Cele News

ရဲစခန်းတစ်ခုရှိ အချုပ်ခန်းထဲမှာ ရောက်နေတဲ့ အစ်မဖြစ်သူရဲ့လက်ရှိ အခြေအနေတွေကို ပြောပြလာတဲ့ အေသင်ချိုဆွေရဲ့ညီမလေး

ရဲစခန်းတစ်ခုရှိအချုပ်ခန်းထဲမှာရောက်နေတဲ့အစ်မဖြစ်သူရဲ့လက်ရှိအခြေအနေတွေကိုပြောပြလာတဲ့အေသင်ချိုဆွေရဲ့ညီမလေး

အဆိုတော်အေသင်ချိုဆွေတစ်ယောက်မနေ့ည ခုနှစ်နာရီခွဲအချိန်တွင်သူမရဲ့နေအိမ်မှာဘဲဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်နော်။သူမကတော့လူထုလှုပ်ရှားမှုများတွင်လမ်းပေါ်ထွက်ပြီးဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပုဒ်မ၅၀၅(က)ဖြင့်တရားစွဲဆိုခံထားရသူပါနော်။ အေသင်ဖမ်းဆီးခံလိုက်ရတဲ့သတင်းကြားပြီးပရိသတ်များကကျန်ရစ်ခဲ့တဲ့သူမရဲ့သမီးလေးအတွက်စိတ်မကောင်းဖြစ်နေတာပါနော်။

သူ့ရဲ့ညီမမေသင်ချိုဆွေတော့အဖမ်းမခံခဲ့ရပေမယ့်ဖုန်းတွေအားလုံးကိုစစ်ဆေးဖို့အတွက်သိမ်းသွားပြီးစစ်ဆေးပြီးသားဖုန်းတွေကိုဒီညနေမှပြန်ပေးလိုက်တာကြောင့်မနေ့ညကဖြစ်သွားခဲ့တဲ့ အကြောင်းစုံကိုအခုမှရှင်းပြရတာဖြစ်ပါတယ်နော်။အိုင်ဗီလေးကတော့အခုလောလောဆယ်အဘွားဆီမှာရှိနေပြီးကလေးကဝမ်းနည်းနေပေမယ့်အမျိုးတွေမှဂရုတစိုက်နဲ့စောင့်ရှောက်ပေးထားကြောင်းကိုလည်းပြောပြထားပါသေးတယ်နော်။

မနေ့ကအေသင့်ကိုဝင်လာဖမ်းသွားကြပါတယ်ကျွန်မတော့မပါသွားပေမယ့်ဖုန်းတွေတော့သေချာစစ်ဆေးဖို့အကုန်သိမ်းသွားလို့ဖုန်းဆက်လို့မရတာပါအခုပဲစခန်းမှာစစ်ဆေးပြီးသားဖုန်းတွေကိုပြန်ပေးလိုက်ပါတယ်ဖုန်းထဲမှာ Clear ဖြစ်လို့ပြန်ထုတ်ပေးပါတယ်အိုင်ဗီလေးကတော့သူ့အဘွားဆီမှာရှိပါတယ်ကလေးလည်းဝမ်းနည်းနေပေမယ့်ကြီးကြီးတွေအဘွားတွေ အစ်ကိုတွေနဲ့ဂရုစိုက်ပေးထားပါတယ်နော်စိတ်ပူပေးကြတဲ့သူတွေအားလုံးကျေးဇူးပါနော်အေသင်ကတော့အခုစခန်းကအချုပ်ထဲမှာပါရိုက်နှက်တာဘာညာမရှိပါဘူးအမြန်ဆုံးပြန်လွတ်နိုင်ဖို့ကိုတော့ဝိုင်းဆုတောင်းပေးကြပါနော်လို့ရေးထားပါတယ်နော်။

Zawgyi Version




Credit