Cele News

ကိုယ်တိုင်ကြုံတွေ့လာသူတစ်ဦးပြောပြလာတဲ့ မိုးဟေကို မိခင်ရဲ့ကျန်းမာရေးအခြေအနေနဲ့တော်လှန်ရေးမှာ မပါဝင်နိုင်တဲ့ မိုးဟေကိုရဲ့အကြောင်းအရင်း

ကိုယ်တိုင်ကြုံတွေ့လာသူတစ်ဦးပြောပြလာတဲ့မိုးဟေကိုမိခင်ရဲ့ကျန်းမာရေးအခြေအနေနဲ့တော်လှန်ရေးမှာမပါဝင်နိုင်တဲ့မိုးဟေကိုရဲ့အကြောင်းအရင်း

အားလုံးသိစေချင်လို့တချို့ကလဲအထင်မြင်လွဲနေကြတဲ့သူတွေရှိနေလို့အမှန်တကယ်ဖြစ်နေတာလေးကိုကိုယ်ကိုယ်တိုင်မနေ့ကဆေးရုံရောက်သွားတော့မှအန်တီ့ရဲ့ခြေနေကိုတွေ့လိုက်ရမှဘဲငါဆိုရင်ရောဆိုတဲ့အတွေးလေးဝင်လာပြီးမိုးအတွက်အခုလိုလေးကိုယ်ချင်းစာနားလည်ပြီးအားလုံးအမြင်လေးရှင်းစေချင်လို့ပါ

အန်တီကဒီလိုကုတင်ပေါ်မှာဘဲနေပြီးနိုင်ငံခြားမှာသွားသွားကုနေရတာတော့ကြာပြီပေါ့နော်ဒါပေမယ့်တကယ်အရေးပေါ် ခြေနေလူစောင့်ကြည့်နေရတဲ့အနေအထားစပြီးဖြစ်တာကတော့ january, 2021 ကထဲကပါဒါ့ကြောင့်အဲ့ဒီလတွေရက်တွေကထဲကမိုးကအနုပညာအလုပ်တွေဆိုရင်တောင်နယ်ကိုရက်ရှည်ခရီးထွက်ရမည့်အလုပ်ဆိုရင်တောင်မလုပ်နိုင်တော့ဘဲအန်တီ့အနားမှာဘဲအမြဲစောင့်ကြည့်နေရတယ်ညဘက်ဆိုလဲမိခင်ဖြစ်သူကနာကျင်ကိုက်ကဲနေတော့ညီးတွားသံကြားရပြန်တော့လဲမိုးလဲဘယ်အိပ်ပျော်မလဲ

နိုင်ငံခြားမှာသွားကုနေကြကိုကိုဗစ်ဖြစ်တော့ပြည်ပထွက်ခွင့်မရပြန်တော့ထွက်မကုရပြန်ဘူးထွက်လို့ရပြန်တော့လဲအန်တီကနေရာအရွေ့အပြောင်းလေးတောင်မခံနိုင်အောင်နာကျင်စွာခံစားနေရတော့သွားလို့မရတော့ပြန်မိုးအနေနဲ့အပြင်ထွက်ပြန်ရင်လဲကိုဗစ်ရောဂါသူ့ကိုကူးလာရင်အမေ့နားမှာအမြဲနေရသူကိုယ်တိုင်ပြုစုနေရသူဆိုတော့အမေ့ကိုပြန်ကူးမှာကြောက်နေရပြန်ရောအခုနိုင်ငံရေးမှာလဲသူကိုယ်တိုင်ပထမပိုင်းမှာပြည်သူနဲ့အတူရပ်တည်ပြီးပါဝင်ခဲ့ပါတယ်တတ်အားသရွေ့လဲ speak out လုပ်ပေးခဲ့တာတွေရှိပါတယ်

နောက်ပိုင်းဘာလို့မလုပ်တာလဲလို့ပြောရရင်တော့ ၅၀၅ပြသနာပေါ့မိုးသာ၅၀၅အထုတ်ခံရရင်ဝရမ်းထုတ်လိုက်ပြီဆိုတာနဲ့ပြေးရပြီလေအာ့ဆိုဒီအမေကြီးကိုဘယ်သူပြုစုမှာလဲသူကိုယ်တိုင်ပိုက်ဆံရှာသူကိုယ်တိုင်ပြုစုနေရသူသူသာဝရမ်းကိုရှောင်နေရပြီဆိုကျောက်ကပ်ခဏခဏဆေးနေရပြီးဆေးရုံပေါ် ၃လကြာအခုချိန်ထိလဲ ဆေးရုံ ၂ ခုပြောင်းနေရတဲ့လူမမာမိခင်အတွက်ဘယ်သူပိုက်ဆံရှာပေးမလဲဘယ်သူစီစဉ်ညွှန်ကြားမလဲကုန်လိုက်တဲ့ဆေးဖိုးတွေကလဲမနည်းလှတော့ဘူးလေဒီပိုက်ဆံတွေအတွက်ဒီလိုကာလမှာမိုးကိုယ်တိုင်စီစဉ်လှုပ်ရှားနေရတာပါ

ကျွန်မလဲယော်ကျားမရှိတဲ့အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်လို့ကျွန်မသူ့နေရာကနေအိမ်ထောင်စုမိသားစုတစ်ခုလုံးအပြင်လူမမာမိခင်ကြီးအတွက်ရုန်းကန်လှုပ်ရှားပြီးမိခင်အတွက်အားလုံးကိုမျကိစိစုံမှိတ်ပြီးနေနေရတာပါပြည်သူအတွက်ကွယ်ရာမှာအံကြိတ် မချိတင်ကဲဖြစ်နေရပေမယ့်လဲသူမရှိရင်သူ့မိခင်အတွက်အဆင်မပြေမှာစိုးလို့သူ့ခမျာပရိသတ်တချို့ရဲ့အထင်မြင်လွဲခြင်းကိုခံနေရတာပါအားလုံးကိုနားလည်ခွင့်လွှတ်ပေးကြပါနားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်မိုးကိုယ်တိုင်ကလဲပြည်သူနဲ့ တသားတည်းရှိပါကြောင်းအထင်မြင်မလွဲပါနဲ့လို့တင်ပြအပ်ပါတယ်။

Credit