Local News

သုဝဏ္ဏက မင်္ဂလာဆောင်ဗုံးပေါက်ကွဲမှုမှာ စိတ်ထားကောင်းပြီး သူတစ်ပါးကိုကူညီတတ်တဲ့ ပရဟိတလူငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်

သုဝဏ္ဏကမင်္ဂလာဆောင်ဗုံးပေါက်ကွဲမှုမှာစိတ်ထားကောင်းပြီးသူတစ်ပါးကိုကူညီတတ်တဲ့ပရဟိတလူငယ်တစ်ဦးအသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်

ပြီးခဲ့တဲ့မေလ(၂၅)ရက်နေ့မှာတော့ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။သင်္ဃန်းကျွန်းမြို့နယ်၊နှင်းဆီကုန်း(က)ရပ်ကွက်၊ဇေယျသုလမ်းကမင်္ဂဆောင်ဗုံးပေါက်ကွဲမှုမှာဆိုရင်သတို့သမီးအပါအဝင်စုစုပေါင်းသုံးဦးခန့်သေဆုံးခဲ့တယ်လို့သိရပါတယ်။ကွယ်လွန်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ကိုဇော်ဝင်းအောင်ကတော့လူငယ်အင်အားကမ်းလက်စေတနာပရဟိတအသင်းမှာတွဲဖက်အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

ကိုဇော်ဝင်းအောင်ကအသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့လူငယ်တစ်ယောက်ဖြစ်ပြီးအစ်ကိုဝမ်းကွဲဖြစ်သူရဲ့မင်္ဂလာဆောင်မှာသွားရောက်ကူညီရင်းနဲ့အခုလိုသေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။စိတ်ထားကောင်းပြီးသူတစ်ပါးကိုအမြဲတမ်းကူညီတတ်တဲ့ကိုဇော်ဝင်းအောင်ကတကယ့်ကို လူချစ်လူခင်ပေါများတဲ့သူလည်းဖြစ်ပါတယ်။အခုလည်းသူနဲ့ခင်မင်ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေကကိုဇော်ဝင်းအောင်လိုပရဟိတသမားကောင်းတစ်ယောက်ဆုံးရှုံးလိုက်ရလို့ဝမ်းနည်းနေကြတာလည်းဖြစ်ပါတယ်။

ပြည်သူတွေကလည်းကိုဇော်ဝင်းအောင်ရဲ့အကြောင်းကိုကြားပြီးစိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။ဒါ့အပြင်အခုလက်ရှိလူမှုကွန်ယက်စာမျက်နှာမှာဆိုရင်လည်းကိုဇော်ဝင်းအောင်ရဲ့ပုံရိပ်တွေနဲ့အတူသူ့အတွက်ဝမ်းနည်းကြောင်းရေးသားထားတဲ့စာတွေပျံ့နှံ့လာတာ တွေ့ရပါတယ်။မင်္ဂလာဆောင်လက်ဖွဲ့ကနေဗုံးပေါက်ကွဲခဲ့တဲ့ဒီဖြစ်စဥ်မှာတော့သတို့သမီးအပါအဝင်သုံးဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူ(၈)ဦးခန့်ရှိခဲ့တယ်လို့သိရပါတယ်။

Credit