန်ရိုးဟာအားလုံးကိုထားခဲ့ပြီးသံသရာခရီးကိုပျော်ပျော်ကြီးထွက်သွားခဲ့ပါပြီ။လူအများကိုရယ်မောအောင်လုပ်ပေးခဲ့လို့ကောင်းတဲ့ဘုံဘဝမှာအေးအေးချမ်းချမ်းရှိနေမှာပါ။

ဦးစိန်ရိုးကွယ်လွန်တဲ့သတင်းကိုဝါရင့်လူရွှင်တော်တစ်ယောက်ဖြစ်တဲ့ဦးကောင်းကျော်ကပြည်သူချစ်သေဟာသလူရွှင်တော်ကြီးဦးစိန်ရိုးယနေ့နံက်၁၀:၄၅ တွင်ကွယ်လွန်သွားပါပြီဆိုပြီးသူ့ရဲ့လူမှုကွန်ရက်ကနေပြောပြလာခဲ့တာပဲဖြစ်ပါတယ်။လူရွှင်တော်လောကရဲ့ကြီးမားတဲ့ဆုံးရှုံးမှုအတွက်လုပ်ဖော်ကိုင်ဖက်တွေရော ပရိသတ်တွေကပါမိသားစုနဲ့ထပ်တူကြေကွဲကြောင်းမှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။အနုပညာကြယ်ပွင့်တွေကြွေသွားတိုင်းကျန်ခဲ့ရသူတွေဟာနှမြောတသပါပဲ။

လက်ရှိအသက်အရွယ်ထိရင်းနှီးခဲ့တဲ့ပျက်လုံးတွေကိုမမေ့ဘဲကိုယ်မြတ်နိုးတဲ့အနုပညာကို အချိန်တိုင်းသတိရနေခဲ့တဲ့ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။လူရွှင်တော်တွေအားလုံးအတုယူရတဲ့ဆရာတစ်ဆူလည်းဖြစ်သလိုလူရွှင်တော်အသင်းရဲ့နာယကတစ်ယောက်လည်းဖြစ်ပါတယ်။အသက်ကြီးသွားသလိုပညာတွေလည်းရင့်သန်နေတဲ့ဒီလိုအဖိုးတန်လူတစ်ဦးဆုံးရှုံးလိုက်ရတာဝမ်းနည်းစရာကောင်းလွန်းပါတယ်။ ကောင်းမွန်တဲ့ဘဝသစ်တစ်ခုကိုအေးအေးချမ်းချမ်းရောက်နိုင်ပါစေဘဘရေ။

Zawgyi Version

လူ႐ႊင္ေတာ္ႀကီးဦးစိန္ရိုးဆိုတာလူ႐ႊင္ေတာ္အသင္းရဲ႕နယကတစ္ေယာက္ျဖစ္သလိုပ်က္လုံးနဲ႕ပတ္သက္ရင္အၿမဲတမ္းဉာဏ္႐ႊင္ေနတဲ့လူေတာ္တစ္ေယာက္လည္းျဖစ္ပါတယ္။အသက္အ႐ြယ္ႀကီးလာလို႔က်န္းမာေရးမေကာင္းေတာ့ေပမယ့္ ပ်က္ခဲ့တဲ့ဟာသေတြကေတာ့အခ်ိန္တိုင္းလတ္ဆတ္ေနဆဲပါပဲ။ဘယ္အခ်ိန္ျပန္နားေထာင္ေထာင္စိတ္ေပ်ာ္႐ႊင္ၿပီးရယ္ေမာေစနိုင္ခဲ့တာအမွန္ပါပဲ။ဒီေန႕ (၁၅.၅.၂၀၂၁)မနက္ ၁၀:၄၅ မိနစ္မွာေတာ့ဘဘဦးစိန္ရိုးဟာအားလုံးကိုထားခဲ့ၿပီးသံသရာခရီးကိုေပ်ာ္ေပ်ာ္ႀကီးထြက္သြားခဲ့ပါၿပီ။

ဦးစိန္ရိုးကြယ္လြန္တဲ့သတင္းကိုဝါရင့္လူ႐ႊင္ေတာ္တစ္ေယာက္ျဖစ္တဲ့ဦးေကာင္းေက်ာ္ကျပည္သူခ်စ္ေသဟာသလူ႐ႊင္ေတာ္ႀကီးဦးစိန္ရိုး ယေန႕နံက္၁၀:၄၅ တြင္ကြယ္လြန္သြားပါၿပီဆိုၿပီးသူ႕ရဲ႕လူမႈကြန္ရက္ကေနေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။လူ႐ႊင္ေတာ္ေလာကရဲ႕ႀကီးမားတဲ့ဆုံးရႈံးမႈအတြက္လုပ္ေဖာ္ကိုင္ဖက္ေတြေရာ ပရိသတ္ေတြကပါမိသားစုနဲ႕ထပ္တူေၾကကြဲေၾကာင္းမွတ္ခ်က္ေတြအမ်ားအျပားေပးခဲ့ၾကပါတယ္။အႏုပညာၾကယ္ပြင့္ေတြေႂကြသြားတိုင္း က်န္ခဲ့ရသူေတြဟာႏွေျမာတသပါပဲ။

လက္ရွိအသက္အ႐ြယ္ထိရင္းႏွီးခဲ့တဲ့ပ်က္လုံးေတြကိုမေမ့ဘဲကိုယ္ျမတ္နိုးတဲ့အႏုပညာကို အခ်ိန္တိုင္းသတိရေနခဲ့တဲ့ပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။လူ႐ႊင္ေတာ္ေတြအားလုံးအတုယူရတဲ့ဆရာတစ္ဆူလည္းျဖစ္သလိုလူ႐ႊင္ေတာ္အသင္းရဲ႕နာယကတစ္ေယာက္လည္းျဖစ္ပါတယ္။အသက္ႀကီးသြားသလိုပညာေတြလည္းရင့္သန္ေနတဲ့ဒီလိုအဖိုးတန္လူတစ္ဦးဆုံးရႈံးလိုက္ရတာဝမ္းနည္းစရာေကာင္းလြန္းပါတယ္။ ေကာင္းမြန္တဲ့ဘဝသစ္တစ္ခုကိုေအးေအးခ်မ္းခ်မ္းေရာက္နိုင္ပါေစဘဘေရ။

Credit