Cele News

ထွက်ပြေးတိမ်းရှောင်နေရတာမို့ မိသားစုနဲ့ ခွဲခွာနေရတာ ရက်ပေါင်း (၅၀)ပြည့်ပြီလို့ ဝမ်းနည်းစွာ ပြောပြလာတဲ့ စည်သူဝင်း

ထွက်ပြေးတိမ်းရှောင်နေရတာမို့မိသားစုနဲ့ ခွဲခွာနေရတာ ရက်ပေါင်း(၅၀)ပြည့်ပြီလို့ဝမ်းနည်းစွာပြောပြလာတဲ့ စည်သူဝင်း

ရုပ်သံဇာတ်လမ်းတွဲများတွင်ပါဝင်ရိုက်ကူးရာမှတစ်ဆင့် ပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိခဲ့သူကတော့သရုပ်ဆောင်စည်သူဝင်းပဲဖြစ်ပါတယ်။သူကတော့မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောလူထုလှုပ်ရှားမှုတွေမှာပြည်သူများနှင့်အတူပူးပေါင်းပါဝင်ခဲ့တဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။လမ်းပေါ်ထွက်ကာဆန္ဒထုတ်ဖော်ရုံသာမကညဘက်များတွင် မပျက်မကွက်သံဗုံးတီးခဲ့သူဖြစ်ပါတယ်။

အခုလိုတက်ကြွစွာပါဝင်ခဲ့တဲ့စည်သူဝင်းကိုတော့ ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။ဒါ့ကြောင့်ဘေးကင်းလုံခြုံရာနေရာသို့ခေတ္တခဏတိမ်းရှောင်နေရတာဖြစ်ပြီးပရိသတ်တွေကလည်းစည်သူဝင်းအတွက်စိတ်ပူနေကြတာဖြစ်ပါတယ်။တိမ်းရှောင်နေကြရတဲ့အခြားသောအနုပညာရှင်များလည်းသူတို့ချစ်ခင်ရတဲ့မိသားစုဝင်များနဲ့ ခွဲပြီးအဝေးတစ်နေရာတွင်နေကြရတဲ့အတွက်ဝမ်းနည်းနေကြရတာဖြစ်ပါတယ်။

မကြာသေးခင်နာရီပိုင်းလောက်ကလည်းစည်သူဝင်းရဲ့Facebook Story တွင်နွေးထွေးလုံခြုံတဲ့ အမေ့အိမ်ကနေခွဲခွာလာရတာရက်ပေါင်း(၅၀) ပြည့်ပြီဖြစ်ကြောင်းရင်ဖွင့်ပြောပြလာတာဖြစ်ပါတယ်။ပရိသတ်များကလည်းသူတို့အားပေးကြရတဲ့အနုပညာရှင်တွေအခုလိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နေကြတဲ့အတွက်စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။အရေးတော်ပုံကြီးအမြန်ဆုံးအောင်မြင်ပြီးခွဲခွာနေကြရသူများအားလုံး မိသားစုဝင်များနဲ့ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Zawgyi Version

႐ုပ္သံဇာတ္လမ္းတြဲမ်ားတြင္ ပါဝင္ရိုက္ကူးရာမွတစ္ဆင့္ ပရိသတ္ေတြရဲ႕အားေပးမႈေတြကိုရရွိခဲ့သူကေတာ့သ႐ုပ္ေဆာင္စည္သူဝင္းပဲျဖစ္ပါတယ္။သူကေတာ့ျမန္မာနိုင္ငံတြင္လက္ရွိျဖစ္ေပၚေနေသာလူထုလႈပ္ရွားမႈေတြမွာျပည္သူမ်ားႏွင့္အတူပူးေပါင္းပါဝင္ခဲ့တဲ့အႏုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။လမ္းေပၚထြက္ကာဆႏၵထုတ္ေဖာ္႐ုံသာမကညဘက္မ်ားတြင္ မပ်က္မကြက္သံဗုံးတီးခဲ့သူျဖစ္ပါတယ္။

အခုလိုတက္ႂကြစြာပါဝင္ခဲ့တဲ့စည္သူဝင္းကိုေတာ့ ပုဒ္မ၅၀၅(က)ျဖင့္အမႈဖြင့္အေရးယူထားတာ ျဖစ္ပါတယ္။ဒါ့ေၾကာင့္ေဘးကင္းလုံၿခဳံရာေနရာသို႔ေခတၱခဏတိမ္းေရွာင္ေနရတာျဖစ္ၿပီး ပရိသတ္ေတြကလည္းစည္သူဝင္းအတြက္ စိတ္ပူေနၾကတာျဖစ္ပါတယ္။တိမ္းေရွာင္ေနၾကရတဲ့အျခားေသာအႏုပညာရွင္မ်ားလည္းသူတို႔ခ်စ္ခင္ရတဲ့မိသားစုဝင္မ်ားနဲ႕ ခြဲၿပီးအေဝးတစ္ေနရာတြင္ေနၾကရတဲ့အတြက္ဝမ္းနည္းေနၾကရတာျဖစ္ပါတယ္။

မၾကာေသးခင္နာရီပိုင္းေလာက္ကလည္းစည္သူဝင္းရဲ႕Facebook Story တြင္ႏြေးေထြးလုံၿခဳံတဲ့ အေမ့အိမ္ကေနခြဲခြာလာရတာရက္ေပါင္း(၅၀) ျပည့္ၿပီျဖစ္ေၾကာင္းရင္ဖြင့္ေျပာျပလာတာျဖစ္ပါတယ္။ပရိသတ္မ်ားကလည္းသူတို႔အားေပးၾကရတဲ့အႏုပညာရွင္ေတြအခုလိုအျဖစ္ဆိုးေတြနဲ႕ ႀကဳံေတြ႕ေနၾကတဲ့အတြက္စိတ္မေကာင္းျဖစ္ေနၾကတာျဖစ္ပါတယ္။

Credit