Cele News
ထွက်ပြေးတိမ်းရှောင်နေစဉ်ကာလမှာ ကြိုးစားရုန်းကန်ပြီးမိသားစုနဲ့ နေထိုင်ဖို့တည်ဆောက်ထားတဲ့ သူ့ဘဝကို စွန့်လွတ်ရတော့မှာမို့ ယူကြုံးမရဝမ်းနည်းနေတဲ့ အလင်းရောင်
ထွက်ပြေးတိမ်းရှောင်နေစဉ်ကာလမှာကြိုးစားရုန်းကန်ပြီးမိသားစုနဲ့နေထိုင်ဖို့တည်ဆောက်ထားတဲ့သူ့ဘဝကိုစွန့်လွတ်ရတော့မှာမို့ယူကြုံးမရဝမ်းနည်းနေတဲ့ အလင်းရောင်
မော်လ်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့အလင်းရောင်ကတော့ဖေဖော်ဝါရီလအစတည်းကပြည်သူလူထုနဲ့အတူခိုင်မာတဲ့ယုံကြည်ချက်တွေထားရှိကာရှေ့ကနေဦးဆောင်လာခဲ့တဲ့သူပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာတက်တက်ကြွကြွလမ်းမပေါ်ထွက်ကာပြည်သူအားလုံးနဲ့အတူနေ့စဉ်ရက်ဆက်ပါဝင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။အခုလိုအားကြိုးမာန်တက်လှုပ်ရှားခဲ့တာကြောင့်လည်း(၅၀၅)ကဖြင့်တရားစွဲဆိုခံထားရတာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့တရားစွဲဆိုခံထားရတာကြောင့်ဘေးကင်းလုံခြုံရာကိုထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီးပရိသတ်တွေကလည်းအလင်းရောင်အတွက်စိတ်ပူပေးနေကြတာဖြစ်ပါတယ်။ယခုလိုရှောင်တိမ်းနေရစဉ်ကာလမှာတကယ်ကိုခက်ခဲပင်ပန်းနေပြီးကြိုးစားထားခဲ့သမျှတွေစွန့်လွှတ်ရတော့မယ်ဆိုပြီးသူရဲ့ရင်တွင်းခံစားချက်တွေကိုMydayမှာအခုလိုရေးသားပြောပြပေးလာတာဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေစဉ်ကာလမှာဒီနေ့ကတော့ကျွန်တော့်အတွက်အရမ်းခံစားရတဲ့နေ့မျက်ရည်ကျတဲ့နေ့ဘာဆက်လုပ်ရမှန်းမသိတဲ့ဒွိဟတွေနဲ့အတူကြိုးစားထားခဲ့သမျှတည်ဆောက်လာခဲ့သမျှမိသားစုနဲ့အတူနေရဖို့ရုန်းကန်လာခဲ့သမျှကိုယ့်အားကိုယ်ကိုးပြီးလုပ်လာခဲ့ရသမျှတွေကိုစွန့်လွှတ်ရတော့မယ်ဆိုတဲ့ စိတ်ကြီးနဲ့လို့ဝမ်းနည်းစွာရင်ဖွင့်လာတာပဲဖြစ်ပါတယ်။။ပြည်သူတွေနဲ့အတူအမှန်တရား​ဘက်ကနေရဲရဲဝင့်ဝင့်ရပ်တည်ပေးခဲ့တဲ့အနုပညာရှင်တွေအားလုံးအဖမ်းအဆီးအချုပ် အနှောင်မှလွတ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi Version
Credit