Cele News
ကုန်စျေးတန်းလမ်း မီးလောင်မှုမှာ မီးငြိမ်းသတ်နေကြတဲ့ ရဲဘော်တွေကို လိုအပ်တဲ့ဆေးဝါးများလှူဒါန်းရင်း ကိုယ်တိုင်ပါဝင်ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ဝေဠုကျော်
ကုန်စျေးတန်းလမ်းမီးလောင်မှုမှာမီးငြိမ်းသတ်နေကြတဲ့ ရဲဘော်တွေကိုလိုအပ်တဲ့ဆေးဝါးများလှူဒါန်းရင်း ကိုယ်တိုင်ပါဝင်ကူညီလုပ်ဆောင်ပေးခဲ့တဲ့ဝေဠုကျော်
ဝေဠုကျော်ကတော့လက်ရှိအခြေအနေတွေမှာလည်းပြည်သူတွေနဲ့အတူရပ်တည်နေသူပဲဖြစ်ပါတယ်။ခုလိုကာလတွေမှာအကြောင်းအမျိုးမျိုးကြောင့်အမှန်တကယ်စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေအတွက်အခြေခံစားသောက်ကုန်တွေပေးဝေလှူဒါန်းပြီးတတ်နိုင်သလောက်ဖေးမကူညီနေတာလည်းဖြစ်ပါတယ်။
သူကိုယ်တိုင်လည်းဖောင်ဒေးရှင်းတစ်ခုတည်ထောင်ထားပြီးအဖွဲ့သားများနဲ့အတူလိုအပ်တဲ့နေရာများကိုကိုယ်တိုင်သွားရောက်လေ့လာကာကူညီလှူဒါန်းပေးနေတာတွေကိုမြင်တွေ့ရတာလည်းကြည်နူးစရာကောင်းလွန်းလှပါတယ်နော်။ဒီလိုအနစ်နာခံကာသူတစ်ပါးအပေါ်ကူညီတတ်တာတွေကြောင့်ပရိသတ်တွေကလေးစားဂုဏ်ယူနေကြတာပါ။
မေလ(၁၆)ရက်နေ့မှာဆိုလည်းကုန်ဈေးတန်းလမ်းမှာမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာမီးငြိမ်းသတ်နေတဲ့မီးသတ်ရဲဘော်တွေကိုလိုအပ်တဲ့ဆေးဝါးများကူညီလုပ်ဆောင်ပေးခဲ့တာကိုတွေ့ရပါတယ်။လိုအပ်တိုင်းကိုယ်တိုင်အရောက်သွားကာကူညီလုပ်ဆောင်ပေးနေတဲ့ဝေဠုကျော်ရဲ့စိတ်ထားလေးကတော့တကယ်ကိုမွန်မြတ်လှပါတယ်။ပရိသတ်ကြီးအတွက်ဝေဠုကျော်ရဲ့ပုံတွေဝေမျှပေးလိုက်ပါတယ်။
Zawgyi Version
Credit