Cele News

ကိုယ်တိုင်မခံစားရလို့ သွေးအေးသွားကြသူတွေနဲ့ပတ်သက်ပြီး ထိထိမိမိ ဖွင့်ဟပြောပြလာတဲ့ နန်းစန္ဒာလှထွန်း

ကိုယ်တိုင်မခံစားရလို့သွေးအေးသွားကြသူတွေနဲ့ပတ်သက်ပြီးထိထိမိမိဖွင့်ဟပြောပြလာတဲ့နန်းစန္ဒာလှထွန်း

ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးထားပြီးပရိသတ်အခိုင်အမာနဲ့အောင်မြင်နေတဲ့သရုပ်ဆောင်မင်းသမီးချောနန်းစန္ဒာလှထွန်းကတော့တော်လှန်ရေးတိုက်ပွဲကြီးမှာလည်းပြည်သူတွေနဲ့အတူပါဝင်နေသူပဲဖြစ်ပါတယ်။နန်းစန္ဒာလှထွန်းကတော့ဖေဖော်ဝါရီလအစပိုင်းကတည်းကအရေးတော်ပုံအောင်မြင်ဖို့အတွက်လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာတစ်ထောင့်တစ်နေရာကနေပါဝင်အားဖြည့်နေသူလည်းဖြစ်ပါတယ်။

ကျဆုံးသွားကြတဲ့သူရဲကောင်းပြည်သူတွေအတွက်လည်းတတ်နိုင်သလောက်ဖေးမကူညီတတ်တဲ့နန်းစန္ဒာလှထွန်းကတော့လတ်တလောအခြေအနေတွေမှာသွေးအေးသွားကြသူတွေနဲ့ပတ်သက်ပြီးပြောပြလာပါတယ်။​တချို့မိသားစုတွေအတွက်ပြန်မရနိုင်တော့တဲ့ဆုံးရှုံးမှုတွေများစွာရှိပေမယ့်ကိုယ်တိုင်မခံစားရလို့သွေးအေးသွားကြတဲ့လူတချို့နဲ့ပတ်သက်ပြီးထိထိမိမိဖွင့်ဟပြောပြလာတာဖြစ်ပါတယ်။

မင်းကတော်သေးတယ်တော်သေးတာပေါ့မျက်လုံးကို ကျည်ထိသွားတဲ့ကလေး‌လေးဟာမင်းသမီးလေးမဟုတ်လို့တော်သေးတာပေါ့။တော်သေးတာပေါ့သေဆုံးသွားတဲ့အယောက်(၇၀၀)ကျော်ထဲအဖမ်းခံနေရတဲ့လူထောင်ကျော်ထဲမင်းမိသားစုမပါတာတော်သေးတာပေါ့။

လုပ်ငန်းတွေရပ်ဆိုင်းသွားလို့အလုပ်မရှိတဲ့ကြားထဲခုန်တက်သွားတဲ့ကုန်ဈေးနှုန်းနဲ့ညှိပြီးထိန်းစားနေရတဲ့ညနေစာထမင်းဝိုင်းထဲမင်းမိသားစုမပါတာတော်သေးတာပေါ့။ယုံကြည်မှုတွေရပ်တန့်လို့စုထားတဲ့ချွေးနည်းစာအတွက်ကိုယ့်ငွေကိုငွေနဲ့ပြန်ဝယ်ရတဲ့ထဲမင်းမပါတာတော်သေးတာပေါ့။လက်နက်ကြီးကျမှစိုးလို့ရွာလုံးကျွတ်ထွက်ပြေးရတဲ့ထဲမင်းတို့မပါတာတော်သေးတာပေါ့။

ဒီရက်အတွင်းမှာထိခိုက်သွားတဲ့ဘဝတွေထဲမင်းမပါဘဲရယ်ကျဲကျဲနေနိူင်သေးတာတော်သေးတာပေါ့။မင်းနေရာနေရိပ်သေးတာဝမ်းသာပါတယ်ဒါပေမယ့်အပြင်မှာရောရင်မှာရောနေပူရှိန်ပြင်းတယ်သူငယ်ချင်းမင်းအိမ်ကမဟုတ်လို့မင်းမကြားသေးတာပါငိုသံတွေကလမ်းမမှာ။

Credit