Cele News

မနေ့ညကတည်းက အခြေအနေဆိုးရွားနေတဲ့ ကယားပြည်နယ်အတွက် တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးသွားမယ့် နေခြည်ရွှန်းလဲ့

မနေ့ညကတည်းကအခြေအနေဆိုးရွားနေတဲ့ ကယားပြည်နယ်အတွက်တတ်နိုင်သလောက်ထောက်ပံ့ကူညီပေးသွားမယ့်နေခြည်ရွှန်းလဲ့

ရုပ်သံဇာတ်လမ်းတွဲများတွင်ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့်ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူကတော့သရုပ်ဆောင်နေခြည်ရွှန်းလဲ့ဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေများတွင်ပြည်သူတွေဘက်ကနေအခိုင်အမာရပ်တည်ပေးနေသောအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ဒါ့အပြင်လတ်တလောဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးအရေးကြီးတဲ့သတင်းအချက်အလက်များကိုလည်းသူမရဲ့လူမှုကွန်ယက်ကနေ Speak Out လုပ်ပေးနေတာဖြစ်ပါတယ်။

မကြာသေးခင်နာရီပိုင်းလောက်ကလည်းနေခြည်ရွှန်းလဲ့ရဲ့ Facebook အကောင့်တွင်လက်နက်များဖြင့်ဖိနှိပ်ခံနေရတဲ့ကယားပြည်နယ်အတွက်တတ်နိုင်သလောက်ထောက်ပံ့ကူညီပေးသွားမယ့်အကြောင်းရေးသားပြောပြလာတာဖြစ်ပါတယ်။သူမရဲ့ဘဝမှာအိမ်ကလူတွေမပါဘဲကျောင်းကသူငယ်ချင်းတွေနဲ့လွိုင်ကော်မြို့သို့ပထမဆုံး ခရီးထွက်ဖြစ်ဖူးတဲ့အကြောင်းပြောပြထားတာပါ။ခရီးသွားခဲ့စဉ်ကအမှတ်တရဖြစ်စဉ်များကိုရေးသားဝေမျှရင်းလက်ရှိဖြစ်ပေါ်နေတဲ့ကယားပြည်နယ်ကအကြောင်းတွေကြားသိရတဲ့အတွက်စိတ်မကောင်းဖြစ်နေတာပါ။

သူမကလည်းဘဝမှာအိမ်ကမပါဘဲကျောင်းကသူငယ်ချင်းတွေနဲ့ထွက်ဖူးတဲ့ပထမဆုံးခရီးကလွိုင်ကော်မြို့လေးကိုပဲသူငယ်ချင်းရဲ့လွိုင်ကော်ကအမျိုးအိမ်ဆီအလည်သွားတော့ကလေးလေးပုစိလေးတွေကကိုယ့်နာမည်လေးခေါ်တော့ချစ်လွန်းလို့အိမ်ကအဘိုးအဘွားတွေကလည်းသဘောကောင်းလို့ပျော်နေခဲ့ရတာအာ့အချိန်တုန်းကပေါ့။ကယားပြည်နယ်၊လွိုင်ကော်မြို့မှာယနေ့ညကတည်းကအခြေအနေဆိုးရွားစွာ၊လက်နက်ပေါင်းများစွာနဲ့ဖိနှိပ်ခံနေရတယ်ကြားပါတယ်။ကျွန်မတို့တစ်နိုင်ငံလုံးကယားပြည်နယ်ရဲ့စစ်ဘေးဒုက္ခအပေါ် Attentionအပြည့်ရှိပါတယ်။ကယားပြည်နယ်နဲ့အတူရှိပါမယ်။Support နိုင်သမျှအကုန် Support ဖို့အဆင့်သင့်ပါပဲSaveMyanmar savekayah SaveLoikaw ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။အနယ်နယ်အရပ်ရပ်ကပြည်သူများမှလည်ကယားပြည်နယ်အတွက်လိုအပ်တဲ့ဆေးဝါး၊စားသောက်ကုန်တို့ကို လှူဒါန်းကြဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။ပြည်သူတွေအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးအရေးတော်ပုံကြီးလည်းအမြန်ဆုံးအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

Zawgyi Version

႐ုပ္သံဇာတ္လမ္းတြဲမ်ားတြင္ပါဝင္သ႐ုပ္ေဆာင္ရာမွတစ္ဆင့္ပရိသတ္ေတြရဲ႕အားေပးမႈကိုရရွိထားသူကေတာ့သ႐ုပ္ေဆာင္ေနျခည္႐ႊန္းလဲ့ျဖစ္ပါတယ္။လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနမ်ားတြင္ျပည္သူေတြဘက္ကေနအခိုင္အမာရပ္တည္ေပးေနေသာအႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ဒါ့အျပင္လတ္တေလာျဖစ္ရပ္ေတြနဲ႕ပတ္သက္ၿပီးအေရးႀကီးတဲ့သတင္းအခ်က္အလက္မ်ားကိုလည္းသူမရဲ႕လူမႈကြန္ယက္ကေန Speak Out လုပ္ေပးေနတာျဖစ္ပါတယ္။

မၾကာေသးခင္နာရီပိုင္းေလာက္ကလည္းေနျခည္႐ႊန္းလဲ့ရဲ႕ Facebook အေကာင့္တြင္လက္နက္မ်ားျဖင့္ဖိႏွိပ္ခံေနရတဲ့ကယားျပည္နယ္အတြက္တတ္နိုင္သေလာက္ေထာက္ပံ့ကူညီေပးသြားမယ့္အေၾကာင္းေရးသားေျပာျပလာတာျဖစ္ပါတယ္။သူမရဲ႕ဘဝမွာအိမ္ကလူေတြမပါဘဲေက်ာင္းကသူငယ္ခ်င္းေတြနဲ႕လြိုင္ေကာ္ၿမိဳ႕သို႔ပထမဆုံး ခရီးထြက္ျဖစ္ဖူးတဲ့အေၾကာင္းေျပာျပထားတာပါ။ခရီးသြားခဲ့စဥ္ကအမွတ္တရျဖစ္စဥ္မ်ားကိုေရးသားေဝမွ်ရင္းလက္ရွိျဖစ္ေပၚေနတဲ့ကယားျပည္နယ္ကအေၾကာင္းေတြၾကားသိရတဲ့အတြက္စိတ္မေကာင္းျဖစ္ေနတာပါ။

သူမကလည္းဘဝမွာအိမ္ကမပါဘဲေက်ာင္းကသူငယ္ခ်င္းေတြနဲ႕ထြက္ဖူးတဲ့ပထမဆုံးခရီးကလြိုင္ေကာ္ၿမိဳ႕ေလးကိုပဲသူငယ္ခ်င္းရဲ႕လြိုင္ေကာ္ကအမ်ိဳးအိမ္ဆီအလည္သြားေတာ့ကေလးေလးပုစိေလးေတြကကိုယ့္နာမည္ေလးေခၚေတာ့ခ်စ္လြန္းလို႔အိမ္ကအဘိုးအဘြားေတြကလည္းသေဘာေကာင္းလို႔ေပ်ာ္ေနခဲ့ရတာအာ့အခ်ိန္တုန္းကေပါ့။ကယားျပည္နယ္၊လြိုင္ေကာ္ၿမိဳ႕မွာယေန႕ညကတည္းကအေျခအေနဆိုး႐ြားစြာ၊လက္နက္ေပါင္းမ်ားစြာနဲ႕ဖိႏွိပ္ခံေနရတယ္ၾကားပါတယ္။ကြၽန္မတို႔တစ္နိုင္ငံလုံးကယားျပည္နယ္ရဲ႕စစ္ေဘးဒုကၡအေပၚ Attention အျပည့္ရွိပါတယ္။ကယားျပည္နယ္နဲ႕အတူရွိပါမယ္။Support နိုင္သမွ်အကုန္ Support ဖို႔အဆင့္သင့္ပါပဲSaveMyanmar savekayah SaveLoikaw ဆိုၿပီးေရးသားထားတာျဖစ္ပါတယ္။အနယ္နယ္အရပ္ရပ္ကျပည္သူမ်ားမွလည္ကယားျပည္နယ္အတြက္လိုအပ္တဲ့ေဆးဝါး၊စားေသာက္ကုန္တို႔ကို လႉဒါန္းၾကဖို႔ျပင္ဆင္ေနၾကတာျဖစ္ပါတယ္။ျပည္သူေတြအားလုံးေဘးအႏၱရာယ္ကင္းရွင္းၿပီးအေရးေတာ္ပုံႀကီးလည္းအျမန္ဆုံးေအာင္ျမင္ပါေစလို႔ဆုေတာင္းေပးလိုက္ရပါတယ္။

Credit