Cele News
ကလေး(၄)ယောက်နဲ့ လုပ်ကိုင်စားသောက်နေရတဲ့ မိသားစုလေးအတွက် ကိုယ်တိုင်အိမ်ဆောက်လှူပေးခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း
ကလေး(၄)ယောက်နဲ့လုပ်ကိုင်စားသောက်နေရတဲ့ မိသားစုလေးအတွက်ကိုယ်တိုင်အိမ်ဆောက်လှူပေးခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း
မင်းသားဝေဠုကျော်ကိုယ်တိုင်ဦးစီးတည်ထောင်ထားတဲ့ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ပရဟိတအလုပ်တွေကိုအင်တိုက်အားတိုက်လုပ်ဆောင်ကာလှူဒါန်းမှုတွေကိုလည်းဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာအကြောင်းအမျိုးမျိုးကြောင့်စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေအတွက်စားသောက်ကုန်တွေအပြင်လိုအပ်တာတွေဖေးမကူညီနေတာလည်းတွေ့ရပါတယ်။
အခုဆိုရင်လည်းဝေဠုကျော်ကရန်ကင်းဂျိုးဖြူပိုက်လုံးကျူးရပ်ကွက်ထဲကမိသားစုလေးအတွက်အိမ်လေးတစ်အိမ်ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကိုလည်းဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ Facebook pageကနေ23-5-2021အိမ်စဆောက်နေပါပြီဝေဠုကျော်ဖောင်ဒေးရှင်းမှရန်ကင်းဂျိုးဖြူပိုက်လုံးကျူးရပ်ကွက်ထဲကလင်ယောက်ကျားပစ်သွားလို့ကလေး၄ယောက်နဲ့အဝတ်လျှော်မီးပူတိုက်လုပ်ကိုင်စားသောက်နေရတယ့်မိသားစုလေးအတွက်အိမ်ပြန်ဆောက်ပေးနေပါပြီ။
ဒီအိမ်လေးကိုကောင်းမွန်တဲ့အိမ်လေးအဖြစ် ဆောက်လုပ်ပေးနိူင်အောင်လှူဒါန်းပေးကြသောအမေရိကန်မှမတည်အလှူရှင်မိသားစုနှင့်၇ရက်သားသမီးအလှူရှင်များအားလုံးအားကျေးဇူးအထူးတင်ရှိပါတယ်။အမှိုက်ပုံပေါ်မှာဆောက်လုပ်ထားတယ့်အိမ်​ဖြစ်နေလို့အမှိုက်တွေရှင်းလင်းပေးကြရင်းဝိုင်းဝန်းဆောက်လုပ်လုပ်အားပေးကြတယ့်ဖောင်ဒေးရှင်းအဖွဲ့သားတွေကိုလဲကျေးဇူးတင်ရပါတယ်။မကြာခင်ဒီမိသားစု​လေးကတော့အလှူရှင်များရဲ့စေတနာတွေကြောင့်အိမ်သစ်လေးမှာလုံခြုံနွေးထွေးစွာနေထိုင်နိူင်တော့မှာပါဆိုပြီးရေးသားဖော်ပြလာခဲ့ပါတယ်။
ZawGyi Version
ဒီအကြောင်းအရာလေးကိုလည်း ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ Facebook pageကနေ 23-5-21 အိမ်စဆောက်နေပါပြီ ဝေဠုကျော်ဖောင်ဒေးရှင်းမှရန်ကင်းဂျိုးဖြူပိုက်လုံးကျူးရပ်ကွက်ထဲကလင်ယောက်ကျားပစ်သွားလို့ကလေး၎ယောက်နဲ့အဝတ်လျှော် မီးပူတိုက်လုပ်ကိုင်စားသောက်နေရတယ့် မိသားစုလေးအတွက်အိမ်ပြန်ဆောက်ပေးနေပါပြီ။
Credit